သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နှစ်သစ်ကူးနေ့ ငလျင်ကြောင့် သေဆုံးသူ ၆၂ ဦးအထိရှိလာ


Ishikawa (အီရှီကာဝါ) စီရင်စု ကမ်းရိုးတန်းဒေသ Suzu မြို့မှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ အိမ်တလုံးကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြစဉ် (ဇန်နဝါရီ ၃၊ ၂၀၂၄)
Ishikawa (အီရှီကာဝါ) စီရင်စု ကမ်းရိုးတန်းဒေသ Suzu မြို့မှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ အိမ်တလုံးကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြစဉ် (ဇန်နဝါရီ ၃၊ ၂၀၂၄)

ဂျပန်နိုင်ငံ အနောက်ဘက်ကမ်း နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ မြေငလျင်ကြောင့် လူအနည်းဆုံး ၆၂ ယောက်သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို အချိန်မှီရှာနိုင်ဖို့ ကယ်ဆယ်ရးအဖွဲ့တွေ ကြိုးပမ်းနေပါတယ်။

Ishikawa (အီရှီကာဝါ) စီရင်စုကမ်းရိုးတန်းဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၆ ရှိတဲ့ မြေငလျင်ကြောင့် အိမ်တွေ တော်တော်များများ ပျက်စီးခဲ့ပြီး အဆောက်အဦ အပျက်အစီးတွေအကြားထဲမှာ လူဘယ်လောက် ပိတ်မိနေတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ရာသီဥတု ဆိုးဝါးတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။

ဒီနေ့ မိုးတွေ အပြင်းအထန် ဆက်ရွာမယ်လို့ ခန့်မှန်းထားတဲ့အတွက်လည်း ငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေမှာ မြေပြိုတာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ငလျင်ကြောင့် လမ်းတွေ အပိုင်းပိုင်း ကျိုးပဲ့သွားပြီး လေယာဉ်ပြေးလမ်းတခုလည်း ပျက်စီးသွားတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေကို စစ်ဆေးဖို့ အခက်အခဲ ရှိနေပါတယ်။

ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအဖြစ် တမီတာကျော်အထိမြင့်တဲ့ ဆူနားမီး ရေလှိုင်းတွေလည်း ဒေသတွင်းကို ရိုက်ခတ်ခဲ့တာမှာ ကားတွေ၊ အိမ်တွေအပြင် ငါးဖမ်းသင်္ဘောတွေလည်း ပင်လယ်ထဲကို မျောပါကုန်ပါတယ်။

အီရှီကာဝါစီရင်စု Wajima မြို့မှာ အင်အားပြင်းငလျင်ကြောင့် ပြိုကျသွားတဲ့အဆောက်အဦတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၃၊ ၂၀၂၄)
အီရှီကာဝါစီရင်စု Wajima မြို့မှာ အင်အားပြင်းငလျင်ကြောင့် ပြိုကျသွားတဲ့အဆောက်အဦတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၃၊ ၂၀၂၄)

ဆူနာမီရေလှိုင်း သတိပေးချက်ကြောင့် နေအိမ်ကနေ စွန့်ခွာထွက်ပြေးကြသူ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြပြီး Ishikawa စီရင်စုအတွင်းက အိမ်ထောင်စု ၃၀၀၀၀ လောက်ဟာလည်း ‌ရေခဲ့လုမတတ် အေးလွန်းတဲ့ ရာသီဥတုအောက်မှာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Ishikawa (အီရှီကာဝါ) ကမ်းရိုးတန်းဒေသမှာ လှုပ်ခတ်ခဲ့တဲ့ Magnitude ၇ ဒသမ ၆ ရှိတဲ့ မြေငလျင်ကြောင့် အိမ်တွေ တော်တော်များများ ပျက်စီးခဲ့ပြီး အဆောက်အဦအပျက်စီးတွေအကြားထဲမှာ လူဘယ်လောက် ပိတ်မိနေတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ရာသီဥတု ဆိုးဝါးတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။ ဒီနေ့ မိုးတွေ အပြင်းအထန် ဆက်ရွာမယ်လို့ ခန့်မှန်းထားတဲ့အတွက်လည်း ငလျင်ဒဏ်သင့်ခဲ့တဲ့နေရာတွေမှာ မြေပြိုတာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ငလျင်ကြောင့် လမ်းတွေ အပိုင်းပိုင်း ကျိုးပဲ့သွားပြီး လေယာဉ်ပြေးလမ်းတခုလည်း ပျက်စီးသွားတာကြောင့် ထိခိုက်ပျက်စီးတဲ့အခြေအနေကို စစ်ဆေးဖို့ အခက်အခဲ ရှိနေပါတယ်။

ဒီအတောအတွင်း မနေ့က တိုကျို Haneda (ဟာနဲ့ဒါး) လေဆိပ်အဆင်း ခရီးသည်တင် လေယာဉ်နဲ့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်က လေယာဉ် တိုက်မိပြီးကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို ဂျပန်နိုင်ငံက တရားဝင် စုံစမ်းစစ်ဆေးနေပါတယ်။ ခရီးသည် ၄၀၀ လောက် လိုက်ပါလာတဲ့ လေယာဉ် လုံးဝမီးလောင်ပျက်စီးသွားပေမဲ့ ခရီးသည်တွေကတော့ လေယာဉ်ပေါ်ကနေ အားလုံး အသက်ရှင်လျှက် ထွက်ခွာနိုင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG