သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားခံေျပးေၾကညာခံရသူ ဦးစိုးထြန္းရွိန္ကို ထိုင္းဘက္က လႊဲေျပာင္းေပး


မိုးထိမိုးမိ ေရႊတူးေဖၚေရးလုပ္ငန္းေနရာ NPGPG Gold Mine ( ဓါတ္ပံု- NPGPG Gold Mine's Facebook)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံကို ထြက္ေျပးေနတဲ့ တရားခံေျပး ေၾကညာခံထားရသူ အမ်ိဳးသား ႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ထိုင္းအာဏာပိုင္ေတြက ဒီကေန႔ ဖမ္းဆီးရမိလိုက္ပါၿပီ။

သူ႔ကို ထိုင္းႏိုင္ငံ၊ မဲဆိုင္ၿမိဳ႕၊ တာခ်ီလိတ္ ခ်စ္ၾကည္ေရး တံတားကေနတာခ်ီလိတ္ကို ဖမ္းဆီးေခၚေဆာင္လာၿပီး မႏၲေလးကို ေလယာဥ္နဲ႔ ေန႔တြင္းခ်င္း ပို႔ေဆာင္လိုက္ၿပီလို႔ ဆိုပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္း ၿမိဳ႕မရဲစခန္းက (ပ) ၆၁/၂၀၁၈၊ ျမန္မာ့သတၱဳတြင္း ဥပေဒပုဒ္မ ၃၀(က)/က်င့္ ၅၁၂ အမႈေတြနဲ႔ တရားစြဲခံရၿပီးေနာက္ ဦးစိုးထြန္းရွိန္က ထြက္ေျပးတိမ္းေရွာင္ေနတာပါ။ တရားခံေျပးအျဖစ္ ေၾကညာ ခံထားရသူ အမ်ိဳးသားႀကီးပြား တိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ႏိုဝင္ဘာလ ၆ရက္ေန႔က ထိုင္းႏိုင္ငံ အာဏာပိုင္ေတြက ဖမ္းဆီးမိခဲ့ၿပီးတဲ့ေနာက္ မဲဆိုင္ၿမိဳ႕ကေန တာခ်ီလိတ္ဘက္က အာဏာပိုင္ေတြထံ လြဲေျပာင္းေပးလာတာျဖစ္ေၾကာင္း တာခ်ီလိတ္ ခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ုံး တာဝန္ရွိသူတဦးက အခုလိုေျပာျပပါတယ္။

“သူကို႔ေတာ့ လြဲေျပာင္းတာ က်ေနာ္တို႔လက္ခံၿပီးပါၿပီ။ က်န္တာေတာ့ က်ေနာ္တို႔ ဘာမွ မသိရေသးပါဘူး “

ဦးစိုးထြန္းရွိန္ကို တာခ်ီလိတ္ကေနတဆင့္ မႏၲေလးကို ေခၚေဆာင္လာၿပီျဖစ္ေၾကာင္း မႏၲေလးၿမိဳ ႔က ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူ ကိုသိန္းေအာင္ျမင့္က အခုလိုေျပာျပပါတယ္။
“ဦးစိုးထြန္းရွိန္ကိုေတာ့ ဖမ္းလာတာ ညေနကေပါ့။မႏၲေလးေလဆိပ္ကို ၄နာရီ ၂၀ေလာက္မွာ ၀င္လာတယ္လို႔ သိရတယ္။ သူကို ေတာ့ တျခားခရီးသည္ေတြေခၚထုတ္တဲ့ေနရာကေနမဟုတ္ပဲ VIP ႏိုင္ငံေတာ္လူႀကီးေတြ သြားတဲ့လမ္းေၾကာင္းကေန ေခၚထုတ္သြားတယ္လို႔ပဲ သိရပါတယ္။”

၂၀၁၉ ခုႏွစ္ မတ္လအတြင္းက တရားခံေျပးအျဖစ္ ေၾကညာခံထားရတဲ့ ဦးစိုးထြန္းရွိန္ကိုထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က သုဝဏၰဘူမိေလဆိပ္မွာ ေတြ႕ရွိခဲ့ေၾကာင္း Myanmar Now သတင္းဌာနက ေဖာ္ျပခဲ့ၿပီး အမ်ားျပည္သူေတြရဲ႕ေဝဖန္မူေတြ ထြက္ေပၚခဲ့တာပါ။ ဒီေနာက္မွာေတာ့ ျမန္မာ ရဲတပ္ဖြဲ႕ ထိပ္ပိုင္း အရာရွိေတြဟာ သူ႔ကိုဖမ္းဖို႔ အတြက္ ထိုင္းႏိုင္ငံကို သြားေရာက္မယ္လို႔ သမၼတ႐ုံးက ေျပာဆိုခဲ့ပါတယ္။ အခုအခါမွာေတာ့ သူ႔ကို ဖမ္းဆီးခဲ့ၿပီး ေနာက္ထပ္ ဘာဆက္လုပ္မယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီ အေနနဲ႔မႏၲေလးတိုင္း၊ ရမည္းသင္းၿမိဳ႕နယ္မွာရွိတဲ့ မိုးထိ မိုးမိေဒသက ဧက (၆၀၀၀) ေက်ာ္မွာ ေ႐ႊလုပ္ကြက္ေတြ လုပ္ခဲ့ေပမဲ့ႏိုင္ငံေတာ္ကိုေပးသြင္းရမဲ့ေ႐ြေတြ ေပးေဆာင္တာ မရွိတာေၾကာင့္ သူနဲ႔အတူ ၅ဦးဟာ တရာခံေျပးေတြအျဖစ္ အမူဖြင့္ခံထားရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

