သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ဘူးသီးတောင်အကျဉ်းထောင် လေ့လာ


ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ရခိုင်ပြည်နယ် စစ်တွေ ရောက်ရှိ (MOI)
ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ရခိုင်ပြည်နယ် စစ်တွေ ရောက်ရှိ (MOI)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ စစ်တွေမြို့၊ ဘူးသီးတောင်နဲ့ မောင်တောဒေသ တို့ကိုသွားရောက်ခဲ့ပါတယ်။ အဲဒီမှာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေနဲ့တွေ့ဆုံ ခဲ့ပါတယ်။ ခုချိန်ထိတော့ သူတို့သွားရောက်ချင်တဲ့နေရာတွေကို ဘာကန့် သတ်မှုမှမရှိဘဲ သွားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက တင်ပြပေးမှာပါ။

လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့အတွက် ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူးသီးတောင် တို့ကို ရောက်ရှိနေတာပါ။ သူမရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“စစ်တွေမှာတော့ဒေသခံ ပြည်နယ်အစိုးရနဲ့တွေ့တယ်။ နောက်မြို့မိမြို့ဖနဲ့တွေ့ပါတယ်၊ ပြီးတော့ကျနော်တို့ ဘူးသီးတောင်ရောက်ပါတယ်။ ခုဘူးသီးတောင် ထောင်ထဲဝင်ပြီးတော့ ဒီက အကျဉ်းသားတွေနဲ့တွေ့တယ်။ ခုထွက်လာပါပြီ။ ဘူးသီးတောင်ထောင်က ထောင်မှူးကြီး နဲ့လည်းစကားပြောပါတယ်။ သူတို့ အချို့ အကျဉ်းသားတွေနဲ့တွေ့တယ်။ လောလောဆယ်အထိကတော့ ဘာမှပြသနာမရှိသေးပါဘူး။ အထွေအထူးတော့မရှိလှပါဘူး။ အားလုံးသက်ဆိုင်ရာအကုန်လုံး တွေ့တဲ့သူတွေနဲ့ အကုန်စကားပြောတယ် အားလုံး ပြေပြေပြစ်ပြစ် ပါပဲ။”

ကုလအထူးကိုယ်စားလှယ်ဟာ စစ်တွေမှာ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံခဲ့ပြီးနောက် မှာတော့ ဘူးသီးတောင်ကို ဆက်လက်ထွက်ခွာခဲ့တာပါ။ ကုလအထူးကိုယ်စားလှယ်အနေနဲ့ ဘူးသီးတောင်မြို့နယ်မှာ ဘူးသီးတောင် အကျဉ်းထောင်ကိုသွားရောက်ခဲ့ပြီး အောက်တိုဘာ ၉ရက်ဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေလို့ သတ်မှတ်ကာဖမ်း ဆီးခံထားရသူ အချို့နဲ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။Ms.Yanghee Lee နဲ့ ဒီကနေ့ အကျဉ်းထောင်အတွင်း တွေ့ဆုံခဲ့တာနဲ့ပတ်သတ်လို့ ဘူးသီးတောင် အကျဉ်းထောင်က တာဝန်ရှိသူတဦးက

အကျဉ်းထောင်ကိုသွားရောက်ခဲ့ပြီး အောက်တိုဘာ ၉ရက်ဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေလို့ သတ်မှတ်ကာဖမ်း ဆီးခံထားရသူ အချို့နဲ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။Ms.Yanghee Lee နဲ့ ဒီကနေ့ အကျဉ်းထောင်အတွင်း တွေ့ဆုံခဲ့တာနဲ့ပတ်သတ်လို့ ဘူးသီးတောင် အကျဉ်းထောင်က တာဝန်ရှိသူတဦးက အခုလိုပြောပြတာပါ။

“သူကဒီတိုင်းဘဲပုံမှန်လာနေကျ အတိုင်း လာတယ်။ လာပြီးမှ အကျဉ်းထောင် အကြောင်းကိုမေးတာပေါ့နော်။ အဓိကကတော့ ဒီဘက်မှာ ကျီးကန်းပြင် ဖြစ်စဉ်ဖြစ်တာရှိတယ်လေ။ ကျီးကန်းပြင်ဖြစ်စဉ်မှာ ပါတဲ့လူတွေ လက်ရှိဒီမှာရှိလားပေါ့၊ မဟုတ်ရင်လည်း ထောင်ပြောင်းသွားလား ဘာညာမေးတာပေါ့နော်။ သူတွေ့ချင်တဲ့သူခေါ်တွေ့တာရှိတယ်။ ၂နာရီလောက်ကြာမယ်ထင်တယ်။ ကိုယ်တို့ဘေးနားမှာမနေဘူး။ သူ့ကိုသီးသန့်အခန်းလုပ်ပေးတွေ့တယ်။”

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ညနေပိုင်းမှာတော့ မောင်တောမြို့ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ အထူးကိုယ်စားလှယ် Ms.Yanghee Leeစစ်တွေမှာရောက်ရှိနေချိန်အတွင်းမှာ သူ့ကိုဆန့်ကျင် ဆန္ဒပြသူတွေနဲ့ကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းကပြောပါ တယ်။

ဆန္ဒပြသူတွေက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အလိုမရှိ၊ ထွက်သွားဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ စစ်တွေမြို့ခံတဦးဖြစ်တဲ့ ဦးသန်းထွန်းကတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိလာတဲ့ အပေါ်သူ့သဘောထားကိုခုလိုပြောဆိုလိုက်ပါတယ်။

“သူက အကြိမ်ကြိမ်လာဖူးပြီ။ လာဖူးသွားပြီ ဒါပေမယ့် ရခိုင်တွေအတွက်ကော မြန်မာနိုင်ငံ အတွက်ကော အပေါင်းလက္ခဏာဆောင်တဲ့ကြေညာချက်မတွေ့ရ ဘူးလေ။ ခုလာလဲဒီတိုင်းဘဲဖြစ်မှာပေါ့ ကျနော်ကတော့ဒီတိုင်းဘဲမြင်ပါတယ်”

Ms.Yanghee Lee ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ ဖို့အတွက် တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ် မြန်မာနိုင်ငံကို လာရောက် တာမှာ ဒါဟာ သူမရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အခေါက်တွေမှာတော့ သူမသွားရောက်ဖို့ စီစဉ်ထားတဲ့ နေရာတော်တော်များများကို လေ့လာခွင့်ရခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရှမ်းပြည်နယ်တွင်း နေရာတစ်ချို့ကို သွား ရောက် လေ့လာဖို့ ပြောထားပေမယ့် ဘယ်လောက်အတိုင်းအတာအထိ အစိုးရက ခွင့်ပြုမလဲဆိုတာကို မသိရသေးပါဘူး။ မြန်မာနိုင်ငံတွင်း နေရာတော်တေ်ာများများမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရတဲ့ အခြေအနေတွေ မြင့်တက်နေတဲ့ အတွက်ကြောင့် လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ်မှာပါ သက်ရောက်မှူ ရှိလာနိုင်တဲ့အပေါ်သူမအနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG