သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်မှုတားဆီးရေးလုပ်ရပ် လေးနက်စေဖို့ သမ္မတ Trump မက္ကစီကို နယ်စပ်ကိုသွားရောက် 


 သမ္မတ Trump မက္ကစီကို နယ်စပ်ကိုသွားရောက် 
သမ္မတ Trump မက္ကစီကို နယ်စပ်ကိုသွားရောက် 

(Zawgyi/Unicode)

တက္ကဆက် ပြည်နယ် တောင်ပိုင်း မက္ကဆီကို နယ်စပ်နားက Alamo ကိုရောက်နေတဲ့ သမ္မတ ထရမ့်ကို ထောက်ခံသူ လူအုပ်စု ငယ်တစ်စုက ကြိုဆို နှုတ်ဆက်ပါတယ်။ သမ္မတ ထရမ့် တာဝန် ထမ်းဆောင်တဲ့ကာလအတွင်း သူ့ရဲ့ အစိုးရက တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုတွေကို တားဆီးရာမှာ အောင်မြင်မှု ရရှိခဲ့တာတွေကို အလေးထား ပြသတဲ့အနေနဲ့ အဲဒီမြို့ကို တရက်ကြာ သွားရောက်တာ ဖြစ်ပါတယ်။

သူအခုလို တက္ကဆက်ပြည်နယ်ကို သွားရောက်ချိန် ဝါရှင်တန် ဒီစီမှာတော့ ဒီမိုကရက် အမတ်အများစု ကြီးစိုးထားတဲ့ အောက်လွှတ်တော်က သူ့ကို ရာထူးက ဖယ်ရှားရေး ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး ကိစ္စက ၂၀၁၆ ခုနှစ် သမ္မတ မဲဆွယ်ပွဲမှာ သမ္မတ ထရမ့်ရဲ့ ဦးစားပေး မူဝါဒ တစ်ခု ဖြစ်ခဲ့ပြီး မက္ကဆီကို နယ်စပ် မှာ အကာအရံ တံတိုင်းတည်ဆောက်ဖို့ အဲဒီ အချိန်ကတည်းက ကြွေးကြော်နေခဲ့တာပါ။

အာဏာရလာပြီးတဲ့နောက်ပိုင်းမှာတော့ သူ့အစိုးရ အဖွဲ့က မက္ကဆီကိုနယ်စပ်တစ်လျှောက် ၇၂၄ ကီလိုမီတာ(မိုင် ၄၅၀)ရှိတဲ့ နယ်စပ် တံတိုင်းတည်ဆောက်မှုကို တာဝန်ယူ ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။

အသစ် တည်ဆောက်တဲ့ နယ်စပ်တံတိုင်းက ရှိပြီးသား အကာအရံ အငယ်စားတွေ တော်တော်များများနေရာမှာ အစားထိုး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို သမ္မတ ထရမ့် Alamo မြို့ကို မသွားရောက်ခင်ကလေးမှာပဲ လူဝင်မှုကြီးကြပ်ကိစ္စမှာ အရေးပါတဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနမှာ ခေတ္တတာဝန်ယူထားသူ ဝန်ကြီး Chad Wolf ရာထူးကနေ ရုတ်တရက် နုတ်ထွတ်သွားခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ အစိုးရ အဖွဲ့က ဇန်နဝါရီ ၂၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

လူဝငျမှုတားဆီးရေးလုပျရပျ လေးနကျစဖေို့ သမ်မတ Trump မက်ကစီကို နယျစပျကိုသှားရောကျ

(Unicode)







XS
SM
MD
LG