သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမ်းပတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး


ခမ်းပတ်မြို့ (ခါမ်းပါတ်)
ခမ်းပတ်မြို့ (ခါမ်းပါတ်)

တမူးခရိုင် ခမ်းပတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အနည်းဆုံး လူ ၁၅ ယောက်သေဆုံးတယ်လို့ ဒေသခံ မီဒီယာတွေက တနင်္ဂနွေနေ့မှာပြောပေမဲ့ အေအက်ဖ်ပီသတင်းကတော့ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကလေး ရှစ်ယောက်အပါအဝင် ၁၉ ယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေ၊ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့က အေအက်ဖ်ပီကို ပြောခဲ့တာပါ။ ပထမဆုံးကြဲတဲ့ဗုံးတွေက ရွာက ဘုရားကျောင်း ၂ ကျောင်းကို ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း လုံခြုံရေးကြောင့် နာမည်မဖော်လိုသူ အဆိုပါအမျိုးသားက ဆိုပါတယ်။

လူတွေ ဘုရားကျောင်းက ထွက်အပြေးမှာ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။ ဘုရားကျောင်းအပြင်ကနေရာတွေမှာ လူတွေသေဆုံးခဲ့ပြီး စုစုပေါင်း ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ သူကဆိုပါတယ်။ ဗုံးက ဘုရားကျောင်း ၂ ကျောင်းနဲ့ တချို့ အိမ်တွေကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

ရပ်ရွာကဖွင့်ထားတဲ့ကျောင်းအနီးမှာလည်း ဗုံးကျခဲ့တယ်လို့လည်း ပြောပေမဲ့ ဒီသတင်းဟာ အတုဖြစ်ပြီး အဲဒီအချိန်မှာ ဘယ်လေယာဥ်မှ စစ်ဆင်တာမရှိဘူးလို့ စစ်ကောင်စီအောက်က MRTV က ဆိုပါတယ်။ အဆိုပါပြောဆိုချက်တွေကို ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG