သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း စံခလဘူရီ စစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့ မြန်မာ ၃၀ ကျော် ဖမ်းဆီးရမိ


ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာအနီးမှာ ဖမ်အးမိတဲ့ထောက်အထားမဲ့မြန်မာတွေလိုက်ပါလာတဲ့ စစ်ဆေးရေးဂိတ်ကနေ အမှိုက်တွေတင်လာတဲ့ကား။ (ဓာတ်ပုံ-ထိုင်းစစ်တပ်/မေ ၂၆၊ ၂၀၂၄))။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာအနီးမှာ ဖမ်အးမိတဲ့ထောက်အထားမဲ့မြန်မာတွေလိုက်ပါလာတဲ့ စစ်ဆေးရေးဂိတ်ကနေ အမှိုက်တွေတင်လာတဲ့ကား။ (ဓာတ်ပုံ-ထိုင်းစစ်တပ်/မေ ၂၆၊ ၂၀၂၄))။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာအနီးက စစ်ဆေးရေးဂိတ်နားမှာ အမှိုက်ကားပေါ်ကွယ်ဝှက်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားကလေးတွေအပါအဝင် လူ ၃၀ ကျော်ကို မေလ ၂၆ ရက်နေ့ မနက်အစောကြီးမှာ ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာအနီးက စစ်ဆေးရေးဂိတ်ကနေ အမှိုက်တွေတင်လာတဲ့ကားကို မသင်္ကာလို့စစ်ဆေးခဲ့ရာမှာ ကားပေါ်မှာ မြန်မာကလေးရောလူကြီးပါ အယောက် ၃၀ ကိုဖမ်းမိခဲ့ပါတယ်။ သူတို့တွေဟာ ဘန်ကောက်နဲ့အနီးတဝိုက်မှာအလုပ်လုပ်ဖို့ လူပွဲစားတွေနဲ့လာခဲ့ကြတာဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"အမှိုက်တင်တဲ့ ကုန်တင်ယာဉ်တစီးပေါ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လိုက်ပါလာတဲ့မြန်မာ ၃၀ ရယ်၊ ထိုင်းယာဉ်မောင်း ၂ ဦးကို ဒေသဆိုင်ရာထိုင်းလုံခြုံရေးအဖွဲ့တွေက တားပြီးဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့မန္တလေးတိုင်းတွေကလာကြပြီး ဘန်ကောက်နဲ့အနီးတဝိုက်မှာ အလုပ်ကောင်းကောင်းရှိတယ်ဆိုပြီး လူပွဲစားတွေက ဖျားယောင်းသွေးဆောင်လို့လာကြတာကတချက်။ မြန်မာမှာစစ်မှုထမ်းဥပဒေကြောင့်လာကြတာကတချက် အဲဒါကြောင့်ရောက်လာကြတာဖြစ်ပါတယ်။"

အခုဆိုရင် ထိုင်းနိုင်ငံရဲ့ခရိုင်အသီးသီးမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ဖမ်းမိသူတွေများ နေပြီး မေလတလတည်းမှာပဲ လူ ၉၀၀ ကျော်သွားပြီလို့လည်းသူကပြောပါတယ်။

"မေလ နောက်ဆုံးပတ်အထိ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့မြန်မာ ၉၀၀ ကျော်ဖမ်းဆီးရမိတာဖြစ်ပြီးတော့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီ၊ မေ စတဲ့ ၄ လအတွင်း နယ်စပ်ဖြတ်ကျော်လို့ဖမ်းမိတာ စာရင်းအရဆိုရင် ၃,၉၀၀ နီးပါးရှိပါတယ်။"

မြန်မာနိုင်ငံမှာ စစ်မှုထမ်းရမယ့်ဥပဒေကြောင့်ကော အမျိုးသားတွေပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်ကို မေလတရက်နေ့ကစပြီး ယာယီပိတ်ပင်လိုက်တဲ့အတွက်ကြောင့်ပါ ထိုင်းနိုင်ငံကို တရားမဝင်နည်းနဲ့ ဝင်ရောက်သူတွေ ပိုများပြားလာနေတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG