သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၃၃ ဦး


ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံရသူ တဦးအား တောင်ကိုရီးယားနိုင်ငံ Chuncheon မြို့ရှိ ဆေးရုံ တခုသို့ သယ်ဆောင်နေကြသော ဆေးဝန်ထမ်းများ (ဖေဖော်ဝါရီ၊ ၂၂၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ခံရသူ တဦးအား တောင်ကိုရီးယားနိုင်ငံ Chuncheon မြို့ရှိ ဆေးရုံ တခုသို့ သယ်ဆောင်နေကြသော ဆေးဝန်ထမ်းများ (ဖေဖော်ဝါရီ၊ ၂၂၊ ၂၀၂၀)

(Zawgyi/Unicode)

တောင်ကိုရီးယားနိုင်ငံမှာ အခု တနင်္လာနေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၃၁ ဦးတိုးလာတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈၃၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူ နောက်ထပ် နှစ်ယောက်ရှိတယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုတာကြောင့် ဗိုင်းရပ်ကြောင့် သေဆုံးတဲ့ အရေအတွက်ဟာလည်း ၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

နောက်ထပ် ကူးစက်ခံရသူ အရည်အတွက် အခု တနင်္လာနေ့မကြေညာခင်မှာပဲ ကိုရိုနာဗိုင်းရပ်စ် သတိပေးချက်ကို တောင်ကိုရီးယားနိုင်ငံက အမြင့်ဆုံးအဆင့် သတ်မှတ်ပေးထားပြီ ဖြစ်ပါတယ်။

ရောဂါ ထိန်းချုပ်ရေးအတွက် ဖြစ်နိုင်သမျှ လုပ်နိုင်သမျှ မတွန့်မဆုတ် လုပ်ဆောင်သွားကြဖို့ကိုလည်း တောင်ကိုရီယားသမ္မတ Moon Jae-In က တိုက်တွန်းခဲ့ပါတယ်။ အခုလက်ရှိ သတိပေးချက်အဆင့်အရဆိုရင်တော့ တောင်ကိုရီးယား အာဏာပိုင်တွေအနေနဲ့ ကျောင်းတွေပိတ်ဖို့ အများပြည်သူ သွားလာမှုတွေကို ကန့်သတ်ဖို့ လုပ်နိုင်ပါတယ်။

အခုနှစ် ကျောင်းစဖွင့်ကိုလည်း တပတ်အထိ နောက်ဆုတ်ထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အခုတနင်္လာနေ့မှာ နောက်ထပ် ရောဂါပိုးကူးစက်ခံရသူ ၄၀၉ ရှိတယ်လို့ ကြေညာတာကြောင့် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၇၇,၀၀၀ ရှိသွားပါပြီ။ အခု နောက်ထပ် ကူးစက်ခံရတဲ့အများစုကတော့ ရောဂါပိုးအဓိက ပျံနှံမှုဖြစ်တဲ့ Hubei ပြည်နယ်ထဲမှာပဲ ဖြစ်ပါတယ်။

ရောဂါပိုးကြောင့် တရုတ်နိုင်ငံမှာ နောက်ထပ် သေဆုံးသူ ၁၅၀ တိုးလာတာကြောင့် သေဆုံးတဲ့ အရည်အတွက်ဟာဆိုရင်လည်း စုစုပေါင်း ၂,၅၉၂ ဦး ရှိသွားပါပြီ။ တရုတ်ပြင်ပမှာတော့ ရောဂါပိုးကူးစက်ခံရထားသူ ၂,၀၀၀ ကျော်ရှိနေပြီး သေဆုံးအရည်အတွက်ဟာလည်း ၂၀ ကျော်နေပါပြီ။ အီရန်မှာတော့ ဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၂ ဦး ရှိသွားပြီလို့ အစိုးရပိုင်ရုပ်သံက ကြေညာပါတယ်။

ကူဝိတ်နိုင်ငံမှာ ရောဂါပိုးကူးစက်ခံထားရသူ သုံးဦး တွေ့ထားရတာကြောင့်၊ သတိပေးချက်တွေ ထုတ်ပြန်နေရာမှာ မြန်မာသံရုံးကလည်း ကူဝိတ်မှာရှိတဲ့ မြန်မာလူမျိုးတွေကို ကျန်းမာရေးသတိနဲ့နေကြဖို့ တိုက်တွန်းနေပါတယ်။

ဘာရိန်းမှာလည်း ရောဂါပိုးကူးစက်ခံရသူ တဦး တွေ့ထားရပါပြီ။ အီတလီနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီမို့လို့ ရောဂါထိန်းချုပ်ရေး အစီအမံတွေကို ဆောင်ရွက်နေရပါတယ်။ Carnival ပွဲတော်အားလုံးကို ဖျက်ထားသလို၊ ဘောလုံးပွဲစဉ်ကြီးတွေနဲ့ အခြားဖျော်ဖြေပွဲတွေကိုလည်း ဖျက်ထားရပါတယ်။

Miland အနားက အီတလီမြောက်ပိုင်းမြို့တွေက လူပေါင်း ၅၀,၀၀၀ ကျော်ကို နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားပြီး၊ ကျောင်းတွေ ဈေးတွေကိုလည်း ပိတ်ထားပါတယ်။ အီတလီနိုင်ငံမှာတော့ ရောဂါပိုး ကူးစက်ခံရတဲ့အရည်အတွက်ဟာ ၁၅၀ အထိ ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG