[[Zawgyi/Unicode]]
ေဖေဖာ္ဝါရီလ ၁၂ ရက္၊ ျပည္ေထာင္စုေန႔ ေနျပည္ေတာ္မွာ အခမ္းအနားက်င္းပဖို႔ စစ္ေကာင္စီက စီစဥ္ထားၿပီး တဆက္ထဲမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲလည္း လုပ္မယ္လို႔ ေၾကညာထားပါတယ္။ ဒီအတြက္ ကိုယ္တိုင္သတင္းယူဖို႔ ေနျပည္ေတာ္ မွာ ဗြီအိုေအသတင္းေထာက္ ကိုမိုးေဇာ္ေရာက္ေနပါတယ္။ ဒီကေန႔ ေနျပည္ေတာ္တဝိုက္ ေတြ႕ျမင္ရသေလာက္ လုံၿခဳံေရး အေျခအေနကို ေမးတဲ့အခါ ကိုမိုးေဇာ္က အခုလို စေျပာပါတယ္။
ဟုတ္ကဲ့။ က်ေနာ္တို႔ ဒီေန႔ ေနျပည္ေတာ္ထဲစဝင္ၿပီဆိုတဲ့အခ်ိန္မွာေတာ့ ကိုဗစ္-၁၉ ပိုးစစ္ေဆးတာေတြနဲ႔ စစ္ေဆးၿပီးေတာ့မွ က်ေနာ္တို႔ကို လက္ခံတယ္ေပါ့ေလ။ လက္ခံၿပီး ေနျပည္ေတာ္ထဲကို ဝင္လာတဲ့အခ်ိန္မွာေတာ့ ထူးထူးျခားျခားေပါ့-လုံၿခဳံေရးေတြ တင္းက်ပ္ခ်ထားတာေတာ့ မေတြ႕ရဘူးခင္ဗ်။ မေတြ႕ရေတာ့ အေျခအေနေတြကို တျခားလူေတြနဲ႔လည္း ေမးျမန္းၾကည့္တဲ့အခါမွာ က်ေနာ္တို႔သိရသေလာက္ဆိုရင္ေတာ့ ဒီလုံၿခဳံေရးအဖြဲ႕အစည္းအေတာ္မ်ားမ်ားက အေရအတြက္ေလ်ာ့ေနတယ္ေပါ့ေလ။ လုံၿခဳံေရးအေျခအေနေလ်ာ့ေနတယ္။ အဓိက ကေတာ့ သူတို႔ထင္ေၾကးေပးၾကတာကေတာ့ အခမ္းအနားအတြက္ ေလ့က်င့္ေရးသြားေနတဲ့ အေျခအေနေၾကာင့္လို႔ သူတို႔ကေတာ့ ....အဲလိုေတာ့ ေတြ႕ရတယ္။
ေမး။ ။ ဟုတ္ကဲ့၊ ျပည္ေထာင္စုေန႔က မနက္ျဖန္ စေနေန႔ ေဖေဖၚဝါရီလ ၁၂ ရက္ေန႔မွာလုပ္မယ္။ ဒီျပည္ ေထာင္စုေန႔ အခမ္းအနားနဲ႔ပတ္သက္ၿပီးေတာ့ေကာ ကိုမိုးေဇာ္ ဘာေတြ သိထားရပါလဲ။ ဘယ္လိုအစီအစဥ္ေတြနဲ႔လုပ္မယ္လို႔ သိထားပါၿပီလဲ။
ေျဖ။ ။ ျပည္ေထာင္စုေန႔ အခမ္းအနားကိုေတာ့ လႊတ္ေတာ္အနီးက ဗိုလ္ရႈသဘင္ခမ္းမမွာလုပ္မယ္ဆိုတာမ်ိဳး သိရတယ္။ အလံေတာ္ကိုကေတာ့ လႊတ္ေတာ္ခမ္းမကေနၿပီးေတာ့မွ မနက္ ၅ နာရီေလာက္မွာ... အဲဒီေလာက္မွာ သယ္ယူမယ္ဆိုတာမ်ိဳးသိရတယ္။ အလံေတာ္ကေတာ့ ၅ နာရီေလာက္မွာ အဲဒီခမ္းမကိုေရာက္မယ္။ ဗိုလ္ရႈသဘင္က်င္းပမယ့္ေနရာကို ေရာက္မယ္။ ေရာက္ၿပီး ၁၅ မိနစ္ေလာက္နားၿပီးၿပီဆိုရင္ေတာ့ အဲဒီေနာက္ပိုင္းမွာ အလံတင္တဲ့အခမ္းအနား က်င္းပဖို႔ရွိတယ္။ က်င္းပၿပီးတဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မိန႔္ခြန္းေျပာမယ္ဆိုတာမ်ိဳးကို က်ေနာ္တို႔ သိထားပါတယ္ခင္ဗ်။
ေမး။ ။ ဟုတ္ကဲ့၊ ျပည္ေထာင္စုေန႔နဲ႔တဆက္တည္းပဲေပါ့ေလ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲလုပ္မယ္လို႔ စစ္ေကာင္စီက ေၾကညာထားတာ သိရပါတယ္။ အဲဒီေဆြးေႏြးပြဲကိုတက္ဖို႔ ဆိုၿပီးေတာ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကို ဖိတ္ထားတယ္လို႔လည္း က်ေနာ္တို႔သိထားပါတယ္။ ..ဆိုေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲက ဘယ္ေန႔၊ ဘယ္အခ်ိန္မွာက်င္းပမလဲ။ ဘာေတြ ေဆြးေႏြးမယ္လို႔ သိထားၿပီးၿပီလဲ ကိုမိုးေဇာ္။
ေျဖ။ ။ ဟုတ္ကဲ့၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကေတာ့ မနက္ျဖန္က်င္းပတဲ့ ျပည္ေထာင္စုေန႔ေပါ့ေလ၊ ျပည္ေထာင္စုေန႔ကေတာ့ မနက္ပိုင္းမွာေတာ့ ဗိုလ္ရႈခံသဘင္၊ အလံတင္အခမ္းအနားေတြနဲ႔ မိန႔္ခြန္းေျပာတာေတြေပါ့ေလ၊ အဲဒါေတြက်င္းပၿပီးရင္ ညေနပိုင္းမွာ သူတို႔ ညစာစားပြဲလုပ္ဖို႔ရွိပါတယ္။ ၆ နာရီမွာ။ အဲဒါၿပီးေတာ့ ၁၃ ရက္ေန႔က်လို႔ရွိရင္ေတာ့ MICC ခမ္းမမွာ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲဆိုတာမ်ိဳး လုပ္မယ္ဆိုတာ သိရပါတယ္။ အဲဒီမွာေတာ့ နစက ဘက္ကေနၿပီးေတာ့ ၿငိမ္းခ်မ္းေရးအေပၚထားရွိတဲ့ သေဘာထားေတြကို ရွင္းလင္းတင္ျပမယ္။ တင္ျပၿပီးတဲ့အခါမွာ တက္ေရာက္လာတဲ့ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕ ကိုယ္စားလွယ္ေတြအေနနဲ႔ကေတာ့ ဆုံးျဖတ္ခ်က္ခ်ႏိုင္တဲ့သူေတြ မဟုတ္ဘူးဆိုလို႔ရွိရင္လည္း နစကဘက္ကေျပာတဲ့သေဘာထားေတြကို သတင္းစကားအျဖစ္ သူတို႔ေခါင္းေဆာင္ေတြဆီကို သယ္ေဆာင္ေပးသြားဖို႔ေပါ့ေလ။ အဲဒီသေဘာထားမ်ိဳးေတြ သိရပါတယ္။ ေနာက္တခုကေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲထဲမွာပဲ အျပန္အလွန္ေဆြးေႏြးလိုတဲ့သူ ရွိတယ္ဆိုရင္လည္း ဒီထဲမွာ လြတ္လြတ္လပ္လပ္ေဆြးေႏြးႏိုင္တယ္။ မေဆြးေႏြးခ်င္ဘူးဆိုရင္လည္း မေဆြးေႏြးဘဲနဲ႔ ေနႏိုင္တယ္ေပါ့ေလ၊ ေနာ္။ ေနာက္ၿပီးေတာ့ ဒီထဲမွာမေဆြးေႏြးဘဲနဲ႔ တဖြဲ႕ခ်င္းစီအေနနဲ႔ နစကနဲ႔သီးသန႔္ေဆြးေႏြးမယ္ဆိုရင္လည္း ေဆြးေႏြးခြင့္ရွိတယ္ဆိုၿပီးေတာ့မွ လမ္းဖြင့္ထားတဲ့အေနအထားမ်ိဳးေတြကေတာ့ က်ေနာ္တို႔ သိရပါတယ္ခင္ဗ်။
ေမး။ ။ ဟုတ္ကဲ့။ ဒီ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကိုတက္ဖို႔ NCA ေပါ့ေလ၊ တႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးလက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြေရာ၊ NCA လက္မွတ္မထိုးထားတဲ့အဖြဲ႕ေတြေရာ စစ္ေကာင္စီက ဖိတ္ထားတယ္လို႔ သိထားပါတယ္။ လက္ရွိအခ်ိန္အထိ ဘယ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ဒီ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ တက္ဖို႔ေရာက္ေနတယ္လို႔ ကိုမိုးေဇာ္ သိထားၿပီလဲ ခင္ဗ်။
