သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္သူ ျမန္မာ ၁၂၀ ေက်ာ္ ဖမ္းဆီးခံရ


ခ်င္းမုိင္မွာဖမ္းမိတဲ့ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ေမ ၂၂၊ ၂၀၂၁။ ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံေျမာက္ပိုင္းမွာ လူကုန္ကူးသူေတြနဲ႔ အစုလိုက္ အၿပံဳလိုက္ ခုိးဝင္လာၾကတဲ့ ျမန္မာႏုိင္ငံသား ၁၂၀ ေက်ာ္ကုိ ေမလ ၂၂ ရက္ေန႔ တေန႔တည္းမွာပဲ ဖမ္းမိခဲ့ပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံေျမာက္ပုိင္း ခ်င္း႐ုိင္နဲ႔ ခ်င္းမုိင္ျပည္နယ္ထဲမွာ ေမလ ၂၂ ရက္ေန႔က လူေမွာင္ခိုသမားေတြနဲ႔အတူ ျမန္မာႏုိင္ငံသား ၁၂၀ ေက်ာ္ကို ဖမ္းမိခဲ့တာပါ။

ခ်င္း႐ုိင္ျပည္နယ္ မယ္က်န္ၿမိဳ႕နယ္မွာ လူေမွာင္ခိုဂိုဏ္းဝင္ ၂ ဦးနဲ႔ ျမန္မာ ၄၀ လိုက္ပါလာတဲ့ ဗင္ကားႏွစ္စီးကို ရဲတပ္ဖြဲ႔က လမ္းမေတြပိတ္ဆို႔ ဖမ္းဆီးလိုက္ေၾကာင္း မယ္က်န္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္ၿမိဳ႕ကေန ဝင္ေရာက္လာတဲ့ ဗင္ကားႏွစ္စီးဟာ မယ္က်န္ၿမိဳ႕မွာ တေထာက္နားေနစဥ္ မယ္က်န္ရဲတပ္ဖြဲ႔ဝင္ေတြက လိုက္လံရွာေဖြ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

ႀကိဳတင္သတင္းရထားတဲ့အတြက္ ဗင္ကားႏွစ္စီးရဲ႕ေနာက္ကို ရဲတပ္ဖြဲ႔က လမ္းမေတြကို ပိတ္ဆို႔စစ္ေဆး ရွာေဖြဖမ္းဆီးလိုက္ႏုိင္တာ ျဖစ္တယ္လို႔ မယ္က်န္ရဲမွဴး Anuchat Wongpanya က အခုလိုေျပာသြားပါတယ္။

“တရားမဝင္ ျမန္မာႏုိင္ငံသားေတြကုိ လူကုန္ကူးတဲ့ဂိုဏ္းက သယ္ေဆာင္လာတာပါ။ ကားတစီးကို လူ ၂၀ စီတင္ၿပီး ခ်င္းမိုင္ျပည္နယ္ကို ပို႔ေဆာင္ဖို႔ လုပ္ေဆာင္ေနခ်ိန္ ၾကားျဖတ္ဖမ္းဆီးႏုိင္ခဲ့တာပါ။ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားေတြကိုေတာ့ အမွတ္ ၃၂၇ ရဲတပ္ရင္းက COVID-19 ေစာင့္ၾကည့္စင္တာကို ပို႔ေဆာင္ၿပီး ၁၄ ရက္ ေစာင့္ၾကည့္ၿပီး ျမန္မာႏုိင္ငံဘက္ ျပန္ပို႔မွာျဖစ္ေၾကာင္း” ထုိင္းဘာသာနဲ႔ ေျပာသြားပါတယ္။

ထိုင္းႏုိင္ငံသား ကားေမာင္းသူ လူကုန္ကူးတဲ့ ပြဲစား ၂ ဦးကိုေတာ့ ဆက္လက္စစ္ေဆးေနၿပီး အဓိကတရားခံေတြကို ဖမ္းဆီးအေရးယူသြားမွာ ျဖစ္ေၾကာင္းကိုလည္း မယ္က်န္ရဲတပ္ဖြဲ႔က သတင္းစာရွင္းလင္းပြဲ လုပ္ၿပီး ေျပာသြားပါတယ္။

တေန႔တည္းမွာပဲ ထိုင္းႏုိင္ငံေျမာက္ပိုင္း ခ်င္းမုိင္ျပည္နယ္အတြင္းမွာ အမွတ္ ၃၆ နယ္ျခားေစာင့္ရဲတပ္ရင္းက လူေမွာင္ခိုဂိုဏ္းဝင္ ပြဲစား ၆ ဦးနဲ႔ ခိုးဝင္လာတဲ့ ျမန္မာႏုိင္ငံသား ၈၁ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ ထုိင္းအာဏာပုိင္ေတြက ဆုိပါတယ္။

ဒီရက္ပိုင္းအတြင္း တရားမဝင္ ခုိးဝင္လာတဲ့ ျမန္မာႏုိင္ငံသားေတြ ဆက္တိုက္ဖမ္းမိေနတဲ့အတြက္ ထုိင္းအစိုးရက လံုၿခံဳေရးကို ပိုၿပီး တုိးခ်ထားသလို လူေမွာင္ခုိမႈေတြမွာ ပါဝင္ပတ္သက္ေနတဲ့ ရဲဝန္ထမ္း ၂၉ ဦးထက္မနည္းကိုလည္း စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ဖဲြ႔ စစ္ေဆးေနပါတယ္။

ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးမတည္ၿငိမ္မႈ၊ စီးပြားေရးမတည္ၿငိမ္မႈ၊ အလုပ္အကုိင္ ရွားပါးမႈေတြေၾကာင့္ ဒီလပုိင္းေတြမွာ ျမန္မာေတြ အစုလိုက္အၿပဳံလိုက္ ထုိင္းႏုိင္ငံထဲကို ဝင္ေရာက္လာေနသလို လူကုန္ကူးမႈေတြလည္း ခပ္စိတ္စိတ္ ျဖစ္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာ ၁၂၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လူကုန်ကူးသူတွေနဲ့ အစုလိုက် အပြုံလိုက် ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို မေလ ၂၂ ရက်နေ့ တနေ့တည်းမှာပဲ ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်နဲ့ ချင်းမိုင်ပြည်နယ်ထဲမှာ မေလ ၂၂ ရက်နေ့က လူမှောင်ခိုသမားတွေနဲ့အတူ မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို ဖမ်းမိခဲ့တာပါ။

ချင်းရိုင်ပြည်နယ် မယ်ကျန်မြို့နယ်မှာ လူမှောင်ခိုဂိုဏ်းဝင် ၂ ဦးနဲ့ မြန်မာ ၄၀ လိုက်ပါလာတဲ့ ဗင်ကားနှစ်စီးကို ရဲတပ်ဖွဲ့က လမ်းမတွေပိတ်ဆို့ ဖမ်းဆီးလိုက်ကြောင်း မယ်ကျန်မြို့နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ကနေ ဝင်ရောက်လာတဲ့ ဗင်ကားနှစ်စီးဟာ မယ်ကျန်မြို့မှာ တထောက်နားနေစဉ် မယ်ကျန်ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ကြိုတင်သတင်းရထားတဲ့အတွက် ဗင်ကားနှစ်စီးရဲ့နောက်ကို ရဲတပ်ဖွဲ့က လမ်းမတွေကို ပိတ်ဆို့စစ်ဆေး ရှာဖွေဖမ်းဆီးလိုက်နိုင်တာ ဖြစ်တယ်လို့ မယ်ကျန်ရဲမှူး Anuchat Wongpanya က အခုလိုပြောသွားပါတယ်။

“တရားမဝင် မြန်မာနိုင်ငံသားတွေကို လူကုန်ကူးတဲ့ဂိုဏ်းက သယ်ဆောင်လာတာပါ။ ကားတစီးကို လူ ၂၀ စီတင်ပြီး ချင်းမိုင်ပြည်နယ်ကို ပို့ဆောင်ဖို့ လုပ်ဆောင်နေချိန် ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ အမှတ် ၃၂၇ ရဲတပ်ရင်းက COVID-19 စောင့်ကြည့်စင်တာကို ပို့ဆောင်ပြီး ၁၄ ရက် စောင့်ကြည့်ပြီး မြန်မာနိုင်ငံဘက် ပြန်ပို့မှာဖြစ်ကြောင်း” ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံသား ကားမောင်းသူ လူကုန်ကူးတဲ့ ပွဲစား ၂ ဦးကိုတော့ ဆက်လက်စစ်ဆေးနေပြီး အဓိကတရားခံတွေကို ဖမ်းဆီးအရေးယူသွားမှာ ဖြစ်ကြောင်းကိုလည်း မယ်ကျန်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောသွားပါတယ်။

တနေ့တည်းမှာပဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်အတွင်းမှာ အမှတ် ၃၆ နယ်ခြားစောင့်ရဲတပ်ရင်းက လူမှောင်ခိုဂိုဏ်းဝင် ပွဲစား ၆ ဦးနဲ့ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၈၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းမိနေတဲ့အတွက် ထိုင်းအစိုးရက လုံခြုံရေးကို ပိုပြီး တိုးချထားသလို လူမှောင်ခိုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ရဲဝန်ထမ်း ၂၉ ဦးထက်မနည်းကိုလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးမတည်ငြိမ်မှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ဒီလပိုင်းတွေမှာ မြန်မာတွေ အစုလိုက်အပြုံလိုက် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာနေသလို လူကုန်ကူးမှုတွေလည်း ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG