[[Zawgyi/Unicode]]
ယူကရိန္းမွာ အရပ္သားေတြကိုသတ္ျဖတ္မႈအေပၚ အိႏိၵယႏုိင္ငံက ျပစ္တင္ ႐ႈတ္ခ်လိုက္ပါတယ္။ ဒါဟာျဖင့္ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တုိုက္ခိုက္မႈအေပၚ အိႏိၵယက ပထမဆံုးအႀကိမ္ လူသိရွင္ၾကား ျပစ္တင္ေဝဖန္လိုက္တာျဖစ္ေပမယ့္ ႐ုရွားဟာ အိႏိၵယရဲ႕အေရးပါတဲ့ စီးပြားေရးမိတ္ဘက္ႏုိင္ငံတခုအျဖစ္ ဆက္ရွိေနပါတယ္လုိ႔လည္း ေျပာပါတယ္။
ယူကရိန္းကို ႐ုရွားကက်ဴးေက်ာ္တိုက္ခိုက္တဲ့အေပၚ ႐ုရွားရဲ႕မဟာမိတ္ႏုိင္ငံတခုအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာတဲ့ အိႏိၵႏိုင္ငံဟာ အေမရိကန္နဲ႔ မဟာမိတ္ေတြက အျပင္းအထန္ ဖိအားေပးေနတဲ့ၾကားမွာပဲ ျပစ္တင္ေဝဖန္ဖို႔ ေရွာင္ေနခဲ့တာပါ။
“Bucha ၿမိဳ႕မွာ သတ္ျဖတ္မႈေတြအေပၚ အျပင္းအထန္ ျပစ္တင္႐ႈတ္ခ်ပါတယ္” လို႔ အိႏိၵယႏုိင္ငံျခားေရးဝန္ႀကီး Subramanyam Jaishankar က လႊတ္ေတာ္မွာ ဒီကေန႔ေျပာပါတယ္။ “ဒီျဖစ္ရပ္ဟာ သိပ္ကိုဆိုးရြားတဲ့ကိစၥျဖစ္ၿပီး သီးျခားလြတ္လပ္တဲ့ စံုစမ္း စစ္ေဆးမႈလုပ္ဖို႔ ေတာင္းဆိုေနၾကတာကို ေထာက္ခံပါတယ္” လို႔ ဝန္ႀကီး Jaishankar ကဆုိပါတယ္။
ကိဗ္ၿမိဳ႕ေတာ္အနီးက Bucha ၿမိဳ႕ကို သိမ္းပိုက္ထားခ်ိန္အတြင္း ႐ုရွားတပ္ဖြဲ႔ေတြက အရပ္သား ၃၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ့တယ္လို႔ ယူကရိန္းတာဝန္ရွိသူေတြနဲ႔ ေဒသခံေတြကေျပာပါတယ္။
Bucha ၿမိဳ႕မွာ အရပ္သားေတြကို သတ္ျဖတ္ခဲ့တယ္ဆိုတဲ့သတင္းဟာ “သိပ္ကို ထိတ္လန္႔တုန္လႈပ္” ဖြယ္ပါပဲလို႔ဆိုၿပီး ကုလသမဂၢ လံုျခံဳေရးေကာင္စီ အစည္းအေဝးမွာ အိႏိၵယႏုိင္ငံက ျပစ္တင္႐ႈတ္ခ်ခဲ့ၿပီးတဲ့ေနာက္ ႏုိင္ငံျခားေရးဝန္ႀကီးက အခုလိုေျပာတာပါ။ ႐ုရွားကို ျပစ္တင္႐ႈတ္ခ်တဲ့ ကုလသမဂၢရဲ႕ ဆံုးျဖတ္ခ်က္ေတြကို အိႏိၵယႏုိင္ငံက ေထာက္ခံမဲမေပးဘဲ ၾကားေနခဲ့ပါတယ္။
=============
[[Unicode]]
ယူကရိန်းမှာအရပ်သားတွေကို သတ်ဖြတ်မှုအပေါ် အိန္ဒိယနိုင်ငံက ပြစ်တင်ရှုတ်ချ
ယူကရိန်းမှာ အရပ်သားတွေကိုသတ်ဖြတ်မှုအပေါ် အိန္ဒိယနိုင်ငံက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒါဟာဖြင့် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုအပေါ် အိန္ဒိယက ပထမဆုံးအကြိမ် လူသိရှင်ကြား ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပေမယ့် ရုရှားဟာ အိန္ဒိယရဲ့အရေးပါတဲ့ စီးပွားရေးမိတ်ဘက်နိုင်ငံတခုအဖြစ် ဆက်ရှိနေပါတယ်လို့လည်း ပြောပါတယ်။
ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်တဲ့အပေါ် ရုရှားရဲ့မဟာမိတ်နိုင်ငံတခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ အိန္ဒိနိုင်ငံဟာ အမေရိကန်နဲ့ မဟာမိတ်တွေက အပြင်းအထန် ဖိအားပေးနေတဲ့ကြားမှာပဲ ပြစ်တင်ဝေဖန်ဖို့ ရှောင်နေခဲ့တာပါ။
“Bucha မြို့မှာ သတ်ဖြတ်မှုတွေအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subramanyam Jaishankar က လွှတ်တော်မှာ ဒီကနေ့ပြောပါတယ်။ “ဒီဖြစ်ရပ်ဟာ သိပ်ကိုဆိုးရွားတဲ့ကိစ္စဖြစ်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုလုပ်ဖို့ တောင်းဆိုနေကြတာကို ထောက်ခံပါတယ်” လို့ ဝန်ကြီး Jaishankar ကဆိုပါတယ်။
ကိဗ်မြို့တော်အနီးက Bucha မြို့ကို သိမ်းပိုက်ထားချိန်အတွင်း ရုရှားတပ်ဖွဲ့တွေက အရပ်သား ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။
Bucha မြို့မှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းဟာ “သိပ်ကို ထိတ်လန့်တုန်လှုပ်” ဖွယ်ပါပဲလို့ဆိုပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အိန္ဒိယနိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောတာပါ။ ရုရှားကို ပြစ်တင်ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို အိန္ဒိယနိုင်ငံက ထောက်ခံမဲမပေးဘဲ ကြားနေခဲ့ပါတယ်။
=============