သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကိုပိတ္ဆို႔ဒဏ္ခတ္မႈ ဂ်ပန္ထပ္တိုး


Putin and icc

[[Zawgyi/unicode]]

ဂ်ပန္ႏိုင္ငံက ႐ုရွားအေပၚ ေနာက္ထပ္ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို အဂၤါေန႔က အတည္ျပဳ ခ်မွတ္လိုက္ပါတယ္။ ႐ုရွားသမၼတ ဗလာဒီမာပူတင္ရဲ႕ သမီးႏွစ္ဦးအပါအဝင္ လူ ၄၀၀ နီးပါးေလာက္ရဲ႕ပိုင္ဆိုင္မႈေတြ ထုတ္ယူလႊဲေျပာင္းခြင့္ကို ဂ်ပန္က ပိတ္ပင္လိုက္တဲ့အျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ေတြနဲ႔ ေဗာ့ဒ္ကာအရက္ တင္သြင္းမႈကိုပါ တားျမစ္လိုက္ပါတယ္။ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂး လက္ဗေရာ့ဗ္ (Sergey Lavrov) ရဲ႕ ဇနီးနဲ႔သမီးတို႔လည္း အေရးယူ ခံလိုက္ရပါတယ္။

အခုဆိုရင္ ဂ်ပန္က ႐ုရွား လူပုဂၢိဳလ္ေတြနဲ႔ အဖြဲ႕အစည္းေပါင္း ၅၀၀ ေက်ာ္ရဲ႕ ပိုင္ဆိုင္မႈေတြကို ယာယီထိန္းခ်ဳပ္ထားၿပီး ျဖစ္ပါတယ္။ အခု ခ်မွတ္လိုက္တဲ့ ဒီ အေရးယူမႈအသစ္ေတြထဲ အဓိက ဘဏ္ေတြျဖစ္တဲ့ Sberbank နဲ႔ Alfa ဘဏ္ေတြက ပိုင္ဆိုင္မႈေတြအျပင္ ႐ုရွားစစ္ဘက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းေတြနဲ႔ ဆက္ႏႊယ္ေနတဲ့ တျခား ႐ုရွား အဖြဲ႕အစည္း ၂၈ ခုလည္း ပါဝင္ပါတယ္။ ခုလို ထိန္းခ်ဳပ္အေရးယူလိုက္တာေတြက ေမလ ၁၂ ရက္ကေနစၿပီး သက္ေရာက္မွာျဖစ္ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေသာၾကာေန႔က ပိတ္ဆို႔အေရးယူေရးစာရင္းကို တင္ျပခဲ့ၿပီး ခု ပိတ္ဆို႔အေရးယူလိုက္တာက အဲဒီစာရင္းရဲ႕ အစိတ္အပိုင္းတရပ္ ျဖစ္ပါတယ္။ အဲဒီအဆိုျပဳခ်က္ထဲမွာ ႐ုရွားကတင္သြင္းေနတဲ့ ေက်ာက္မီးေသြးနဲ႔ တျခား႐ုပ္ႂကြင္းေလာင္စာဆီေတြကို တျဖည္းျဖည္း တင္သြင္းတာ ရပ္ဆိုင္းေရးလည္း ပါဝင္ပါတယ္။ ေဗာ့ဒ္ကာ၊ ဝိုင္၊ သစ္ခြဲသားနဲ႔ ေမာ္ေတာ္ယာဥ္ အစိတ္အပိုင္းေတြအပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ေတြနဲ႔ ႐ုရွားသြင္းကုန္ေတြကို လာမယ့္သီတင္းပတ္မွာ ဂ်ပန္ႏိုင္ငံက တင္သြင္းမႈ ပိတ္ပင္သြားမွာျဖစ္ပါတယ္။

႐ုရွားကိုပိတ္ဆို႔ဒဏ္ခတ္မႈ ဂ်ပန္ထပ္တိုး
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္

================

[[unicode]]

ရုရှားကိုပိတ်ဆို့ဒဏ်ခတ်မှု ဂျပန်ထပ်တိုး

ဂျပန်နိုင်ငံက ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အင်္ဂါနေ့က အတည်ပြု ချမှတ်လိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ သမီးနှစ်ဦးအပါအဝင် လူ ၄၀၀ နီးပါးလောက်ရဲ့ပိုင်ဆိုင်မှုတွေ ထုတ်ယူလွှဲပြောင်းခွင့်ကို ဂျပန်က ပိတ်ပင်လိုက်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ဗော့ဒ်ကာအရက် တင်သွင်းမှုကိုပါ တားမြစ်လိုက်ပါတယ်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် (Sergey Lavrov) ရဲ့ ဇနီးနဲ့သမီးတို့လည်း အရေးယူ ခံလိုက်ရပါတယ်။

အခုဆိုရင် ဂျပန်က ရုရှား လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေကို ယာယီထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ အခု ချမှတ်လိုက်တဲ့ ဒီ အရေးယူမှုအသစ်တွေထဲ အဓိက ဘဏ်တွေဖြစ်တဲ့ Sberbank နဲ့ Alfa ဘဏ်တွေက ပိုင်ဆိုင်မှုတွေအပြင် ရုရှားစစ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ တခြား ရုရှား အဖွဲ့အစည်း ၂၈ ခုလည်း ပါဝင်ပါတယ်။ ခုလို ထိန်းချုပ်အရေးယူလိုက်တာတွေက မေလ ၁၂ ရက်ကနေစပြီး သက်ရောက်မှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က သောကြာနေ့က ပိတ်ဆို့အရေးယူရေးစာရင်းကို တင်ပြခဲ့ပြီး ခု ပိတ်ဆို့အရေးယူလိုက်တာက အဲဒီစာရင်းရဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ အဲဒီအဆိုပြုချက်ထဲမှာ ရုရှားကတင်သွင်းနေတဲ့ ကျောက်မီးသွေးနဲ့ တခြားရုပ်ကြွင်းလောင်စာဆီတွေကို တဖြည်းဖြည်း တင်သွင်းတာ ရပ်ဆိုင်းရေးလည်း ပါဝင်ပါတယ်။ ဗော့ဒ်ကာ၊ ဝိုင်၊ သစ်ခွဲသားနဲ့ မော်တော်ယာဉ် အစိတ်အပိုင်းတွေအပါအဝင် ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ရုရှားသွင်းကုန်တွေကို လာမယ့်သီတင်းပတ်မှာ ဂျပန်နိုင်ငံက တင်သွင်းမှု ပိတ်ပင်သွားမှာဖြစ်ပါတယ်။
================

XS
SM
MD
LG