သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗုိလ္ခ်ဳပ္ႀကီးေဟာင္း သူရဦးေရႊမန္းနဲ႔ KNU ဥကၠ႒ မူတူးေဆးဖုိးေတြ႔


KNU ကရင္အမ်ိဳးသားအစည္းအရံုး ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေစာမူတူးေဆးဖိုးႏွင့္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠဌ သူရဦးေရြမန္း တို႔ ေတြ႔ဆံု (ဓါတ္ပံု-Thura U Shwe Mann FB)

(Zawgyi/Unicode)

ျမန္မာ့တပ္မေတာ္က အရင္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းနဲ႔ အခု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠဌ သူရဦးေရြမန္းနဲ႔ KNU ကရင္အမ်ိဳးသားအစည္းအရံုး ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေစာမူတူးေဆးဖိုးတို႔ တနလၤာေန႔ ၾသဂုတ္လ (၁၇) ရက္ေန႔က ေနျပည္ေတာ္ရွိ ဦးေရြမန္းအိမ္မွာ ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကပါတယ္။

ဘာေၾကာင့္ေတြ႔ၾကၿပီး၊ ဘာေတြအဓိက ေဆြးေႏြး အျမင္တူတာေတြ ရွိခဲ့ပါလဲ။ဒီသတင္းကို ကို၀င္းမင္း ေျပာျပမွာပါ။

လာမယ့္ေရြးေကာက္ပြဲမတိုင္ခင္ ဒီေဆြးေႏြးပြဲ ဘာေၾကာင့္ျဖစ္လာလဲကို ေမးရာမွာ သူရဦးေရြမန္းက

“သူကေနျပည္ေတာ္ကို ၿငိမ္းခ်မ္းေရးညီလာခံအတြက္လာတယ္ဗ်။ လာတဲ့အခ်ိန္မွာ စစ္သားေဟာင္းေတြ ျပန္လည္ေတြ႔ဆံုတာပါပဲ။ အျမင္ခ်င္းဖလွယ္တာေတာ့ ရွိပါတယ္ အဓိကေတာ ့ ၿငိမ္းခ်မ္းေရးလိုခ်င္တယ္၊ ဖယ္ဒရယ္ဒီမိုကေရစီႏိုင္ငံ ျဖစ္ခ်င္တယ္ အဲဒီအတြက္ ၂ ေယာက္ အျမင္ခ်င္းဖလွယ္တာ ျဖစ္ပါတယ္။”

အဲဒီေတာ့ ဒီတေခါက္ေဆြးေႏြးပြဲ ရဲ႕ ထူးျခားမႈကို ေမးရာမွာ သူရဦးေရြမန္းက ၂ နာရီနီးပါးၾကာ သီးသန္႔ ပထမဆံုး ေဆြးေႏြးႏိုင္တာျဖစ္တယ္လို႔ ေျပာၿပီး

“ထူးျခားခ်က္ကေတာ့ ဖထီး ေစာမူတူးေဆးဖိုးက တကယ္ ၿငိမ္းခ်မ္းေရးလိုခ်င္တယ္ဗ် ။ အဲဒီေတာ့ သူက တစိုက္မတ္မတ္ႀကိဳးစားေနတယ္ ။ ေဆြးေႏြးတဲ့ေနရာမွာလည္း သူက ၿငိမ္းခ်မ္းေရးအတြက္ အဓိကပဲ။ ဒုဥကၠဌႀကီးကေတာ့ ၿငိမ္းခ်မ္းေရးသည္ ႏိုင္ငံေရး နဲ႔ ဆက္စပ္ၿပီးေတာ့ ဖယ္ဒရယ္နဲ႔ ဆက္စပ္ၿပီးေတာ့ သူက ပိုၿပီးေတာ့ ထဲထဲ၀င္၀င္ ေလ့လာထားတယ္ဗ်။ ဒါေၾကာင့္မို႔လို႔ က်ေန႔ာ္အတြက္လည္း ၀မ္းသာမိပါတယ္၊ ပီတိျဖစ္မိတယ္။ ကိုယ္လိုပဲ စစ္သားေတြက အခုအခ်ိန္မွာ ဟိုတုန္းက ဘယ္လိုပဲ ျဖစ္ျဖစ္ အခု ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ၊ တိုက္ပြဲေတြ အဆံုးသတ္ေရးအတြက္ ႀကိဳးစားပမ္းစားလုပ္ေနတာ သူတို႔ကိုလည္းက်ေနာ္ ေက်းဇူးတင္တယ္။ ကိုယ့္ကိုကိုယ္လည္း အမ်ားႀကီးဆက္ၿပီးေတာ ၾကိဳးစားၿပီးေတာ့လုပ္ဖို႕ ပိုၿပီးေတာ့ ခိုင္မာစြာ ဆံုးျဖတ္ႏိုင္ခဲ့ပါတယ္။

KNU ဒုဥကၠဌ ဖဒို ေစာကြယ္ထူးဝင္းကေတာ့ ေတြ႔ဆံုဖို႔ ျဖစ္လာပံုနဲ႔ အဓိကေဆြးေႏြးခဲ့တာေတြကို

“က်ေနာ္တို႔ကေတာ့ ၿငိမ္းခ်မ္းေရးတည္ေဆာက္တဲ့ေနရာမွာ ဖယ္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စ တည္ေဆာက္တဲ့ေနရာမွာ ဘယ္အဖြဲ႔အစည္း ဘယ္ႏိုင္ငံေရးပါတီမဆို က်ေနာ္တို႔က ပူးတြဲေဆာင္ရြက္သြားမွာပါပဲ။ သူကေတာ့ သူ႔ပါတီ ရပ္တယ္ခ်က္၊ သေဘာထားေတြကိုေတာ့ သူရွင္းျပတာေပါ့ အထူးသျဖင့္ကေတာ့ ဒီၿငိမ္းခ်မ္းေရးလုပ္ငန္းမွာ သူကေတာ့တင္ျပပါတယ္ သူကလည္း လက္နက္ကိုင္ ပဋိပကၡထဲမွာ ပါ၀င္လာခဲ့တဲ့ တပ္မေတာ္ေခါင္းေဆာင္ႀကီးတဦးဆိုေတာ့ ျဖတ္သန္းတဲ့ အေတြ႔အႀကံဳေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ့္ႏိုင္ငံရဲ႕ ျပည္သူျပည္သားေတြ အားလံုးအက်ိဳးအတြက္ ျပည္ေထာင္စုမွာ ၿငိမ္းခ်မ္းေရးရွိမွ၊ ၿငိမ္းခ်မ္းေရးဆိုတာကလည္း အပစ္ရပ္တခုတည္းမဟုတ္ပဲနဲ႔ တုိင္းရင္းသားေတြနဲ႔ စည္းလံုးေရး ကလည္း အဓိက က်တယ္။ ဒါေၾကာင့္မို႔ ဖယ္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ရမယ္။ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ျပည္သူလူထုရဲ႕ စား၀တ္ေနေရး၊ လူမႈေရးဘ၀ ဖြံ႔ၿဖိဳးတိုးတက္ဖို႔အတြက္ ေဆာက္ရြက္ရမယ္ဆိုတဲ့ သူ႔ပါတီ ရပ္တယ္ခ်က္ေတြ ရွင္းျပတာေပါ့။”

ဒီေနရာမွာ အခုေဆြးေႏြးပြဲက ပင္လံုညီလာခံ ျပန္စခ်ိန္နဲ႔ တိုက္ဆိုင္ေနတာေၾကာင့္ ဒီအေပၚ ဘယ္လို အၾကံျပဳေဆြးေႏြးတာေတြ ရွိပါသလဲလို႔ ေမးရာမွာ ဦးေရြမန္းက

“အခုအစိုးရ လက္ထက္မွာေတာ့ ဒီတႀကိမ္ဟာ ေနာက္ဆံုးေဆြးေႏြးတဲ့အၾကိမ္ျဖစ္တယ္။ ဒါေၾကာင့္မို႔လက္ရွိအစိုးရ သက္တမ္းမွာေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ ရႏိုင္ဖို႔ သိပ္ၿပီးေတာ့ အေျခအေန မရွိေတာ့ဘူး ။ ဒါေၾကာင့္ ေနာင္တက္လာတဲ့ အစိုးရေနာက္ပိုင္းမွာ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မ်ား ပိုမိုေကာင္းမြန္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ ႀကိဳးစားေဆာင္ရြက္သြားဖုိ႔ လိုတယ္ဆိုတဲ့ သေဘာမ်ိဳး ေျပာပါတယ္ခင္ဗ်။”

အဲဒီေတာ့ ေနာင္အစိုးရလက္ထက္မွာေရာ လက္ရွိၿငိမ္းခ်မ္းေရးအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔ ေဆြးေႏြးျဖစ္တာေတြ ရွိပါသလားလို႔ ေမးရာမွာ ဦးေရြမန္းကဆက္ၿပီး

“သူေဆြးေႏြးတဲ့အထဲမွာ ဖယ္ဒရယ္ဆိုတာကို သေဘာက်တယ္။ ဖယ္ဒရယ္ဆိုတာက ခြဲထြက္တာ မဟုတ္ဘူး၊ စုစည္း ေပါင္းစည္းေနထိုင္တာ ဖယ္ဒရယ္ပဲ။ ဒါေၾကာင့္ ခြဲထြက္ဆုိတဲ့စကား မေဆြးေႏြးပဲနဲ႔ ဖယ္ဒရယ္ႏိုင္ငံၾကီးျဖစ္ၿပီးရင္ ဒီထဲမွာပဲ ေျပာမယ္ဆိုရင္ ကန္ထုတ္ တြန္းထုတ္ရင္ေတာင္ ထြက္မသြားခ်င္တဲ့ အေနအထားမ်ိဳးျဖစ္ေအာင္ က်ေနာ္တို႔ လုပ္ၾကရမယ္လို႔ ဒီလို အျမင္ခ်င္းဖလွယ္ၾကပါတယ္။ ၿပီးရင္ က်ေနာ္ကလည္း ပါတီ ထူေထာင္ၿပီးတဲ့အခါမွာ ဖယ္ဒရယ္ ဒီမိုကေရစီႏိုင္ငံ ထူေထာင္မယ္ဆိုတာကို အဓိကထား ဦးစားေပးပါတယ္။ ဘာေၾကာင့္လဲ ဖယ္ဒရယ္ ဒီမိုကေရစီႏိုင္ငံ ထူေထာင္ၿပီဆိုရင္ အေနာက္က ဒီမိုကေရစီက အလိုအေလ်ာက္ပါလာတယ္။ ဒါေၾကာင့္မို႔ ဖယ္ဒရယ္ကို ဦးစားေပးပါ။ အဲဒါကိုလည္း ဖထီးအေနနဲ႔ သေဘာက်လက္ခံတယ္ခင္ဗ်။”

အခုလို တဘက္က သေဘာက်ခဲ့တယ္ဆိုေတာ့ ဖယ္ဒရယ္ကို ဦးစားေပးတာ မခံရဘူးလို႔ သူတို႔ ခံစားေနရတဲ့ သေဘာေျပာတာလားလို႔ ေမးရာမွာ ဦးေရြမန္းက

“သူတို႔ဘက္ကေတာ့ အဲဒီသေဘာေျပာတဲ့အခါမွာ ဒီမိုကေရစီအေရးကို ေရွ႔တန္းတင္ၿပီးေတာ့ ဖယ္ဒရယ္ေရးကို ခ်န္ထားတဲ့အတြက္ အခုလို က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ဒီလိုျဖစ္ေနတယ္ဆိုတဲ့ သေဘာမ်ိဳးကို သံုးသပ္ေျပာဆို သြားတာကိုေတာ့ က်ေနာ္ သတိျပဳမိလိုက္ပါတယ္။”

အဲဒီေတာ့ အရင္ရန္ဘက္ စစ္သားေဟာင္းၾကီးေတြ ေတြ႔ဆံုပြဲကေန ျမန္မာ့ၿငိမ္းခ်မ္းေရးအေပၚ ဘယ္လို သက္ေရာက္မႈရွိမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနဲ့ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးတွေ့


(Unicode)

မြန်မာ့တပ်မတော်က အရင်ဗိုလ်ချုပ်ကြီးဟောင်းနဲ့ အခု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွေမန်းနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း စောမူတူးဆေးဖိုးတို့ တနင်္လာနေ့ သြဂုတ်လ (၁၇) ရက်နေ့က နေပြည်တော်ရှိ ဦးရွေမန်းအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဘာကြောင့်တွေ့ကြပြီး၊ ဘာတွေအဓိက ဆွေးနွေး အမြင်တူတာတွေ ရှိခဲ့ပါလဲ။ဒီသတင်းကို ကိုဝင်းမင်း ပြောပြမှာပါ။

လာမယ့်ရွေးကောက်ပွဲမတိုင်ခင် ဒီဆွေးနွေးပွဲ ဘာကြောင့်ဖြစ်လာလဲကို မေးရာမှာ သူရဦးရွေမန်းက

“သူကနေပြည်တော်ကို ငြိမ်းချမ်းရေးညီလာခံအတွက်လာတယ်ဗျ။ လာတဲ့အချိန်မှာ စစ်သားဟောင်းတွေ ပြန်လည်တွေ့ဆုံတာပါပဲ။ အမြင်ချင်းဖလှယ်တာတော့ ရှိပါတယ် အဓိကတော့ ငြိမ်းချမ်းရေးလိုချင်တယ်၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တယ် အဲဒီအတွက် ၂ ယောက် အမြင်ချင်းဖလှယ်တာ ဖြစ်ပါတယ်။”

အဲဒီတော့ ဒီတခေါက်ဆွေးနွေးပွဲ ရဲ့ ထူးခြားမှုကို မေးရာမှာ သူရဦးရွေမန်းက ၂ နာရီနီးပါးကြာ သီးသန့် ပထမဆုံး ဆွေးနွေးနိုင်တာဖြစ်တယ်လို့ ပြောပြီး

“ထူးခြားချက်ကတော့ ဖထီး စောမူတူးဆေးဖိုးက တကယ် ငြိမ်းချမ်းရေးလိုချင်တယ်ဗျ ။ အဲဒီတော့ သူက တစိုက်မတ်မတ်ကြိုးစားနေတယ် ။ ဆွေးနွေးတဲ့နေရာမှာလည်း သူက ငြိမ်းချမ်းရေးအတွက် အဓိကပဲ။ ဒုဥက္ကဌကြီးကတော့ ငြိမ်းချမ်းရေးသည် နိုင်ငံရေး နဲ့ ဆက်စပ်ပြီးတော့ ဖယ်ဒရယ်နဲ့ ဆက်စပ်ပြီးတော့ သူက ပိုပြီးတော့ ထဲထဲဝင်ဝင် လေ့လာထားတယ်ဗျ။ ဒါကြောင့်မို့လို့ ကျနေ့ာ်အတွက်လည်း ဝမ်းသာမိပါတယ်၊ ပီတိဖြစ်မိတယ်။ ကိုယ်လိုပဲ စစ်သားတွေက အခုအချိန်မှာ ဟိုတုန်းက ဘယ်လိုပဲ ဖြစ်ဖြစ် အခု ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ငြိမ်းချမ်းရေးအတွက် ၊ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ကြိုးစားပမ်းစားလုပ်နေတာ သူတို့ကိုလည်းကျနော် ကျေးဇူးတင်တယ်။ ကိုယ့်ကိုကိုယ်လည်း အများကြီးဆက်ပြီးတော ကြိုးစားပြီးတော့လုပ်ဖို့ ပိုပြီးတော့ ခိုင်မာစွာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

KNU ဒုဥက္ကဌ ဖဒို စောကွယ်ထူးဝင်းကတော့ တွေ့ဆုံဖို့ ဖြစ်လာပုံနဲ့ အဓိကဆွေးနွေးခဲ့တာတွေကို

“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စ တည်ဆောက်တဲ့နေရာမှာ ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံရေးပါတီမဆို ကျနော်တို့က ပူးတွဲဆောင်ရွက်သွားမှာပါပဲ။ သူကတော့ သူ့ပါတီ ရပ်တယ်ချက်၊ သဘောထားတွေကိုတော့ သူရှင်းပြတာပေါ့ အထူးသဖြင့်ကတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းမှာ သူကတော့တင်ပြပါတယ် သူကလည်း လက်နက်ကိုင် ပဋိပက္ခထဲမှာ ပါဝင်လာခဲ့တဲ့ တပ်မတော်ခေါင်းဆောင်ကြီးတဦးဆိုတော့ ဖြတ်သန်းတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီးတော့ ကျနော့်နိုင်ငံရဲ့ ပြည်သူပြည်သားတွေ အားလုံးအကျိုးအတွက် ပြည်ထောင်စုမှာ ငြိမ်းချမ်းရေးရှိမှ၊ ငြိမ်းချမ်းရေးဆိုတာကလည်း အပစ်ရပ်တခုတည်းမဟုတ်ပဲနဲ့ တိုင်းရင်းသားတွေနဲ့ စည်းလုံးရေး ကလည်း အဓိက ကျတယ်။ ဒါကြောင့်မို့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရမယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ လူမှုရေးဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောက်ရွက်ရမယ်ဆိုတဲ့ သူ့ပါတီ ရပ်တယ်ချက်တွေ ရှင်းပြတာပေါ့။”

ဒီနေရာမှာ အခုဆွေးနွေးပွဲက ပင်လုံညီလာခံ ပြန်စချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ဒီအပေါ် ဘယ်လို အကြံပြုဆွေးနွေးတာတွေ ရှိပါသလဲလို့ မေးရာမှာ ဦးရွေမန်းက

“အခုအစိုးရ လက်ထက်မှာတော့ ဒီတကြိမ်ဟာ နောက်ဆုံးဆွေးနွေးတဲ့အကြိမ်ဖြစ်တယ်။ ဒါကြောင့်မို့လက်ရှိအစိုးရ သက်တမ်းမှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရနိုင်ဖို့ သိပ်ပြီးတော့ အခြေအနေ မရှိတော့ဘူး ။ ဒါကြောင့် နောင်တက်လာတဲ့ အစိုးရနောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်များ ပိုမိုကောင်းမွန်ဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားဆောင်ရွက်သွားဖို့ လိုတယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်ခင်ဗျ။”

အဲဒီတော့ နောင်အစိုးရလက်ထက်မှာရော လက်ရှိငြိမ်းချမ်းရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ဆွေးနွေးဖြစ်တာတွေ ရှိပါသလားလို့ မေးရာမှာ ဦးရွေမန်းကဆက်ပြီး

“သူဆွေးနွေးတဲ့အထဲမှာ ဖယ်ဒရယ်ဆိုတာကို သဘောကျတယ်။ ဖယ်ဒရယ်ဆိုတာက ခွဲထွက်တာ မဟုတ်ဘူး၊ စုစည်း ပေါင်းစည်းနေထိုင်တာ ဖယ်ဒရယ်ပဲ။ ဒါကြောင့် ခွဲထွက်ဆိုတဲ့စကား မဆွေးနွေးပဲနဲ့ ဖယ်ဒရယ်နိုင်ငံကြီးဖြစ်ပြီးရင် ဒီထဲမှာပဲ ပြောမယ်ဆိုရင် ကန်ထုတ် တွန်းထုတ်ရင်တောင် ထွက်မသွားချင်တဲ့ အနေအထားမျိုးဖြစ်အောင် ကျနော်တို့ လုပ်ကြရမယ်လို့ ဒီလို အမြင်ချင်းဖလှယ်ကြပါတယ်။ ပြီးရင် ကျနော်ကလည်း ပါတီ ထူထောင်ပြီးတဲ့အခါမှာ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုတာကို အဓိကထား ဦးစားပေးပါတယ်။ ဘာကြောင့်လဲ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ပြီဆိုရင် အနောက်က ဒီမိုကရေစီက အလိုအလျောက်ပါလာတယ်။ ဒါကြောင့်မို့ ဖယ်ဒရယ်ကို ဦးစားပေးပါ။ အဲဒါကိုလည်း ဖထီးအနေနဲ့ သဘောကျလက်ခံတယ်ခင်ဗျ။”

အခုလို တဘက်က သဘောကျခဲ့တယ်ဆိုတော့ ဖယ်ဒရယ်ကို ဦးစားပေးတာ မခံရဘူးလို့ သူတို့ ခံစားနေရတဲ့ သဘောပြောတာလားလို့ မေးရာမှာ ဦးရွေမန်းက

“သူတို့ဘက်ကတော့ အဲဒီသဘောပြောတဲ့အခါမှာ ဒီမိုကရေစီအရေးကို ရှေ့တန်းတင်ပြီးတော့ ဖယ်ဒရယ်ရေးကို ချန်ထားတဲ့အတွက် အခုလို ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတယ်ဆိုတဲ့ သဘောမျိုးကို သုံးသပ်ပြောဆို သွားတာကိုတော့ ကျနော် သတိပြုမိလိုက်ပါတယ်။”

အဲဒီတော့ အရင်ရန်ဘက် စစ်သားဟောင်းကြီးတွေ တွေ့ဆုံပွဲကနေ မြန်မာ့ငြိမ်းချမ်းရေးအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG