သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာချေးကမ်းရိုးတန်းမှာ ရိုဟင်ဂျာရုပ်အလောင်းတွေ ထပ်မံတွေ့ရှိ


အာချေးကမ်းရိုးတန်းမှာ ရိုဟင်ဂျာရုပ်အလောင်းတချို့ ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်မံတွေ့ရှိခဲ့ (မတ် ၂၃၊ ၂၀၂၄)
အာချေးကမ်းရိုးတန်းမှာ ရိုဟင်ဂျာရုပ်အလောင်းတချို့ ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်မံတွေ့ရှိခဲ့ (မတ် ၂၃၊ ၂၀၂၄)

ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနီးမှာ ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့ သစ်သားလှေမှောက်သွားတာမှာ အနည်းဆုံးလူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ဒီနေ့ပဲ ပြောပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေက ရုပ်အလောင်း ၄ လောင်းကို မနေ့က ဆယ်ယူရရှိကြောင်း အတည်ပြုပြီး နောက်မှာပဲ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)ရဲ့ ပြောရေး ဆိုခွင့်ရှိသူ Mitra Suryono က နောက်ထပ် ရုပ်အလောင်းတခု ထပ်တွေ့တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့တာပါ။

ရိုဟင်ဂျာတွေလိုက်ပါလာတဲ့ ဒီသစ်သားလှေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မှောက်သွားချိန်မှာ အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်တင်ခဲ့ပေမဲ့ ၇၅ ဦးအထိ ကယ်တင်ခဲ့ပြီးတဲ့နောက် ရှာဖွေမှုတွေကို ရပ်ဆိုင်းလိုက်တာပါ။ ရိုဟင်ဂျာ မွတ်ဆလင် အများစုပါတဲ့ လှေဟာ မြန်မာနိုင်ငံက ထွက်ခွာလာသူတွေလို့ ယူဆထားပြီး နှစ်စဥ် ဒီလို ဒုက္ခသည် ထောင်နဲ့ချီဟာ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကို လာဖို့အတွက် ငွေကြေးအမြောက်အများ ပေးရကာ ပင်လယ်ရေကြောင်း ခရီးရှည်ကို အသက်စွန့် ထွက်ခွာခဲ့ကြရတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မငြိမ်သက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ကနေ ဇန်နဝါရီလနှောင်းပိုင်းအထိ အမျိုးသမီးတွေနဲ့ ကလေးငယ်အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၇၅၂ ဦးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးနဲ့ မြောက်ဆူမားတြားပြည်နယ်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG