သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ျခမ္း ဆူမီၿမိဳ႕ခံေတြကို ထြက္ခြာခြင့္ျပဳ


စစ္ေဘးလြတ္ရာ မိသားစုနဲ႔အတူထြက္ခြါေတာ့မယ့္ သားငယ္ကိုႏႈတ္ဆက္ေနတဲ့ဖခင္ ယူကရိန္းရဲအရာရွိတဦး (မတ္လ ၈၊ ၂၀၂၂) 

[[Zawgyi/Unicode]]

႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ ယူကရိန္းႏိုင္ငံ ဆူမီၿမိဳ႕ကေန ၿမိဳ႕သူၿမိဳ႕သားေတြဟာ ႏွင္းေတြက်ေနတဲ့ လမ္းတေလွ်ာက္ အဂၤါေန႔က ဘတ္စ္ကားေတြနဲ႔ စတင္ထြက္ခြါေနၾကၿပီ ျဖစ္ပါတယ္။ ဒီၿမိဳ႕ဟာ ယူကရိန္းရဲ႕ အေရွ႕ဘက္မွာရွိၿပီး ႐ုရွားနယ္စပ္နဲ႔ မိုင္ ၃၀ ေဝးပါတယ္။ ႐ုရွားက လူသားခ်င္းစာနာေထာက္ထားေရး လမ္းေၾကာင္းဖြင့္ေပးမယ္လို႔ ကတိေပးထားတဲ့ ၿမိဳ႕ငါးၿမိဳ႕ထဲက တၿမိဳ႕ျဖစ္ပါတယ္။

ခုလို လုံၿခဳံစိတ္ခ်ရတဲ့ထြက္လမ္းကို မနက္ ၉ နာရီကေန ည ၉ နာရီအထိ အပစ္ရပ္ထားေပးဖို႔ ယူကရိန္းနဲ႔ ႐ုရွားတို႔က သေဘာတူညီခဲ့ၾကေၾကာင္း ယူကရိန္းဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereshchuk အဂၤါေန႔မွာ ေျပာပါတယ္။ ဆူမီ ၿမိဳ႕ကထြက္လာၾကတဲ့ ဒုကၡသည္ေတြထဲမွာ ယူကရိန္းမွာ ပညာသင္ယူေနၾကတဲ့ အိႏၵိယနဲ႔ တ႐ုတ္ ‌ေက်ာင္းသားေတြလည္းပါဝင္ၾကတယ္လို႔ သူမက ေျပာပါတယ္။ အဲဒီ စစ္ေရွာင္အရပ္သားေတြဟာ ဘဲလာ႐ုစ္နဲ႔႐ုရွားကိုလာႏိုင္ေၾကာင္း ႐ုရွားကအဆိုျပဳခဲ့ေပမယ့္ ယူကရိန္းက လက္မခံခဲ့ဘူးလို႔ ဆိုပါတယ္။

ဘယ္ေလာက္ၾကာၾကာအထိ ခုလိုထြက္ခြါလို႔ ရမယ္ဆိုတာကေတာ့ မရွင္းလင္းလွပါဘူး။ ၿပီးခဲ့တဲ့ သေဘာတူညီခ်က္ေတြမွာေတာ့ ႐ုရွားတပ္ေတြက ပစ္ခတ္ခဲ့တဲ့အတြက္ ၿမိဳ႕သူၿမိဳ႕သားေတြ အဲဒီလို ထြက္ခြါတာက ပ်က္ပ်ယ္သြားခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================


[[Unicode]]

ယူကရိန်းအရှေ့ခြမ်း ဆူမီမြို့ခံတွေကို ထွက်ခွာခွင့်ပြု

ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံ ဆူမီမြို့ကနေ မြို့သူမြို့သားတွေဟာ နှင်းတွေကျနေတဲ့ လမ်းတလျှောက် အင်္ဂါနေ့က ဘတ်စ်ကားတွေနဲ့ စတင်ထွက်ခွါနေကြပြီ ဖြစ်ပါတယ်။ ဒီမြို့ဟာ ယူကရိန်းရဲ့ အရှေ့ဘက်မှာရှိပြီး ရုရှားနယ်စပ်နဲ့ မိုင် ၃၀ ဝေးပါတယ်။ ရုရှားက လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းဖွင့်ပေးမယ်လို့ ကတိပေးထားတဲ့ မြို့ငါးမြို့ထဲက တမြို့ဖြစ်ပါတယ်။

ခုလို လုံခြုံစိတ်ချရတဲ့ထွက်လမ်းကို မနက် ၉ နာရီကနေ ည ၉ နာရီအထိ အပစ်ရပ်ထားပေးဖို့ ယူကရိန်းနဲ့ ရုရှားတို့က သဘောတူညီခဲ့ကြကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ် Iryna Vereshchuk အင်္ဂါနေ့မှာ ပြောပါတယ်။ ဆူမီ မြို့ကထွက်လာကြတဲ့ ဒုက္ခသည်တွေထဲမှာ ယူကရိန်းမှာ ပညာသင်ယူနေကြတဲ့ အိန္ဒိယနဲ့ တရုတ် ‌ကျောင်းသားတွေလည်းပါဝင်ကြတယ်လို့ သူမက ပြောပါတယ်။ အဲဒီ စစ်ရှောင်အရပ်သားတွေဟာ ဘဲလာရုစ်နဲ့ရုရှားကိုလာနိုင်ကြောင်း ရုရှားကအဆိုပြုခဲ့ပေမယ့် ယူကရိန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

ဘယ်လောက်ကြာကြာအထိ ခုလိုထွက်ခွါလို့ ရမယ်ဆိုတာကတော့ မရှင်းလင်းလှပါဘူး။ ပြီးခဲ့တဲ့ သဘောတူညီချက်တွေမှာတော့ ရုရှားတပ်တွေက ပစ်ခတ်ခဲ့တဲ့အတွက် မြို့သူမြို့သားတွေ အဲဒီလို ထွက်ခွါတာက ပျက်ပျယ်သွားခဲ့ရပါတယ်။
=================

XS
SM
MD
LG