သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကုန်ပစ္စည်းတွေကြောင့် ထိုင်းဒေသခံစီးပွားရေးထိခိုက်


 ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံက အလုပ်သမတဦး ယခင်မှတ်တမ်းဓာတ်ပုံ။
ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံက အလုပ်သမတဦး ယခင်မှတ်တမ်းဓာတ်ပုံ။

တရုတ်က ထိုင်းဈေးကွက်ထဲကို သူ့ရဲ့ ဈေးပေါတဲ့ ကုန်ပစ္စည်းတွေလှိမ့်သွင်းနေတဲ့အတွက် ထိုင်းစီးပွါးရေးကို ထိခိုက်စေတယ်ဆိုတဲ့ ပြောဆိုချက်တွေအတွက် ဘန်ကောက်-တရုတ်သံရုံးက စက်တင်ဘာ ၄ ရက်နေ့မှာ သံရုံးဖေ့စ်ဘုတ်စာမျက်နှာကနေ တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဟာ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့နည်းလမ်းနဲ့ လုပ်ဆောင်တာဖြစ်ကြောင်း သံရုံးကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။ တရုတ်ကနေ ထိုင်းကိုတင်သွင်းတဲ့ ကုန်ပစ္စည်း ၈၀ % လောာက်ဟာ (စက်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းလို) မ,တည်ပစ္စည်းတွေနဲ့ ကုန်ထုတ်လုပ်ရာမှာသုံးတဲ့ ကုန်ချောပစ္စည်းတွေ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ဈေးပေါတဲ့ ကုန်ပစ္စည်းလို့ ခေါ်နေကြတဲ့ပစ္စည်းတွေဟာ နေ့စဉ်သုံးကုန်တွေ၊ အစားအသောက်နဲ့ ကျန်းမာရေးကုန်ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ အသုံးအဆောင်တွေ ဖြစ်ပြီး တရုတ်ကနေ တင်ပို့တဲ့ ပစ္စည်းဟာ ၁၀ % တောင်မရှိဘူးလို့လည်း ဖေါ်ပြထားပါတယ်။

တရုတ်က ဈေးပေါတဲ့ပစ္စည်းတွေ လှိမ့်ဝင်နေတာဟာ ထိုင်းကုန်ထုတ်လုပ်ငန်းအတွက် ခြိမ်းခြောက်မှုအန္တရာယ်ရှိနေတာကြောင့် ဒါကိုတိုက်ဖျက်ဖို့ အရေးယူဆောင်ရွက်မှုအသစ်တွချမှတ်တော့မယ်လို့ ထိုင်းအစိုးရကကြေညာခဲ့ပြီးတဲ့နောက် အခုလို သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ ကုန်သွယ်ရေးဝန်ကြီး ဖန်သမ် ဝါချာယာချိုင်း (Phumtham Wechayachai) က စီးပွါးရေးအားနည်းနေတဲ့ ထိုင်းနိုင်ငံထဲ တရုတ်ကဈေးပေါတဲ့သွင်းကုန်တွေ တင်သွင်းတာရပ်သွားအောင် အဖွဲ့ ၂၈ ဖွဲ့ပါတဲ့ အလုပ်အဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်မှာဖြစ်ပြီး ဒီဖွဲ့ဟာ ဒီသွင်းကုန်တွေကို နှစ်ပတ်တကြိမ် ပြန်သုံးသပ်ပြီး စည်းမျဉ်းသတ်မှတ်ချက်တွေ ချမှာ ဖြစ်ကြောင်း ပြောကြားချက်ကို သြဂုတ်လ ၂၈ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖေါ်ပြပါတယ်။

တရုတ်က ဈေးပေါတဲ့ ပစ္စည်းတင်သွင်းမှုကြောင့် ၂၀၂၃ မှာ ထိုင်းစက်ရုံံ ၂,၀၀၀ နီးပါး ပိတ်ပစ်ခဲ့ရတယ်လို့လည်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းက သတိပေးထားတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG