သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း စစ္ေရးပဋိပကၡေၾကာင္႔ အိုးအိမ္စြန္႔ရသူ ၂ သိန္း ၃ ေသာင္းရွိၿပီ (ကုလေျပာခြင္႔ရ Stéphane Dujarric)


ကုလ ေျပာခြင့္ရ Stephane Dujarric

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း တိုက္ခိုက္မႈေတြ ဆက္လက္ ျပင္းထန္ေနတဲ့အတြက္ သိန္းဂဏန္းအထိရွိတဲ့ ေဒသခံအရပ္သားေတြ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ့အေပၚ စိုးရိမ္မိေၾကာင္း ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။

“ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း၊ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕ေတြၾကား တိုက္ခိုက္မႈေတြ၊ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕ေတြ အခ်င္းခ်င္းၾကား တိုက္ခိုက္မႈေတြေၾကာင့္ လူေပါင္း ၂ သိန္း ၃ ေသာင္းေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရပါတယ္။” လို႔ ကုလသမဂၢ စာနာမႈ အကူအညီေပးေရး အဖဲြ႕အစည္းေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

အထူးသျဖင့္ လူေပါင္း ၁ သိန္း ၈ ေသာင္းေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ ျမန္မာႏိုင္ငံ အေရွ႕ေတာင္ဖက္ ေဒသက အေျခအေနေတြအေပၚ ကုလသမဂၢ အဖဲြ႕အစည္းေတြက စိုးရိမ္ေနတယ္လို႔လည္း ေျပာပါတယ္။ ကုလသမဂၢ လူသားခ်င္းစာနာမႈ အကူအညီေပးေရး႐ုံး (OCHA) ရဲ႕ ၾကာသပေတးေန႔ ထုတ္ျပန္ခ်က္မွာေတာ့ ေမလ ၂၁ ရက္ေန႔ကစ ကယားျပည္နယ္က ပဋိပကၡေတြေၾကာင့္ ထြက္ေျပးၾကရသူ ၁၀၃,၅၀၀ အပါအ၀င္၊ ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ အိုးအိမ္စြန္႔ခြာရသူ ခန္႔မွန္းေျခ ၁၇၇,၅၀၀ ရွိေၾကာင္း ေဖာ္ျပထားတာပါ။

ခ်င္းျပည္နယ္မွာလည္း ေဒသခံ ကာကြယ္ေရး တပ္ဖဲြ႕ေတြနဲ႔ ျမန္မာလုံျခံဳေရး တပ္ဖဲြ႕ေတြၾကား ဒီလဆန္းအထိ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ရာက လူေပါင္း ၂ ေသာင္းေက်ာ္ ထြက္ေျပးေနရၿပီး၊ လက္နက္ကိုင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ကခ်င္ျပည္နယ္မွာလည္း မတ္လလယ္ကစ လူေပါင္း ၁၁,၆၅၀ ေက်ာ္ ရွိခဲ့ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာ အခုဆိုရင္ ၅ လေလာက္ ရွိလာေပမဲ့ ဆန္႔က်င္အုံႂကြမႈေတြ၊ လက္နက္ကိုင္ တိုက္ခိုက္မႈေတြ ဆက္လက္ေပၚေပါက္ေနသလို တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕အစည္းေတြနဲ႔ စစ္တပ္ၾကား တိုက္ပဲြေတြလည္း တေက်ာ့ျပန္ ျပင္းထန္လာေနတာ ျဖစ္ပါတယ္။

[ Unicode ]

မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ရသူ ၂ သိန်း ၃ သောင်းရှိပြီ (ကုလပြောခွင့်ရ Stéphane Dujarric)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် သိန်းဂဏန်းအထိရှိတဲ့ ဒေသခံအရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အပေါ် စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း၊ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းကြား တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။” လို့ ကုလသမဂ္ဂ စာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

အထူးသဖြင့် လူပေါင်း ၁ သိန်း ၈ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံ အရှေ့တောင်ဖက် ဒေသက အခြေအနေတွေအပေါ် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက စိုးရိမ်နေတယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံး (OCHA) ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာတော့ မေလ ၂၁ ရက်နေ့ကစ ကယားပြည်နယ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးကြရသူ ၁၀၃,၅၀၀ အပါအဝင်၊ နိုင်ငံ အရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာရသူ ခန့်မှန်းခြေ ၁၇၇,၅၀၀ ရှိကြောင်း ဖော်ပြထားတာပါ။

ချင်းပြည်နယ်မှာလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား ဒီလဆန်းအထိ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာက လူပေါင်း ၂ သောင်းကျော် ထွက်ပြေးနေရပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာလည်း မတ်လလယ်ကစ လူပေါင်း ၁၁,၆၅၀ ကျော် ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ အခုဆိုရင် ၅ လလောက် ရှိလာပေမဲ့ ဆန့်ကျင်အုံကြွမှုတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဆက်လက်ပေါ်ပေါက်နေသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေလည်း တကျော့ပြန် ပြင်းထန်လာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG