သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်း ဆီဆိုင်မြို့ PNLA ထိန်းချုပ်နေရာယူ


လွိုင်ကော်က ထွက်ပြေးလာသူတွေခိုလှုံရာ ဆီဆိုင်မြို့ စစ်ရှောင်စခန်းအတွက် တောင်ကြီးမြို့မှ လာရောက်အကူညီပေးနေသူများ။ (ဓာတ်ပုံ-ခွန်ကျော်ဆွေ Facebook) ဖေဖေါ်ဝါရီ ၈၊ ၂၀၂၂။
လွိုင်ကော်က ထွက်ပြေးလာသူတွေခိုလှုံရာ ဆီဆိုင်မြို့ စစ်ရှောင်စခန်းအတွက် တောင်ကြီးမြို့မှ လာရောက်အကူညီပေးနေသူများ။ (ဓာတ်ပုံ-ခွန်ကျော်ဆွေ Facebook) ဖေဖေါ်ဝါရီ ၈၊ ၂၀၂၂။

ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ကို PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဝင်သိမ်းနေရာယူလိုက်တယ် လို့ နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဆီဆိုင်မြို့နယ် ရဲစခန်းကို ဇန်နဝါရီ ၂၄ ရက် (ဗုဒ္ဓဟူးနေ့ ) ညနေ ၆ နာရီခွဲလောက်မှာ PNLA ပအိုဝ်းတပ် ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ နေရာဝင်ယူလိုက်တာလို့ နီးစပ်သူက ပြောပါတယ်။

PNLA က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာ နာယကလုပ်တဲ့ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။ PNLO/PNLA ပအိုဝ်းတပ်ဟာ လုံခြုံရေး အားနည်းလာတဲ့ ကရင်နီ (ကယား)နယ်စပ် ရှမ်းပြည်နယ်တောင်းပိုင်က ဒီ ဆီဆိုင်မြို့မှာ အများပြည်သူ လုံခြုံရေးနဲ့ လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် အခုလို စစ်ရေးဝင်ရောက် လှုပ်ရှားခဲ့တာလို့ ဗုဒ္ဓဟူးနေ့ကပဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အခုလို ပအိုဝ်းပူးပေါင်းတပ်တွေ မြို့ထဲဝင်မသိမ်းပိုက်ခင် နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီလေတပ်က မြို့နားတဝိုက် လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲခဲ့ပြီးနောက် ညနေပိုင်းမှာလည်း အနားက နောင်ထော်ရွာမှာ ဗုံးထပ်ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအပေါ် စစ်ကောင်စီ ပြောခွင့်ရကို ကြိုးစား မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်တွေထဲမှာ အခု ရက်ပိုင်းတွေထဲ PNLA တပ်တွေနဲ့ စစ်ကောင်စီနဲ့ မဟာမိတ် လုပ်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တခုဖြစ်တဲ့ ဦးအောင်ခမ်းထီဦးဆောင်တဲ့ PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တပ်ကြား တိုက်ပွဲဖြစ်နေခဲ့တာပါ။ အခုတော့ ဒီ PNA ပအိုဝ်းတပ်ဆုတ်သွားပြီး စစ်ကောင်စီတပ်တွေလည်း တပ်ရင်းတွေထဲမှာပဲ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဟိုပုန်းမြို့ စံဖူးရွာမှာ PNLO က လက်နက်တင်လာတဲ့ကားတွေကို PNA ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်က စစ်ဆေးရာမှာ ညှိမရဘဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလို လေကြောင်းဗုံးကြဲတာနဲ့ မြို့ထဲဝင်သိမ်းတာတွေဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောနေပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်လာတာကြောင့် ဟိုပုန်းနဲ့ ဆီဆိုင်မြို့နယ်ကလူတချို့ ထွက်ပြေးခဲ့ကြပြီး စစ်တပ်ဘက်ကလည်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ကာ ဆိုင်တွေ ပိတ်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG