သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူးမြို့မှာ နွားနို့ပို့တဲ့ဂေါ်ရခါးလင်မယား ပစ်သတ်ခံရ


တမူးမှာ ပစ်သတ်ခံခဲ့ရတဲ့ ဂေါ်ရခါးလင်မယား။ (ဓါတ်ပုံ - တမူးမြို့ခံတဦး)
တမူးမှာ ပစ်သတ်ခံခဲ့ရတဲ့ ဂေါ်ရခါးလင်မယား။ (ဓါတ်ပုံ - တမူးမြို့ခံတဦး)

[Zawgyi/Unicode]

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဒီကနေ့မှာလည်း ဒေသခံတွေကို လုံခြုံရေးတပ်ဖွဲ့တွေကနေ ဖမ်းဆီးမှုအပြင် သတ်ဖြတ်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တမူးမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ ဒေသခံတွေကို ဧပြီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးမှုနဲ့ သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တမူးမြို့ ပါဟဲတံတားအနီးမှာ အင်္ဂါနေ့မနက် နွားနို့ပို့တဲ့ဂေါ်ရခါးလင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတဦးက အတည်ပြုပါတယ်။

“ဂေါ်ရခါးနှစ်ယောက်လေ။ ဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာဖြစ်သွားတာ။ နွားနို့ရောင်းပြီးနန့်ဖာလုံကအပြန်မှာ ပါဟဲချောင်းတံတား ရှိတယ်။ အဲဒီတံတားပေါ်မှာပစ်သတ်လိုက်တာ။

နွားနို့ရောင်းပြီးအပြန်ဂေါ်ရခါးလင်မယား ၂ ဦးကို အကြောင်းပြချက်မရှိဘဲ ပစ်သတ်တာလို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဒီမနက်ဈေးဝယ်နေတဲ့ ဒေသခံလူငယ်နှစ်ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“အေးချမ်း၂၆ နှစ်။ အောင်ဆန်း ၁၇ နှစ်အရွယ်လောက်ပေါ့။ အဲဒါက ကျနော်တို့ နန့်ဖာလုံမြို့မ ၁၃ ရပ်ကွက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီမနက်ကတည်းက တမူးမြို့တွင်းရပ်ကွက်တွေမှာ လိုက်လံပစ်ခတ်နေပြီး ဒေသခံရာနဲ့ချီ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့ဘက်ကိုတိမ်းရှောင်နေရပါတယ်။"

မနေ့ကနေ ဒီကနေ့အထိ မိုးရေးနယ်စပ်ကိုလူဦးရေ ၄၀၀ အထိ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့တုန်းက တမူးမြို့ကို လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို မြို့ခံတွေက ခုခံတိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က တမူးမြို့ထဲ ပစ်ခတ်မှုနဲ့ဖမ်းဆီးစစ်ဆေးမှုတွေ ပိုများလာတယ်လို့ တမူးဒေသခံတွေကပြောပါတယ်။

[Unicode Version]











XS
SM
MD
LG