သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်နိုင်ငံက နိုင်ငံခြားသား ထောင်ချီထွက်ခွာ


ဆူဒန်နိုင်ငံတွင်းက ဂျော်ဒန်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ လေယာဉ် ဂျော်ဒန်နိုင်ငံ Amman မြို့က Marka စစ်ဘက်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာစဉ် (ဧပြီ ၂၅၊ ၂၀၂၃)
ဆူဒန်နိုင်ငံတွင်းက ဂျော်ဒန်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ လေယာဉ် ဂျော်ဒန်နိုင်ငံ Amman မြို့က Marka စစ်ဘက်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာစဉ် (ဧပြီ ၂၅၊ ၂၀၂၃)

တိုက်ခိုက်မှုတွေ ရပ်ဖို့ နိုင်ငံတကာက တိုက်တွန်းနေချိန်မှာပဲ ဆူဒန်နိုင်ငံကနေ နိုင်ငံခြားသား ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ခွာနေကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ တိုက်ခိုက်မှုတွေရပ်ဖို့ တိုက်တွန်းနေတာပါ။

"တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ရပါလိမ့်မယ်၊ ငြိမ်းချမ်းရေးအတွက် အပြည့်အ၀ ကြိုးပမ်းကြဖို့ လိုပါတယ်။ သက်ဆိုင်သူတွေအားလုံးကိုလည်း တိုက်တွန်းလိုပါတယ်။" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

ဗုဒ္ဓဟူးနေ့မှာပဲ ဆူဒန်နိုင်ငံကနေ နိုင်ငံပေါင်း ၅ဝ ကျော်က နိုင်ငံခြားသား ၁၇၀၀ နီးပါးကို ဘေးလွတ်ရာကို ကယ်ဆယ်လာတဲ့ သင်္ဘောဟာ ဆော်ဒီအာရေဗျနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒါဟာ မိမိတို့နိုင်ငံကနေ အကြီးမားဆုံး ကူညီကယ်ဆယ်ပေးလိုက်တာဖြစ်တယ်လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဆော်ဒီကယ်ဆယ်ရေးသင်္ဘောနဲ့ ဆော်ဒီအာရေဗျနိုင်ငံ ပင်လယ်နီကမ်းခြေရှိ Jeddah မြို့ကို ရောက်ရှိလာကြတဲ့ အရပ်သားများကို ဆော်ဒီရေတပ်အမှုထမ်းများက ကူညီရွှေ့ပြောင်းပေးနေစဉ် (ဧပြီ ၂၆၊ ၂၀၂၃)
ဆော်ဒီကယ်ဆယ်ရေးသင်္ဘောနဲ့ ဆော်ဒီအာရေဗျနိုင်ငံ ပင်လယ်နီကမ်းခြေရှိ Jeddah မြို့ကို ရောက်ရှိလာကြတဲ့ အရပ်သားများကို ဆော်ဒီရေတပ်အမှုထမ်းများက ကူညီရွှေ့ပြောင်းပေးနေစဉ် (ဧပြီ ၂၆၊ ၂၀၂၃)

အဲဒီ ဆော်ဒီ ကယ်ဆယ်ရေးသင်္ဘောနဲ့ ပင်လယ်နီကမ်းခြေရှိ Jeddah မြို့ကို ရောက်ရှိလာကြတဲ့ နိုင်ငံခြားသားတွေကို သူတို့ရဲ့သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်လည်ထွက်ခွာဖို့အတွက် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ အခုလို သင်္ဘောနဲ့ ကယ်ထုတ်လာကြသူတွေ အထဲမှာ မိမိတို့ ဆော်ဒီနိုင်ငံသား ၁၃ ဦး နဲ့ အတူ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ ဥရောပ ၊ အာရှနဲ့ အမေရိကတိုက်တွေက ပါဝင်ကြတယ်လို့လည်း ပါရှိပါတယ်။

ဆူဒန်နိုင်ံငံမှာ အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ် Abdel Fattah al-Burhan ကို သစ္စာခံတဲ့ စစ်တပ်နဲ့ ဗိုလ်ချုပ် Mohamed Hamdan Dagalo ဦးဆောင်တဲ့ အင်အားကြီး ပြည်သူစစ်တပ်ဖွဲ့ RSF တို့အကြား ဒီလ ဧပြီလလယ်က စတင်ပြီး ၂ ဘက် တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG