သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး တွေ့ရှိမှု နဲ့ ဆေးဝန်ထမ်းတွေကို Trump နဲ့ Biden နှစ်သစ်ကူး ချီးကျူး


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အမေရိကန်နိုင်ငံသားတွေ ကြံ့ကြံ့ခံနိုင်ကြောင်း ပြသခဲ့တဲ့ ၂၀၂၀ မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အောင်မြင်မှုရခဲ့တာအပါအဝင် လုပ်ဆောင်ခဲ့တာတွေအတွက် အမှတ်ရ ကြဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၁ နှစ်သစ်အခါသမယအတွက် သမ္မတအိမ်ဖြူတော်ကနေ ဗွီဒီယိုမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ဒီနှစ်မှာ အမေရိကန်နိုင်ငံသားတွေက သူတို့ရဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး ခွန်အားအပြည့်နဲ့ အလေ ျှာ့ မပေးကြောင်း ပြသပြီး ပြဿနာကို အဖြေရှာခဲ့ကြသလို ဘယ်သူကမှ ဖြစ်နိုင်မယ်လို့ တွက်မထားတာတွေကို သမိုင်းဝင်အောင်မြင်မှုရအောင် အတူတကွ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောသွားတာပါ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဖြစ်တဲ့ ဆော်သြလှုပ်ရှားမှုတွေကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက်လုပ်ဆောင်ခဲ့ကြောင်းနဲ့ သောင်းနဲ့ချီတဲ့ အသက်ရှုစက်တွေ၊ သန်းပေါင်းများစွာသော နှာခေါင်းစည်းတွေ ထုတ်ဖို့ စက်ရုံတွေကို အသွင်ပြောင်းပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဘယ်သူကမှ ဖြစ်နိုင်မယ်လို့ ထင်မထားတဲ့ ကာကွယ်ဆေးအမြန်ထုတ်ဖို့ လုပ်တာကို ၉ လအတွင်းအကောင်ထည် ဖေါ်နိုင်သလို ပြည်သူတွေ ဆေးအမြန်ရအောင်ပါ လုပ်ဆောင် ပေးနေတာ ဖြစ်ပြီး ဒီလုပ်ဆောင်မှုတွေကို မမေ့ကြဖို့ ပန်ကြားခဲ့တာပါ။

အရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်ကတော့ နှစ်သစ်အကြိုညချမ်းမှာ ကျန်းမာရေးလုပ်သားတွေကို ဂုဏ်ပြုခဲ့ပါတယ်။ သက္ကရာဇ် ၂၀၂၀ မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခု ၂၀၂၁ ကတော့ အမေရိကန်နိုင်ငံအတွက် ကောင်းမွန်တဲ့ နှစ်ဖြစ်လာမယ့်လို့ သူယုံကြည်ကြောင်း အပြုသဘောဆောင် ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ သန်း ၂၀ နီးပါး ဖြစ်နေပြီး သေဆုံးရသူက ၃ သိန်းခွဲနီးပါး ရှိနေတာပါ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကတော့ နှစ်ဆန်းတရက် သောကြာနေ့ နေ့လည် ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး အတွက် ပန်ကြားခဲ့ပါတယ်။ ၂၀၂၀ မှာ ကြုံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွါးမှုကနေ တဦးရဲ့ပူပန်မှုတွေ ပြဿနာတွေကို နောက်တဦးက မ ျှဝေခံစားဖို့လိုတယ်ဆိုတာ ပြသခဲ့ကြောင်းနဲ့ ဒီလို လုပ်ဆောင်မှုကနေ ညီရင်းအကိုဆက်ဆံမှုတည်ဆောက်လာစေတဲ့ အတွက် ငြိမ်းချမ်းရေးလမ်း ကြောင်း ပေါ်ရောက်လာစေတယ်လို့ ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ တင်ပဆုံရိုး အာရုံကြောဆိုင်ရာ ဝေဒနာခံစားနေရတဲ့ အတွက် နှစ်သစ်အကြိုဆုတောင်းပွဲနဲ့ နှစ်ဆန်း တရက်နေ့ မနက်ခင်းဆုတောင်းပွဲတွေကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG