သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခက္အခဲေတြ ပိုၿပီးရင္ဆိုင္လာရတဲ့ ၇၅ႏွစ္ျပည့္ ကုလသမဂၢ


ကုလအေထြေထြညီလာခံ (၂၀၁၇ စက္တင္ဘာ)

(Zawgyi/Unicode)

ဇြန္လ ၂၆ ရက္ ေန႔ဟာ ကုလသမဂၢအဖြဲ႔ႀကီးတည္ေထာင္ ခဲ့တဲ့ ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္ႀကီးရဲ႕ ရက္စက္ဆိုးဝါးတဲ့ ေတြ႔အႀကံဳမ်ိဳး ေနာက္ထပ္မႀကံဳရေအာင္ ႏိုင္ငံခ်င္း အျငင္းပြါးမႈေတြ ကို ေအးခ်မ္းစြာေျဖရွင္းႏုိင္ဖုိ႔ ကုလသမဂၢ ပဋိညာဥ္စာခ်ဳပ္ကို ေရးဆြဲခဲ့တာ ျဖစ္ၿပီး ဒီသေဘာတူညီခ်က္ကို ၁၉ ၄၅ ခုႏွစ္ဇြန္လမွာ အေမရိကန္ျပည္ေထာင္စု San Francisco ၿမိဳ႕မွာ လက္မွတ္ေရးထုိးခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢတည္ေထာင္ခဲ့တာ ၇၅ ႏွစ္ျပည့္ ႏွစ္ပတ္လည္ အခ်ိန္မွာ ကမာၻႀကီးမွာ မတည္ၿငိမ္မႈေတြနဲ႔ သိပ္ကို ေျပာင္းလဲေနတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

COVID-19 ကပ္ေရာဂါကေန ရာသီဥတုဆိုင္ရာ ျပႆနာေတြနဲ႔၊ တရားမမ ွ်တတဲ့ ခြဲဲျခားဆက္ဆံမႈေတြ၊ လိင္ခြဲဲျခားဆက္ဆံတဲ့ မညီမ ွ်မႈ တိုးလာတဲ့ ျပႆနာေတြကို ရင္ဆိုင္ေနရတဲ့ ဒီကေန႔ကမာၻႀကီးဟာ မတည္မၿငိမ္ျဖစ္ေနေၾကာင္း ဒီလိုအခ်ိန္မ်ိဳးမွာ ကုလသမဂၢက ပဋိညာဥ္စာခ်ဳပ္ ေရရွည္ခိုင္ၿမဲေစၿပီး ပိုေကာင္းမြန္တဲ့ အနာဂတ္ကို ေရာက္ဖုိ႔ စိန္ေခၚမႈေတြကို ႏိုင္ငံတကာနဲ႔ အတူ လက္တြဲ ရင္ဆိုင္သြားမွာ ျဖစ္ေၾကာင္း ကုလသမဂၢ ၇၅ ႏွစ္ျပည့္အထိမ္းအမွတ္ေန႔မွာ အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

ၿဗိတိန္၊ တရုတ္၊ ရုရွားနဲ႔ အေမရိကန္ျပည္ေထာင္စုလို႔ ကုလသမဂၢကို တည္ေထာင္ခဲ့တဲ့ အင္အားႀကီး ႏိုင္ငံ အမ်ားအျပားဟာ ကုလသမဂၢရဲ့ ပင္မ အေျခခံမူထဲကတခုျဖစ္တဲ့ အမ်ားပါဝင္ေဆာင္ရြက္တဲ့ မူဝါဒ လမ္းစဥ္ကေန ေသြဖည္ေနၾကေပမဲ့ ႏိုင္ငံငယ္ေတြကေတာ့ ဒီမူေတြကို ပိုမိုပိုက္ေထြးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္
ကုလသမဂၢ ဖြဲ႕စည္းတည္ေထာင္တဲ့ ၇၅ ႏွစ္ျပည့္
please wait

No media source currently available

0:00 0:04:41 0:00


............

အခက်အခဲတွေ ပိုပြီးရင်ဆိုင်လာရတဲ့ ၇၅နှစ်ပြည့် ကုလသမဂ္ဂ

(Unicode)

ဇွန်လ ၂၆ ရက် နေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးတည်ထောင် ခဲ့တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ရက်စက်ဆိုးဝါးတဲ့ တွေ့အကြုံမျိုး နောက်ထပ်မကြုံရအောင် နိုင်ငံချင်း အငြင်းပွါးမှုတွေ ကို အေးချမ်းစွာဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ရေးဆွဲခဲ့တာ ဖြစ်ပြီး ဒီသဘောတူညီချက်ကို ၁၉ ၄၅ ခုနှစ်ဇွန်လမှာ အမေရိကန်ပြည်ထောင်စု San Francisco မြို့မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂတည်ထောင်ခဲ့တာ ၇၅ နှစ်ပြည့် နှစ်ပတ်လည် အချိန်မှာ ကမ္ဘာကြီးမှာ မတည်ငြိမ်မှုတွေနဲ့ သိပ်ကို ပြောင်းလဲနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

COVID-19 ကပ်ရောဂါကနေ ရာသီဥတုဆိုင်ရာ ပြဿနာတွေနဲ့၊ တရားမမ ျှတတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လိင်ခွဲခြားဆက်ဆံတဲ့ မညီမ ျှမှု တိုးလာတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ ဒီကနေ့ကမ္ဘာကြီးဟာ မတည်မငြိမ်ဖြစ်နေကြောင်း ဒီလိုအချိန်မျိုးမှာ ကုလသမဂ္ဂက ပဋိညာဉ်စာချုပ် ရေရှည်ခိုင်မြဲစေပြီး ပိုကောင်းမွန်တဲ့ အနာဂတ်ကို ရောက်ဖို့ စိန်ခေါ်မှုတွေကို နိုင်ငံတကာနဲ့ အတူ လက်တွဲ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ ၇၅ နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဗြိတိန်၊ တရုတ်၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုလို့ ကုလသမဂ္ဂကို တည်ထောင်ခဲ့တဲ့ အင်အားကြီး နိုင်ငံ အများအပြားဟာ ကုလသမဂ္ဂရဲ့ ပင်မ အခြေခံမူထဲကတခုဖြစ်တဲ့ အများပါဝင်ဆောင်ရွက်တဲ့ မူဝါဒ လမ်းစဉ်ကနေ သွေဖည်နေကြပေမဲ့ နိုင်ငံငယ်တွေကတော့ ဒီမူတွေကို ပိုမိုပိုက်ထွေးနေကြပါတယ်။

XS
SM
MD
LG