သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ထိုင်းမှာ ဗီဇာသက်တမ်းကုန်သူတွေ ဒဏ်ကြေးပေးစရာမလို


(Zawgyi/Unicode)

ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ COVID- 19 အရေးပေါ် ကာလမှာပဲ ဗီဇာသက်တမ်း ကုန်နေသူတွေ နယ်စပ်သွားလာဖြတ်သန်းခွင့်တွေ ရက်ကျော်နေတာတွေ နဲ့ ပတ်သက်လို့ ဒဏ်ကြေးတွေ ပေးစရာမလိုပ ဲဧပြီလကုန်အထိ ဗီဇာသက်တမ်း အလိုအလျောက်တိုးမြှင့်ပေးပြီး ဖြေလျော့မူတွေ လုပ်ပေးမှာဖြစ်ကြောင်း ထိုင်းလူဝင်မူကြီးကြပ်ရေးဌာနက ဧပြီလ ၇ ရက်နေ့ က ထုတ်ပြန် ခဲ့တာပါ။ ဒီသတင်းကို ထိုင်းမြန်မာနယ်စပ်ကနေ မအေးအေးမာ တင်ဆက်ပေးမှာပါ။

ဗီဇာသက်တမ်းကုန်သွားတဲ့ နိုင်ငံခြားသားများ အနေနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာသက်တမ်းတိုး လျှောက်ထားဖို့ မလိုသလို ဧပြီလ ၃၀ရက်အထိ အလိုအလျောက် ဗီဇာသက်တမ်းတိုးမြှင့်ခြင်း ခံရမှာဖြစ်ပြီး ဒဏ်ကြေး ကိုလည်း ပေးစရာမလိုဘူးလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ ဧပြီလ ၇ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ရက် ၉၀ ဧည့်စာရင်းတိုင်ကြားရမယ့် ကိစ္စတွေ ကိုလည်းဖြေလျော့ပေးထားပြီး နယ်စပ်တွေမှာ Border Pass နဲ့ နေထိုင်နေတဲ့ သူတွေကိုလည်း နယ်စပ်တံတားတွေပြန်ဖွင့်ပြီး ၇ ရက်အတွင်း ကျမှသာ ပြန်လို့ ရတဲ့အကြောင်းတွေကို ကြေညာခဲ့တာပါ။
ထိုင်းလူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံမှာ နေထိုင်တာနဲ့ ပတ်သက်လို့ တာဝန်အရှိဆုံးကတော့ လူဝင်မူကြီးကြပ်ရေး ဌာနက ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ ရက် ၉၀ကျော်ရင် ဘယ်လို ဒဏ်ငွေ ဆောင်ရမလဲ ချမှတ်ထားတာဆိုတော့ အခု သူတို့ကတရားဝင် ကြေညာလိုက်တာက ပိုပြည်စုံတာပေါ့နော် အစိုးရက ခြုံငုံပြီးကြေညာတာကတော့ ကျနော်တို့ နိုင်ငံခြားသားတွေ တော်တော်များများက သိကောင်း သိချင်မှ သိမယ်။ လဝက ကြေညာတာက ပိုပြည့်စုံတယ်။

နယ်စပ်ဒေသမှာ Border pass မှာဝင်နေတဲ့သူတွေရှိတယ်။ အဲဒီလူတွေလည်း အဲဒီ လက်ရှိနေတဲ့ နေရာမှာပဲ အေးအေးဆေးဆေးနေကြပါ ။ ထုတ်ပြန်ထားတဲ့ ကင်းလွတ်ခွင့်အထူးဖြေလျော့ခွင့် ထဲမှာ အကြုံးဝင်သွားပြီ ဗီဇာသက်တမ်း ကျော်နေတဲ့သူတွေကိုလည်းပြဿနာရှာလို့မရတော့ဘူး။ ရက်၉၀ကျော်ရင်လည်း ပြဿနာတွေရှာလို့ မရတော့ဘူး ဒါတွေအားလုံးကို ကင်းလွတ်ခွင့်ပေးထားတယ်။ ဘာမှလည်း ပေးစရာမလိုတော့ဘူး။ ဗီဇာကျော်လွန်ပြီးနေထိုင်တဲ့လူတွေ ကို ဘယ်ကိစ္စနဲ့မှ အရေးမယူဘူး။ အဲဒါ ဇွန်လ ၃၀ရက်နေထိ သက်တမ်းပေးထားတယ်။”

ထိုင်းနိုင်ငံမှာရှိတဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ချင်းမိုင် -မြန်မာကောင်စစ်ဝန်ရုံးတို့ လည်း ထိုင်းလူဝင်မူကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ၊ ကျောင်းသားတွေ အလည်အပတ်လာသူများ သိရှိဖို့ အတွက် အသိပေး ထုတ်ပြန်မူတွေ ရှိပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အစိုးရက ချမှတ်ထားတဲ့ ညမထွက်ရ အမိန့်တွေ ၊ သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေး အာဏာပိုင်များ သက်ဆိုင်ရာနယ်မြေအလိုက် ထုတ်ပြန် ထားတဲ့တားမြစ်အမိန့်တွေကန့်သတ်ချက်တွေကို တိတိကျကျ လိုက်နာကြဖိုနဲ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကာလအတွင်း မှာလူစုလူဝေးနဲ့ ဘာသာရေးပွဲတွေ အခမ်းအနားတွေမလုပ်ဖို့ ရေသဘင်ပွဲတော်တွေ မလုပ်ဖို့ ကိုပါ မြန်မာတွေကို သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

...................


(Unicode)








XS
SM
MD
LG