သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်


သမ္မတ Trump ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်
သမ္မတ Trump ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်

(Zawgyi / Unicode)

ကုန်သွယ်ရေးသဘောတူညီချက်ကြီးနှစ်ခု ရရှိခဲ့တာကိုထောက်ပြပြီး၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရင်တခါမှ မကြုံစဖူး အနိုင်ရမှုတွေ ထပ်ရနေပြီဆိုပြီး အမေရိကန်သမ္မတ Donald Trump က ဆွီဇာလန်နိုင်ငံ Davos မှာ ကျင်းပနေတဲ့ အခု အင်္ဂါနေ့ ကမ္ဘာ့စီးပွားရေးဖိုရမ် အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ အမေရိကန်အထက်လွှတ်တော်မှာ သမ္မတကို တရားစွဲဆိုဖို့ ကြားနာမှုနောက်ထပ်အဆင့်တရပ် မ စတင်ခင် နာရီပိုင်းလေးမှာပဲ သမ္မတက အခုလို မိန့်ခွန်းပြောခဲ့တာပါ။

တရုတ်နဲ့ကုန်သွယ်ရေးသဘောတူညီချက် ပထမဆုံးအဆင့်ရရှိခဲ့တာနဲ့ ကနေဒါ ၊ Mexico နိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို အထက်လွှတ်တော်က အတည်ပြုပေးလိုက်တာတွေ အပါအဝင် အမေရိကန်က လူလတ်တန်းစားအလုပ်သမားတွေနဲ့ ကုမ္ပဏီတွေအတွက် သူ ဘယ်လို စွမ်းဆောင် လုပ်နိုင်ခဲ့သလဲဆိုတာတွေကိုပါ ပြောဆိုသွားပါတယ်။

လွန်ခဲ့တဲ့၂ နှစ်တုန်းက ဒီ Davos ညီလာခံ မိန့်ခွန်းမှာ အမေရိကန် ပြန်ပြီး ကြီးမြတ်လာဖို့ လုပ်နေတယ်လို့ ပြောခဲ့တယ်။ အခု ဒီကနေ့မှာတော့ အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာမှာ မကြုံစဖူး စီးပွားရေးဖွံဖြိုးမှု ရရှိနေပြီဆိုတာ ကြေညာပါတယ်ဆိုပြီး သမ္မတ Trump က ပြောဆိုသွားတာပါ။ အခြားနိုင်ငံတွေအနေနဲ့ သူတို့ ဗျူရိုကရေစီစနစ်ကို ဖျက်ပြီးတော့၊ သူ့ ဦးဆောင်မှုနောက် လိုက်ကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

သမ္မတ Trump အနေနဲ့ အထက်လွှတ်တော်မှာ သူ့ကို အရေးယူဖို့ ကြားနာစစ်ဆေးမှုတွေ ရင်ဆိုင်နေရချိန်မျာပဲ၊ လတ်တလောမှာတော့ ဆွီဇာလန်နိုင်ငံ အင်္ဂါနေ့မနက်မိန့်ခွန်းပြောပြီး ညီလာခံဘေးပန်းမှာ အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းကျရင်တော့ ဝါရှင်တန်ဒီစီကို ပြန်မှာပါ။ အိမ်ဖြူတော်ထုတ်ပြန်ချက်အရဆိုရင်တော့ သမ္မတ Trump အနေနဲ့ အီရတ်သမ္မတ Barham Salih ၊ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ၊ ဆွီဇာလန် သမ္မတ Simonetta Sommaruga၊အီးယူ ဥရောပသမဂ္ဂဥက္ကဌ Ursula von der Leyen နဲ့ ကာဒ်ဒေသအစိုးရ အကြီးအကဲဖြစ်သူ Nechirvan Barzani တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ဖိတ်ကြားခံရသူ သုံးထောင်တတ်ရောက်မယ့် အဲဒီပွဲကိုတော့ စစ်ဘက်နဲ့ရဲတပ်ဖွဲ့ ငါးထောင်နီးပါး လုံခြုံရေးယူထားမှာဖြစ်ပါတယ်။ Australia တောမီးကြောင့် ပျက်စီးထိခိုက်မှုတွေကို မီးမောင်းထိုးပြဖို့ Koala ဝက်ဝံပုံ ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတွေအပါအဝင် ဆန္ဒပြမယ့်သူတွေကလည်း ရာဂဏန်းရှိနေပါတယ်။ သူ မိန့်ခွန်းပြောအပြီး နှစ်နာရီအကြာလုပ်မယ့် ဆွေးနွေးပွဲကိုတော့ သဘာ၀ ပတ်ဝန်းကျင်ရေးလှုပ်ရှားသူ ဆယ်ကျော်သက်အရွယ် Greta Thunberg က အဖွင့်စကားပြောဆိုမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


......................

သမ်မတ Trump ကမ်ဘာ့စီးပှားရေးဖိုရမျ တကျရောကျ

(Unicode)






XS
SM
MD
LG