ေျဖ။ ။ ဟုတ္ကဲ့၊ က်ေနာ္အခု ရရွိထားတဲ့စာရင္းအရ တိတိက်က်ေျပာလို႔ရတာဆိုလို႔ရွိရင္ ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီ (ALP) ေရာက္တယ္။ ေနာက္ KNU-KNLA ၿငိမ္းခ်မ္းေရးေကာင္စီေရာက္တယ္။ ေနာက္ လားဟူ ဒီမိုကရက္တစ္ယူနီယံ၊ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး ေရာက္တယ္။ ေနာက္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) ေရာက္တယ္လို႔ သိရပါတယ္။ အဲဒီအဖြဲ႕ေတြက NCA လက္မွတ္ထိုးထားတဲ့အဖြဲ႕ေတြထဲကေပါ့ေလ။ ေနာက္ က်ေနာ္တို႔ၾကားတာတခုကေတာ့ မြန္ျပည္သစ္ပါတီလည္း ေရာက္ေနၿပီလို႔ သိရပါတယ္ဗ်။ ေနာက္ NCA လက္မွတ္မထိုးထားတဲ့အဖြဲ႕ေတြထဲမွာဆိုရင္ေတာ့ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) ေရာက္ပါတယ္။ ဝျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP) ေရာက္ေနတယ္လို႔ သိရပါတယ္။ ေနာက္ မိုင္းလားလို႔ေခၚတဲ့ (MDAA) အဖြဲ႕လည္းေရာက္ေနပါတယ္။ အဲဒါေတြကေတာ့ က်ေနာ္တို႔ အတည္ျပဳထားလို႔ရတဲ့အခ်က္ေတြေပါ့ေလ။ ေနာက္ အတည္မျပဳႏိုင္ေသးတဲ့အခ်က္က ရခိုင္ျပည္နယ္က (ULA-AA) ေပါ့ေလ၊ ရခိုင့္တပ္ေတာ္လို႔ေျပာတဲ့ AA လည္းေရာက္ေနတယ္လို႔ ၾကားသိရပါတယ္ဗ်။ အဲဒီအခ်က္ကိုေတာ့ က်ေနာ္တို႔အတည္ျပဳခ်က္ရယူႏိုင္ဖို႔ ရခိုင္ျပည္နယ္ကသတင္းေထာက္နဲ႔လည္း ခ်ိတ္ဆက္ၿပီးေတာ့ ႀကိဳးစားေနပါတယ္ဗ်။
============
[[Unicode]]
ပြည်ထောင်စုနေ့တက်ရောက်ဖို့ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းလက်နက်ကိုင် ကိုယ်စားလှယ်တချို့ နေပြည်တော်ရောက်ရှိ
ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့ နေပြည်တော်မှာ အခမ်းအနားကျင်းပဖို့ စစ်ကောင်စီက စီစဉ်ထားပြီး တဆက်ထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း လုပ်မယ်လို့ ကြေညာထားပါတယ်။ ဒီအတွက် ကိုယ်တိုင်သတင်းယူဖို့ နေပြည်တော် မှာ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်ရောက်နေပါတယ်။ ဒီကနေ့ နေပြည်တော်တဝိုက် တွေ့မြင်ရသလောက် လုံခြုံရေး အခြေအနေကို မေးတဲ့အခါ ကိုမိုးဇော်က အခုလို စပြောပါတယ်။
ဟုတ်ကဲ့။ ကျနော်တို့ ဒီနေ့ နေပြည်တော်ထဲစဝင်ပြီဆိုတဲ့အချိန်မှာတော့ ကိုဗစ်-၁၉ ပိုးစစ်ဆေးတာတွေနဲ့ စစ်ဆေးပြီးတော့မှ ကျနော်တို့ကို လက်ခံတယ်ပေါ့လေ။ လက်ခံပြီး နေပြည်တော်ထဲကို ဝင်လာတဲ့အချိန်မှာတော့ ထူးထူးခြားခြားပေါ့-လုံခြုံရေးတွေ တင်းကျပ်ချထားတာတော့ မတွေ့ရဘူးခင်ဗျ။ မတွေ့ရတော့ အခြေအနေတွေကို တခြားလူတွေနဲ့လည်း မေးမြန်းကြည့်တဲ့အခါမှာ ကျနော်တို့သိရသလောက်ဆိုရင်တော့ ဒီလုံခြုံရေးအဖွဲ့အစည်းအတော်များများက အရေအတွက်လျော့နေတယ်ပေါ့လေ။ လုံခြုံရေးအခြေအနေလျော့နေတယ်။ အဓိက ကတော့ သူတို့ထင်ကြေးပေးကြတာကတော့ အခမ်းအနားအတွက် လေ့ကျင့်ရေးသွားနေတဲ့ အခြေအနေကြောင့်လို့ သူတို့ကတော့ ....အဲလိုတော့ တွေ့ရတယ်။
မေး။ ။ ဟုတ်ကဲ့၊ ပြည်ထောင်စုနေ့က မနက်ဖြန် စနေနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာလုပ်မယ်။ ဒီပြည် ထောင်စုနေ့ အခမ်းအနားနဲ့ပတ်သက်ပြီးတော့ကော ကိုမိုးဇော် ဘာတွေ သိထားရပါလဲ။ ဘယ်လိုအစီအစဉ်တွေနဲ့လုပ်မယ်လို့ သိထားပါပြီလဲ။
ဖြေ။ ။ ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ လွှတ်တော်အနီးက ဗိုလ်ရှုသဘင်ခမ်းမမှာလုပ်မယ်ဆိုတာမျိုး သိရတယ်။ အလံတော်ကိုကတော့ လွှတ်တော်ခမ်းမကနေပြီးတော့မှ မနက် ၅ နာရီလောက်မှာ... အဲဒီလောက်မှာ သယ်ယူမယ်ဆိုတာမျိုးသိရတယ်။ အလံတော်ကတော့ ၅ နာရီလောက်မှာ အဲဒီခမ်းမကိုရောက်မယ်။ ဗိုလ်ရှုသဘင်ကျင်းပမယ့်နေရာကို ရောက်မယ်။ ရောက်ပြီး ၁၅ မိနစ်လောက်နားပြီးပြီဆိုရင်တော့ အဲဒီနောက်ပိုင်းမှာ အလံတင်တဲ့အခမ်းအနား ကျင်းပဖို့ရှိတယ်။ ကျင်းပပြီးတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောမယ်ဆိုတာမျိုးကို ကျနော်တို့ သိထားပါတယ်ခင်ဗျ။
မေး။ ။ ဟုတ်ကဲ့၊ ပြည်ထောင်စုနေ့နဲ့တဆက်တည်းပဲပေါ့လေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားတာ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကိုတက်ဖို့ ဆိုပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ထားတယ်လို့လည်း ကျနော်တို့သိထားပါတယ်။ ..ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘယ်နေ့၊ ဘယ်အချိန်မှာကျင်းပမလဲ။ ဘာတွေ ဆွေးနွေးမယ်လို့ သိထားပြီးပြီလဲ ကိုမိုးဇော်။
ဖြေ။ ။ ဟုတ်ကဲ့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ မနက်ဖြန်ကျင်းပတဲ့ ပြည်ထောင်စုနေ့ပေါ့လေ၊ ပြည်ထောင်စုနေ့ကတော့ မနက်ပိုင်းမှာတော့ ဗိုလ်ရှုခံသဘင်၊ အလံတင်အခမ်းအနားတွေနဲ့ မိန့်ခွန်းပြောတာတွေပေါ့လေ၊ အဲဒါတွေကျင်းပပြီးရင် ညနေပိုင်းမှာ သူတို့ ညစာစားပွဲလုပ်ဖို့ရှိပါတယ်။ ၆ နာရီမှာ။ အဲဒါပြီးတော့ ၁၃ ရက်နေ့ကျလို့ရှိရင်တော့ MICC ခမ်းမမှာ ထာဝရငြိမ်းချမ်းရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲဆိုတာမျိုး လုပ်မယ်ဆိုတာ သိရပါတယ်။ အဲဒီမှာတော့ နစက ဘက်ကနေပြီးတော့ ငြိမ်းချမ်းရေးအပေါ်ထားရှိတဲ့ သဘောထားတွေကို ရှင်းလင်းတင်ပြမယ်။ တင်ပြပြီးတဲ့အခါမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေအနေနဲ့ကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေ မဟုတ်ဘူးဆိုလို့ရှိရင်လည်း နစကဘက်ကပြောတဲ့သဘောထားတွေကို သတင်းစကားအဖြစ် သူတို့ခေါင်းဆောင်တွေဆီကို သယ်ဆောင်ပေးသွားဖို့ပေါ့လေ။ အဲဒီသဘောထားမျိုးတွေ သိရပါတယ်။ နောက်တခုကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲမှာပဲ အပြန်အလှန်ဆွေးနွေးလိုတဲ့သူ ရှိတယ်ဆိုရင်လည်း ဒီထဲမှာ လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်တယ်။ မဆွေးနွေးချင်ဘူးဆိုရင်လည်း မဆွေးနွေးဘဲနဲ့ နေနိုင်တယ်ပေါ့လေ၊ နော်။ နောက်ပြီးတော့ ဒီထဲမှာမဆွေးနွေးဘဲနဲ့ တဖွဲ့ချင်းစီအနေနဲ့ နစကနဲ့သီးသန့်ဆွေးနွေးမယ်ဆိုရင်လည်း ဆွေးနွေးခွင့်ရှိတယ်ဆိုပြီးတော့မှ လမ်းဖွင့်ထားတဲ့အနေအထားမျိုးတွေကတော့ ကျနော်တို့ သိရပါတယ်ခင်ဗျ။
မေး။ ။ ဟုတ်ကဲ့။ ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတက်ဖို့ NCA ပေါ့လေ၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေရော စစ်ကောင်စီက ဖိတ်ထားတယ်လို့ သိထားပါတယ်။ လက်ရှိအချိန်အထိ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ဖို့ရောက်နေတယ်လို့ ကိုမိုးဇော် သိထားပြီလဲ ခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျနော်အခု ရရှိထားတဲ့စာရင်းအရ တိတိကျကျပြောလို့ရတာဆိုလို့ရှိရင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရောက်တယ်။ နောက် KNU-KNLA ငြိမ်းချမ်းရေးကောင်စီရောက်တယ်။ နောက် လားဟူ ဒီမိုကရက်တစ်ယူနီယံ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး ရောက်တယ်။ နောက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရောက်တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့တွေက NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲကပေါ့လေ။ နောက် ကျနော်တို့ကြားတာတခုကတော့ မွန်ပြည်သစ်ပါတီလည်း ရောက်နေပြီလို့ သိရပါတယ်ဗျ။ နောက် NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေထဲမှာဆိုရင်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရောက်ပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရောက်နေတယ်လို့ သိရပါတယ်။ နောက် မိုင်းလားလို့ခေါ်တဲ့ (MDAA) အဖွဲ့လည်းရောက်နေပါတယ်။ အဲဒါတွေကတော့ ကျနော်တို့ အတည်ပြုထားလို့ရတဲ့အချက်တွေပေါ့လေ။ နောက် အတည်မပြုနိုင်သေးတဲ့အချက်က ရခိုင်ပြည်နယ်က (ULA-AA) ပေါ့လေ၊ ရခိုင့်တပ်တော်လို့ပြောတဲ့ AA လည်းရောက်နေတယ်လို့ ကြားသိရပါတယ်ဗျ။ အဲဒီအချက်ကိုတော့ ကျနော်တို့အတည်ပြုချက်ရယူနိုင်ဖို့ ရခိုင်ပြည်နယ်ကသတင်းထောက်နဲ့လည်း ချိတ်ဆက်ပြီးတော့ ကြိုးစားနေပါတယ်ဗျ။
============