တရားခံပြေးကြေညာခံရသူ ဦးစိုးထွန်းရှိန်ကို ထိုင်းဘက်က လွှဲပြောင်းပေး

(Unicode)

ထိုင်းနိုင်ငံကို ထွက်ပြေးနေတဲ့ တရားခံပြေး ကြေညာခံထားရသူ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးရမိလိုက်ပါပြီ။ သူ့ကို ထိုင်းနိုင်ငံ၊ မဲဆိုင်မြို့၊ တာချီလိတ် ချစ်ကြည်ရေး တံတားကနေတာချီလိတ်ကို ဖမ်းဆီးခေါ်ဆောင်လာပြီး မန္တလေးကို လေယာဉ်နဲ့ နေ့တွင်းချင်း ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့မရဲစခန်းက (ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုတွေနဲ့ တရားစွဲခံရပြီးနောက် ဦးစိုးထွန်းရှိန်က ထွက်ပြေးတိမ်းရှောင်နေတာပါ။ တရားခံပြေးအဖြစ် ကြေညာ ခံထားရသူ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို နိုဝင်ဘာလ ၆ရက်နေ့က ထိုင်းနိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပြီးတဲ့နောက် မဲဆိုင်မြို့ကနေ တာချီလိတ်ဘက်က အာဏာပိုင်တွေထံ လွဲပြောင်းပေးလာတာဖြစ်ကြောင်း တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက အခုလိုပြောပြပါတယ်။

“သူကို့တော့ လွဲပြောင်းတာ ကျနော်တို့လက်ခံပြီးပါပြီ။ ကျန်တာတော့ ကျနော်တို့ ဘာမှ မသိရသေးပါဘူး “

ဦးစိုးထွန်းရှိန်ကို တာချီလိတ်ကနေတဆင့် မန္တလေးကို ခေါ်ဆောင်လာပြီဖြစ်ကြောင်း မန္တလေးမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က အခုလိုပြောပြပါတယ်။
“ဦးစိုးထွန်းရှိန်ကိုတော့ ဖမ်းလာတာ ညနေကပေါ့။မန္တလေးလေဆိပ်ကို ၄နာရီ ၂၀လောက်မှာ ဝင်လာတယ်လို့ သိရတယ်။ သူကို တော့ တခြားခရီးသည်တွေခေါ်ထုတ်တဲ့နေရာကနေမဟုတ်ပဲ VIP နိုင်ငံတော်လူကြီးတွေ သွားတဲ့လမ်းကြောင်းကနေ ခေါ်ထုတ်သွားတယ်လို့ပဲ သိရပါတယ်။”

၂၀၁၉ ခုနှစ် မတ်လအတွင်းက တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ ဦးစိုးထွန်းရှိန်ကိုထိုင်းနိုင်ငံ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်မှာ တွေ့ရှိခဲ့ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြခဲ့ပြီး အများပြည်သူတွေရဲ့ဝေဖန်မူတွေ ထွက်ပေါ်ခဲ့တာပါ။ ဒီနောက်မှာတော့ မြန်မာ ရဲတပ်ဖွဲ့ ထိပ်ပိုင်း အရာရှိတွေဟာ သူ့ကိုဖမ်းဖို့ အတွက် ထိုင်းနိုင်ငံကို သွားရောက်မယ်လို့ သမ္မတရုံးက ပြောဆိုခဲ့ပါတယ်။ အခုအခါမှာတော့ သူ့ကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ အနေနဲ့မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိ မိုးမိဒေသက ဧက (၆၀၀၀) ကျော်မှာ ရွှေလုပ်ကွက်တွေ လုပ်ခဲ့ပေမဲ့နိုင်ငံတော်ကိုပေးသွင်းရမဲ့ရွေတွေ ပေးဆောင်တာ မရှိတာကြောင့် သူနဲ့အတူ ၅ဦးဟာ တရာခံပြေးတွေအဖြစ် အမူဖွင့်ခံထားရတာဖြစ်ပါတယ်။

XS
SM
MD
LG