သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ အပစ်ရပ် သက်တမ်းတိုးရေး အမေရိကန် ကြားဝင်စေ့စပ်


အစိုးရစစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေချိန် ဆူဒန်နိုင်ငံ ခါတွန် မြို့တော်က ပျက်စီးနေတဲ့ အဆောက်အအုံတွေကိုတွေ့စဉ် (ဧပြီ ၂၇၊ ၂၀၂၃)
အစိုးရစစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေချိန် ဆူဒန်နိုင်ငံ ခါတွန် မြို့တော်က ပျက်စီးနေတဲ့ အဆောက်အအုံတွေကိုတွေ့စဉ် (ဧပြီ ၂၇၊ ၂၀၂၃)

အစိုးရစစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ဆူဒန်နိုင်ငံမှာ နှစ်ဘက် ယာယီအပစ်အခတ် ရပ်စဲထားချိန် မပြည့်ခင် နောက်ထပ် အပစ်ရပ် သက်တမ်းတိုးနိုင်ဖို့ အမေရိကန်နဲ့ အာဖရိကနိုင်ငံတွေ ကြားဝင် ကြိုးပမ်းနေကြပါတယ်။ ဒီနေ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညသန်းခေါင်ရောက်တဲ့အထိ အပစ်အခတ်ရပ်ထားပေမဲ့ ကြိုကြားတိုက်ခိုက်မှုတွေတော့ ရှိနေဆဲဖြစ်ပါတယ်။ နှစ်ဘက် ဆွေးနွေးမှုတွေ လုပ်သွားဖို့ အာဖရိကနိုင်ငံတွေရဲ့ အဆိုပြုချက်ကို ဆူဒန်စစ်တပ်က မူအားဖြင့် လက်ခံထားပါတယ်။

နောက်ထပ် ၇၂ နာရီ အပစ်အခတ်ရပ်စဲရေးနဲ့ တောင်ဆူဒန်နိုင်ငံ Juba မြို့တော်မှာ ဆွေးနွေးဖို့ စစ်တပ်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးတို့ကို ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan ကကနဦး လက်ခံထားတယ်လို့ စစ်တပ်ဘက်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ၂ ဘက်ကြား အပြစ်ရပ်ရေးနဲ့ ဆွေးနွေးရေးပါဝင်တဲ့ အဆိုပြုချက်ကို တောင်ဆူဒန်သမ္မတနဲ့ အာဖရိက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး IGAD အဖွဲ့တို့က အဆိုပြုခဲ့ကြတာပါ။ ဒီအဆိုပြုချက်ကို စစ်တပ်ဘက်က ကနဦးသဘောတူတယ်လို့ ပြောပေမဲ့ အပြိုင်အာဏာလုနေတဲ့ RSF ပြည်သူ့စစ် ဘက်ကတော့ တစုံတရာပြောဆိုခြင်း မရှိပါဘူး။ ဒီနေ့ RSF ကထုတ်ပြန်တဲ့ ကြေညာချက်မှာ စစ်တပ်ဘက်က သူ့တို့တပ်တွေကို တိုက်ခိုက်တယ်လို့ စွပ်စွဲထားတဲ့ အချက်တွေပဲပါဝင်ပါတယ်။

ဆူဒန်မှာ ပစ်ခတ်မှုတွေ ရေရှည်ရပ်စဲရေး အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အတူတွဲကြိုးစားသွားရေး ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ တချိန်ထဲမှာပဲ ဆူဒန်မှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ထုတ်နိုင်ရေး အစိုးရတွေ ဆက်ပြီးကြိုးစားနေကြပါတယ်။ ဆူဒန်အိမ်နီးချင်းနိုင်ငံတွေဆီ ဘေးလွတ်အောင် သွားနိုင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေ နိုင်ငံပြန်နိုင်ရေး ရေတပ်သင်္ဘောတွေကို တရုတ်က စေလွှတ်ထားပါတယ်။ အိန္ဒိယနိုင်ငံကလည်း အိန္ဒိယနိုင်ငံသား ၁၁၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့ရပါတယ်။ နိုင်ငံခြားသားအများစုဟာ Khartoum မြို့တော်ကနေ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Port Sudan ဆိပ်ကမ်းမြို့ကို ကုန်းကြောင်းနဲ့သွားပြီး အဲဒီကနေ လေကြောင်းနဲ့ ထွက်ခွာနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG