သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် ကုလရုံးရှေ့ မြန်မာ့အရေးဆန္ဒပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန္ဒပြကြတဲ့ ထိုင်းရောက် မြန်မာများ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန္ဒပြကြတဲ့ ထိုင်းရောက် မြန်မာများ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန္ဒပြကြတဲ့ ထိုင်းရောက် မြန်မာများ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန္ဒပြကြတဲ့ ထိုင်းရောက် မြန်မာများ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေ ထောင်ချီပြီး ၂၂၂၂၂ အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို၂၂ ရက်မြောက်နေ့အထိ ဆက်လက်ကန့်ကွက်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ ထိုင်းရောက်မြန်မာတွေ စုဝေးပြီး ဒီကနေ့မှာ ဆန္ဒပြနေကြပါတယ် ဆန္ဒပြပွဲကို အဖွဲ့စုံက လာရောက်ခဲ့ပြီး Myanmar Community in Thailand အဖွဲ့ကလည်း ဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့ကြောင်း ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုစိုင်းက အခုလိုပြောပြပါတယ်။

"UN ရှေ့မှာတော့ လူအင်အား ထောင်ချီပြီး စုဝေးနေပါတယ်။ ရှိသမျှ လူတွေ ထွက်လာကြပါတယ်။ အာဏာပိုင်တွေဘက်ကတော့ အခုထိ အဆင်ပြေပါတယ်။ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာကို သိပါတယ်။ ကျနော်တို့ ကျောင်းသားတွေ၊ အလုပ်သမားတွေ ရှိသမျှ အင်အားနဲ့ လာနေကြပါတယ်။ အဓိကကတော့ မြန်မာပြည်တွင်းက ၂၂၂၂၂ အရေးတော်ပုံကြီးကို တဘက်တလမ်းကနေ ဝန်းရံတဲ့သဘောမျိုးပါ။ ကျနော်တို့ မနက် ၁၀ နာရီကျော်ကနေ စတာ အခုထိလူတွေ ရှိနေတုန်းပါပဲ။ ကျနော်ထင်တယ်... ညနေ ၄ နာရီလောက်ထိ ရှိမယ်။"

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံတွင်းက တခြားခရိုင်တွေမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေလည်း သူတို့နေထိုင်ရာနေရာတွေ၊ စက်ရုံတွေမှာ ပြည်လုံးကျွတ်သပိတ်ကို ပါဝင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG