သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အာဆီယံတွင်း မြန်မာပြန်လာဖို့လိုလား”ထိုင်းနိုင်ငံခြားရေးဝန်ကြီး


ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Parnpree Bahiddha-Nukara
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Parnpree Bahiddha-Nukara

မြန်မာပဋိပက္ခမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍရှိသင့်တယ်ဆိုတာကို သဘောတူတယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ပမ်းပရီး ဗဟိဒ္ဓ နုကာရ (Parnpree Bahiddha-Nukara) ကို ဗွီအိုအေထိုင်းဌာန က အမေရိကန် ဆန်ဖရန်စစ္စကိုမြို့ မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးမှာတနင်္ဂနွေနေ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ထိုင်းဒုဝန်ကြီးချုပ်က ခုလို ပြောဆိုလိုက်တာပါ။

နယ်စပ်ကပြည်သူတွေအပါအဝင် ထိုင်းနဲ့ မြန်မာပြည်သူတွေမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြတဲ့အပြင် အစိုးရချင်းရော၊ စစ်တပ်ချင်းပါ အလွန့်ကို ရင်းနှီးတဲ့ဆက်ဆံရေးရှိကြတဲ့အတွက် မြန်မာဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးတယ်လို့ သူမြင်ကြောင်း မစ္စတာ ပမ်းပရီးက ပြောပါတယ်။

မြန်မာဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး အာဆီယံအတွင်း စည်းလုံးညီညွတ်ဖို့မြန်မာကို ချန်ထားတာထက် မြန်မာပြန်လာရတာကိုလည်း မစ္စတာ ပမ်းပရီးက လိုလားပါတယ်။ အာဆီယံမှာ တိုင်းပြည် ၁၀ ပြည်ပါဝင်ပြီး တိုင်းပြည် ၁၀ ပြည် ဆက်ပြီးရှိနေသင့်တယ်လို့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာ ပမ်းပရီး က ဗွီအိုအေ ကို ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG