သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်တိုက်ခိုက်သူ ၂ ဦး ထောင်ဒဏ်နှစ်ရှည်ချခံရ 


ယခင်မှတ်တမ်းရုပ်ပုံ | ဇန်နဝါရီ ၆ အမေရိကန်လွှတ်တော်စီးနှင်းခံရတဲ့နေ့က တွေ့ရတဲ့ Proud Boys အဖွဲ့ဝင် Zachary Rehl (ဝဲ) နဲ့ Joseph BIggs (ယာ) (ဇန်နဝါရီ ၆၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ဇန်နဝါရီ ၆ အမေရိကန်လွှတ်တော်စီးနှင်းခံရတဲ့နေ့က တွေ့ရတဲ့ Proud Boys အဖွဲ့ဝင် Zachary Rehl (ဝဲ) နဲ့ Joseph BIggs (ယာ) (ဇန်နဝါရီ ၆၊ ၂၀၂၁)

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အစွန်းရောက်အဖွဲ့ ခေါင်းဆောင်ဟောင်း ၂ ဦးကို ထောင်ဒဏ် နှစ်ရှည်ချလိုက်ပါတယ်။ သမ္မတဟောင်း Donald Trump ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်ကနေ တရားဝင် အတည်မပြုနိုင်အောင် လွှတ်တော်ထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Proud Boys လက်ယာစွန်းအဖွဲ့ ခေါင်းဆောင် ၂ ဦးကို ထောင်ဒဏ် ၁၇ နှစ်နဲ့ ၁၅ နှစ်စီ ကြာသပတေးနေ့က ချလိုက်တာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ Joe Biden သမ္မတ အာဏာလွှဲယူနိုင်ရေး ရွေးကောက်ပွဲရလာဒ် တရားဝင်အတည်ပြုတဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်စည်းဝေးပွဲကို ဝင်ဖျက်ဖို့ လွှတ်တော်ထဲအထိ ဝင်ရောက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ Joseph Biggs ကို ထောင် ၁၇ နှစ်နဲ့ Zachary Reh ကို ထောင် ၁၅ နှစ် အသီးသီး ချမှတ်လိုက်တာပါ။

အခုလို ထောင်နှစ်ရှည်ချလိုက်တာဟာ ဒီဇန်နဝါရီ ၆ လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်မှုအပြီး Proud Boys အစွန်းရောက်အဖွဲ့အပေါ် အမေရိကန် ခရိုင်အဆင့်တရားရုံးက ပထမဆုံးချမှတ်တာဖြစ်ပြီးနဲ့ ဒီအမှုတွေထဲမှာ ပြစ်ဒဏ်အကြာဆုံး ထောင်ဒဏ်လည်းဖြစ်ပါတယ်။

အခု အမိန့်ချမှတ်ပေးခဲ့တဲ့ ခရိုင်တရားသူကြီး Timothy Kelly အနေနဲ့ နောက်ထပ် ဒီ Proud Boys အစွန်းရောက်အဖွဲ့ဝင် ၃ ဦးကိုလည်း အလားတူ စီရင်ပြီး၊ ထပ် အမိန့်ချဖို့ ရှိနေပါတယ်။ အဲဒီ အစွန်းရောက်အဖွဲ့ဝင် ၃ ဦးကိုတော့ ဝါရှင်တန်မြို့တော်မှာ ၄ လ ကြာ ခုံရုံးတင် စစ်ဆေးခဲ့ပြီး ဒီနှစ် မေလမှာ အပစ်ရှိကြောင်း ဂျုရီခုံလူကြီးက အမိန့်ချထားပြီးဖြစ်ပါတယ်။

အဲဒီအထဲက ဒီလက်ယာအစွန်းရောက်အဖွဲ့ဝင်တွေအနေနဲ့ သမ္မတဟောင်း Trump က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မဲလိမ်ခံခဲ့ရတယ်လို့ လိမ်ညာခဲ့တာကို မျက်စိမှတ်ယုံကြည်လက်ခံပြီး အခုလို လုပ်ခဲ့တာလို့ စပြီး တရားရုံး ဆုံးဖြတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG