သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းေရာက္ ျမန္မာအလုပ္သမားေတြ လုပ္အားခနစ္နာေၾကးရဖုိ႔ ႀကိဳးပမ္း


ထိုင္း အထည္ခ်ဳပ္စက္ရံု အလုပ္သမားမ်ား (၂၀၁၆ ေမလ ၃၀ ရက္ေန႔)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခရိုင္ မဲေဆာက္ၿမိဳ႕မွာရွိတဲ့ နာမည္ႀကီး Starbucks တံဆိပ္ပါတဲ့ အ၀တ္အစားခ်ဳပ္ စက္ရံု နဲ ့ Bauer Hockey အားကစား ကုမၸဏီ အတြက္ ခ်ဳပ္ေနတဲ့ အထည္ခ်ဳပ္စက္ရံု ေတြက အလုပ္သမား ၆၀၀ ေက်ာ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ အတြက္ နစ္နာခဲ့ရတဲ့ လုပ္အားခ ေတြ ျပန္ရဖို႔ ေတာင္းဆို ေနၾကပါတယ္။ အျပည့္အစံုကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံ တာ့ခရိုင္ ၊ မဲေဆာက္ၿမိဳ႕က အားကစား အ၀တ္အစားေတြ ခ်ဳပ္တဲ့ စက္ရံုက အလုပ္သမားေတြ ဟာ လုပ္အားခ အျပည့္အ၀ မရၾကဘူးလို ့ ရိုက္တားစ္ သတင္းဌာနက ေဖၚျပခဲ့တဲ့ေနာက္ အလုပ္သမား အခြင့္ေရး ကာကြယ္ေရးအဖဲြ ့ေတြက မဲေဆာက္ၿမိဳ႕က အဲဒီ စက္ရံု ၂ ရံုကုိ စစ္ေဆးခဲ့တာပါ။

အလုပ္သမားေတြ အေျခခံလုပ္အားခ မရတာနဲ႔ ပတ္သက္ၿပီး လြန္ ခဲ့တဲ့ ၆ လ ေလာက္က အလုပ္သမား ကာကြယ္ေရးအဖဲြေတြ ၀င္ေရာက္စစ္ေဆးေပးၿပီးတဲ့ေနာက္ အလုပ္ရွင္ေတြက သူတိုကုိ အေျခခံ လုပ္အားခေတြေပးခဲ့ရပါတယ္။

အခုအခါမွာေတာ့ ဒီအလုပ္သမား ၆၀၀ေက်ာ္ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ က လုပ္ခဲ့တဲ့ အလုပ္ အတြက္ လုပ္အားခ နစ္နာေၾကး ျပန္ရဖို႔အတြက္ ေတာင္းဆိုခဲ့တာပါ။

အလုပ္သမားအခြင့္ေရး ကာကြယ္ေရးရံုးကေန ပထမတႀကိမ္အျဖစ္ နစ္နာေၾကးေပးဖို႔ ဆံုးျဖတ္ေပးခဲ့ေၾကာင္း ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦေ၀လင္းေမာင္က ေျပာျပပါတယ္။

“ဒီစက္ရံုမွာ ဘာသြားေတြ႔လဲဆိုတာအနည္းဆံုး အခေၾကးေငြ မရတာ ၃၁၀ ထက္နည္းတာကို ေပးတာကို ေတြ ့ရွိခဲ့တယ္။ စစ္ေဆးေရးအဖဲြ ့ကပဲ အမိန္႔ခ်တယ္ ဆာ၀ါဒီကမ္က အလုပ္သမားကာကြယ္ေရး ဥပေဒ ၁၃၉ အရ အမိန္႔ခ်တယ္။ အလုပ္သမား ၆၀၀ အတြက္ေပါ့။ ဘတ္ ၁၆သန္းေက်ာ္ အမိန္႔ ခ်လိုက္တယ္။”

အခုအခါမွာေတာ့ ေနာက္ေၾကာင္းျပန္နစ္နာေၾကး ၂ႏွစ္စာရဖို႔အတြက ္အလုပ္သမား ေတြကေတာင္းဆိုၾကတာ ျဖစ္ၿပီး အခုထိ ေျပလည္မူ မရေသးတဲ့ အတြက္ ဒီဇန္န၀ါရီလ ၁၂ ရက္ေန႔က ထုိင္းျမန္မာ နယ္စပ္တံတားအနီးမွာ ဆႏၵျပဖို႔အထိ လုပ္လာၾကတယ္ လုိ႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ဒီ အလုပ္သမားေတြ နစ္နာခဲ့တာေတြျပန္ရဖို႔ ဆက္ၿပီး ကူညီေဆာင္ရြက္ ေပးေန တယ္လို႔လည္း ဦးေ၀လင္းေမာင္က ေျပပါတယ္။

“ဒီအလုပ္သမား ၆၀၀ေက်ာ္အတြက္ အလုပ္သမားေတြက ၂ႏွစ္အထိ လုပ္အားခ ျပန္ယူခ်င္တာျဖစ္တယ္။ အလုပ္သမားေတြက ဒီထက္ပုိ ရသင့္တယ္လို သူတို႕လုပ္ထားတာက ဒီထက္ပုိ လုပ္ထားတယ္ ဆုိျပီး ကြန္ပလိန္း တက္တာေပါ့။ အျပည့္အ၀ မရလို႔ ျဖစ္တာ။ အလုပ္သမားေတြကလည္း ၂ႏွစ္ အတြင္း အလုပ္ခ်ိန္ေတြ အလုပ္ရွင္ေတြက ကိုျပန္စိစစ္ဖို ့။ အလုပ္သမားေတြ ဘက္ကလည္း တေယာက္ခ်င္း ဆီက Bill မွတ္တမ္းေလးေတြ လုပ္ထားတာေတြကို ေသခ်ာစစ္ဖို ့ျပန္ခ်ိန္း လုိက္တယ္။ ဇန္န၀ါရီလ ၂၀ရက္ေန႔မွာ ။ က်ေနာ္ပါတယ္ ၊ ဆာ၀ါဒီကန္ လို႔ေခၚတဲ့ အလုပ္သမား ကာကြယ္ေရးရံုး ပါတယ္ ၊ မဲေဆာက္ တာ့ခရိုင္ ဆာ၀ါဒိကန္ရံုး ရတယ္ ေပါ့ အလုပ္သမား ပါတယ္။”

မဲေဆာက္ၿမိဳ႕နယ္ စီးပြားေရးဇံုအတြင္းမွာ တရား၀င္မွတ္ပံုတင္ထားတဲ့ စက္ရံုေပါင္း ၄၄၅ ရံုရွိၿပီး ၄၀ရာခုိင္ႏႈန္းက အထည္ခ်ဳပ္ စက္ရံုေတြျဖစ္ပါတယ္ ။ တရား၀င္ စာရင္းအရ ဆိုရင္ အထည္ခ်ဳပ္ အလုပ္သမားေပါင္း ၄ေသာင္းခဲြ ေလာက္ရွိေနပါတယ္။ ဒါေပမဲ့ ဥပေဒပါ လုပ္အားခကုိ စက္ရံုအမ်ားစုက မေပးတာရယ္ အလုပ္သမားေတြ ကုိယ္တုိင္က တရား၀င္ အေထာက္အထား မရွိတာ ေတြရယ္ေၾကာင့္ ဒီျပသနာေတြဟာ မၾကာခဏ ႀကံဳ ေနၾကတာပါ။ထုိင္းႏိုင္ငံထဲမွာ တရား၀င္ေရာ၊ တရားမ၀င္ပါ စုစုေပါင္း အလုပ္သမား ၃ သန္း ထက္မနည္း အလုပ္လုပ္ကုိင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................

ထိုင်းရောက်မြန်မာအလုပ်သမားတွေ လုပ်အားခနစ်နာကြေးရဖို့ ကြိုးပမ်း

(Unicode)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ နာမည်ကြီး Starbucks တံဆိပ်ပါတဲ့ အဝတ်အစားချုပ် စက်ရုံ နဲ့ Bauer Hockey အားကစား ကုမ္ပဏီ အတွက် ချုပ်နေတဲ့ အထည်ချုပ်စက်ရုံ တွေက အလုပ်သမား ၆၀၀ ကျော်ဟာ လွန်ခဲ့တဲ့ ၂ နှစ် အတွက် နစ်နာခဲ့ရတဲ့ လုပ်အားခ တွေ ပြန်ရဖို့ တောင်းဆို နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခရိုင် ၊ မဲဆောက်မြို့က အားကစား အဝတ်အစားတွေ ချုပ်တဲ့ စက်ရုံက အလုပ်သမားတွေ ဟာ လုပ်အားခ အပြည့်အ၀ မရကြဘူးလို့ ရိုက်တားစ် သတင်းဌာနက ဖေါ်ပြခဲ့တဲ့နောက် အလုပ်သမား အခွင့်ရေး ကာကွယ်ရေးအဖွဲ့တွေက မဲဆောက်မြို့က အဲဒီ စက်ရုံ ၂ ရုံကို စစ်ဆေးခဲ့တာပါ။

အလုပ်သမားတွေ အခြေခံလုပ်အားခ မရတာနဲ့ ပတ်သက်ပြီး လွန် ခဲ့တဲ့ ၆ လ လောက်က အလုပ်သမား ကာကွယ်ရေးအဖွဲတွေ ဝင်ရောက်စစ်ဆေးပေးပြီးတဲ့နောက် အလုပ်ရှင်တွေက သူတိုကို အခြေခံ လုပ်အားခတွေပေးခဲ့ရပါတယ်။

အခုအခါမှာတော့ ဒီအလုပ်သမား ၆၀၀ကျော်ဟာ လွန်ခဲ့တဲ့ ၂နှစ် က လုပ်ခဲ့တဲ့ အလုပ် အတွက် လုပ်အားခ နစ်နာကြေး ပြန်ရဖို့အတွက် တောင်းဆိုခဲ့တာပါ။

အလုပ်သမားအခွင့်ရေး ကာကွယ်ရေးရုံးကနေ ပထမတကြိမ်အဖြစ် နစ်နာကြေးပေးဖို့ ဆုံးဖြတ်ပေးခဲ့ကြောင်း မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦဝေလင်းမောင်က ပြောပြပါတယ်။

“ဒီစက်ရုံမှာ ဘာသွားတွေ့လဲဆိုတာအနည်းဆုံး အခကြေးငွေ မရတာ ၃၁၀ ထက်နည်းတာကို ပေးတာကို တွေ့ရှိခဲ့တယ်။ စစ်ဆေးရေးအဖွဲ့ကပဲ အမိန့်ချတယ် ဆာဝါဒီကမ်က အလုပ်သမားကာကွယ်ရေး ဥပဒေ ၁၃၉ အရ အမိန့်ချတယ်။ အလုပ်သမား ၆၀၀ အတွက်ပေါ့။ ဘတ် ၁၆သန်းကျော် အမိန့် ချလိုက်တယ်။”

အခုအခါမှာတော့ နောက်ကြောင်းပြန်နစ်နာကြေး ၂နှစ်စာရဖို့အတွက ်အလုပ်သမား တွေကတောင်းဆိုကြတာ ဖြစ်ပြီး အခုထိ ပြေလည်မူ မရသေးတဲ့ အတွက် ဒီဇန်နဝါရီလ ၁၂ ရက်နေ့က ထိုင်းမြန်မာ နယ်စပ်တံတားအနီးမှာ ဆန္ဒပြဖို့အထိ လုပ်လာကြတယ် လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒီ အလုပ်သမားတွေ နစ်နာခဲ့တာတွေပြန်ရဖို့ ဆက်ပြီး ကူညီဆောင်ရွက် ပေးနေ တယ်လို့လည်း ဦးဝေလင်းမောင်က ပြေပါတယ်။

“ဒီအလုပ်သမား ၆၀၀ကျော်အတွက် အလုပ်သမားတွေက ၂နှစ်အထိ လုပ်အားခ ပြန်ယူချင်တာဖြစ်တယ်။ အလုပ်သမားတွေက ဒီထက်ပို ရသင့်တယ်လို သူတို့လုပ်ထားတာက ဒီထက်ပို လုပ်ထားတယ် ဆိုပြီး ကွန်ပလိန်း တက်တာပေါ့။ အပြည့်အ၀ မရလို့ ဖြစ်တာ။ အလုပ်သမားတွေကလည်း ၂နှစ် အတွင်း အလုပ်ချိန်တွေ အလုပ်ရှင်တွေက ကိုပြန်စိစစ်ဖို့။ အလုပ်သမားတွေ ဘက်ကလည်း တယောက်ချင်း ဆီက Bill မှတ်တမ်းလေးတွေ လုပ်ထားတာတွေကို သေချာစစ်ဖို့ပြန်ချိန်း လိုက်တယ်။ ဇန်နဝါရီလ ၂၀ရက်နေ့မှာ ။ ကျနော်ပါတယ် ၊ ဆာဝါဒီကန် လို့ခေါ်တဲ့ အလုပ်သမား ကာကွယ်ရေးရုံး ပါတယ် ၊ မဲဆောက် တာ့ခရိုင် ဆာဝါဒိကန်ရုံး ရတယ် ပေါ့ အလုပ်သမား ပါတယ်။”

မဲဆောက်မြို့နယ် စီးပွားရေးဇုံအတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ စက်ရုံပေါင်း ၄၄၅ ရုံရှိပြီး ၄၀ရာခိုင်နှုန်းက အထည်ချုပ် စက်ရုံတွေဖြစ်ပါတယ် ။ တရားဝင် စာရင်းအရ ဆိုရင် အထည်ချုပ် အလုပ်သမားပေါင်း ၄သောင်းခွဲ လောက်ရှိနေပါတယ်။ ဒါပေမဲ့ ဥပဒေပါ လုပ်အားခကို စက်ရုံအများစုက မပေးတာရယ် အလုပ်သမားတွေ ကိုယ်တိုင်က တရားဝင် အထောက်အထား မရှိတာ တွေရယ်ကြောင့် ဒီပြသနာတွေဟာ မကြာခဏ ကြုံ နေကြတာပါ။ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော၊ တရားမဝင်ပါ စုစုပေါင်း အလုပ်သမား ၃ သန်း ထက်မနည်း အလုပ်လုပ်ကိုင်နေပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG