သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအရပ္ဘက္အဖဲြ႔မ်ား UPR အစီရင္ခံစာ ကုလလူ႔အခြင့္အေရးေကာင္စီကို ေပးပို႔


ကုလလူ႔အခြင့္အေရးေကာင္စီကို ေပးပို႔မယ့္ ျမန္မာႏိုင္ငံ UPR ဖိုရမ္ရဲ႕ အစီရင္ခံစာနဲ႔ Myanmar Child Rights Coalition အဖြဲ႕တို႔ရဲ႕ အစီရင္ခံစာအေၾကာင္း ရွင္းလင္းတင္ျပတဲ့ အခမ္းအနားကို ရန္ကုန္ၿမိဳ႕မွာ က်င္းပ။ (ဓာတ္ပုံ - Equality Myanmar - ၾသဂုတ္ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတဝန္း ႏိုင္ငံေတြရဲ႕ လူ႔အခြင့္အေရးအေျခအေနကို သုံးသပ္ၿပီးကုလသမဂၢကို ပုံမွန္တင္သြင္းေလ့ရွိတဲ့ UPR အစီရင္ခံစာအတြက္ ဒီႏွစ္မွာ ျမန္မာအရပ္ဘက္ အဖြဲ႕အစည္းေတြက ဘာေတြကို ဦးစားေပး ထည့္သြင္းထားသလဲဆိုတာ ေျပာျပပါမယ္။ ဒီအေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

လာမယ့္ ၂၀၂၁ ခုႏွစ္ လဆန္းပိုင္းမွာ ကုလအဖြဲ႕ဝင္ႏိုင္ငံေတြၾကား ျမန္မာအရပ္ဘက္အဖြဲ႕အစည္းေတြက တင္သြင္းထားတဲ့ UPR အစီရင္ခံစာကို သုံးသပ္မွာျဖစ္ပါတယ္။ ကုလသမဂၢမွာ တတိယအႀကိမ္အျဖစ္ သုံးသပ္မယ့္ အစီရင္ခံစာမွာေတာ့ လူ႔အခြင့္အေရးဆိုင္ရာ အေၾကာင္းအရာေပါင္း ၁၁ ခုနဲ႔ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ အေၾကာင္းအရာ ၃ခုနဲ႔အတူ အစိုးရအေပၚ အႀကံျပဳခ်က္ေတြလည္း ပါဝင္ပါတယ္။

အစီရင္ခံစာျပဳစုရာမွာ ပါဝင္ခဲ့တဲ့ Save the Children အဖြဲ႕က ေဒၚဝင္းပပသန္းကေတာ့ ကေလးငယ္ေတြ အခြင့္အေရး၊ အထူးသျဖင့္ တိုင္းရင္းသားေဒသေတြက အခြင့္အေရးဆုံးရႈံးေနသူေတြအေရး ထည့္သြင္းထားတယ္လို႔ ေျပာပါတယ္။

“က်မတို႔ႏိုင္ငံက Conflict ေတြလည္း ရွိခဲ့တာဆိုေတာ့ တခ်ိဳ႕ကေလးငယ္ေတြလည္း စစ္ေဘးေရွာင္ရင္းနဲ႔ နယ္စပ္ကိုေရာက္ေနတဲ့ ကေလးေတြရွိတယ္။ ေနာက္ အစိုးရရဲ႕ပင္မပညာေရးနဲ႔ ေဝးလံေခါင္းပါးတဲ့ေနရာေဒသက တိုင္းရင္းသားေတြဆိုရင္ ဒီတိုင္းရင္းသားအဖြဲ႕အစည္းေတြ၊ ေဒသဆိုင္ရာအဖြဲ႕အစည္းေတြ၊ လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ပံ့ပိုးမႈေတြနဲ႔ ဒီေက်ာင္းေတြ တည္ေထာင္တာ။ အဲကေန ပညာသင္ၾကားေနရတာေလးေတြ ရွိတယ္။ သူတို႔ေတြက ဒီအစိုးရရဲ႕ပညာေရးစနစ္ကေနၿပီးေတာ့မွ လက္လွမ္းမမီွတဲ့ ကေလးေတြရွိတယ္။ အဲေတာ့ အဲဒီကေလးေတြကိုလည္း ဒီအစိုးရပညာေရး လက္လွမ္းမီွခြင့္ရဖို႔ဆိုရင္ အစိုးရအေနနဲ႔ တိုင္းရင္းသားေက်ာင္းေလးေတြက ကေလးေတြရဲ႕ပညာေရးကို အသိအမွတ္ျပဳေပးဖို႔ပါ။”

အစီရင္ခံစာမွာေတာ့ မသန္စြမ္းကေလးငယ္ေတြအတြက္ အေထာက္အကူျပဳႏိုင္မယ့္ သင္တန္းေက်ာင္းေတြကို တိုးဖြင့္ေပးဖို႔အပါအဝင္၊ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ အမ်ိဳးသားလုပ္ငန္းအစီအစဥ္ကိုလည္း အေကာင္အထည္ေဖာ္ဖို႔ အႀကံျပဳထားတာပါ။ ကေလးသူငယ္ေတြအေပၚ ႐ိုက္ႏွက္ျပစ္ဒဏ္ေပးတာကို တားျမစ္တာနဲ႔ ပတ္သက္တဲ့ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအပိုဒ္ ၅၆ ပါ ျပဌာန္းခ်က္ကိုလည္း အေကာင္အထည္ေဖာ္ဖို႔ ျမန္မာအစိုးရကို တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၉ ခုႏွစ္မွာ ျပဌာန္းထားတဲ့ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒမွာ အားနည္းခ်က္ေတြရွိေနသလို၊ အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြမွာ လိုအပ္ခ်က္ေတြရွိေနေၾကာင္းလည္း ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီဝင္ ဦးျမင့္ေဌးက ေထာက္ျပပါတယ္။

“ဥပေဒပိုင္းမွာေတာ့ နည္းနည္းေလး မျပည့္စုံတဲ့ အေျခအေနေတြရွိေနပါေသးတယ္။ အျခားနည္းျဖင့္ေဆာင္႐ြက္ျခင္းဆိုတဲ့ အခန္းက႑ေတြကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရမယ့္ အဖြဲ႕အစည္းေတြဖြဲ႕ေပးဖို႔ သက္ဆိုင္ရာတိုင္းေဒသႀကီးအစိုးရေတြမွာ ေဖာ္ေဆာင္ေပးဖို႔လိုအပ္ေနတာ ရွိေနပါေသးတယ္။ ေနာက္တခုက ကေလးသူငယ္ေတြအတြက္ အာဟာရဖြံ႕ၿဖိဳးမႈအပိုင္းေတြမွာ သက္ဆိုင္ရာက်န္းမာေရးဌာနက ေဆာင္႐ြက္ေပမယ့္ ဒီကေလးငယ္ေတြအမ်ားစုရွိတဲ့ ပညာေရးေက်ာင္းက႑ေတြမွာ ေက်ာင္းက်န္းမာေရးက႑ကို ျပည့္ျပည့္ဝဝအေကာင္အထည္ မေဖာ္ေပးႏိုင္တာေတြလည္း အားနည္းခ်က္ေတြ႕ေနရပါေသးတယ္။

အခုျမန္မာႏိုင္ငံမွာ လက္ရွိအေကာင္အထည္ေဖာ္ေနတဲ့ ေက်ာင္းျပင္ပ ပညာေရးကေတာ့ အေကာင္အထည္ေဖာ္ေနတဲ့သူေတြက သ႐ုပ္ျပကာလပဲ အေကာင္အထည္ေဖာ္ေနၾကတာ ရွိပါတယ္။ တကယ္တမ္း လက္ေတြ႕ေျမျပင္မွာ စာသင္ခန္းကို မေရာက္ႏိုင္ေသးတဲ့ ကေလးသူငယ္ေတြက အမ်ားႀကီးရွိေနပါေသးတယ္။ အဲဒီအပိုင္းေတြကို ျပည့္ျပည့္ဝဝအေကာင္အထည္ေဖာ္ေပးဖို႔ လိုေနတာေတြ႕ေနရပါေသးတယ္။”

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒကို ၂၀၁၉ ဇူလိုင္ ၂၃ ရက္ေန႔က ျပဌာန္းခဲ့ၿပီး ကေလးငယ္ေတြကို ေရာင္းခ်တာ၊ ျပည့္တန္ဆာလုပ္ခိုင္းတာနဲ႔ ကေလးငယ္ေတြအေပၚညစ္ညမ္းပုံျပဳလုပ္ျဖန႔္ေဝတဲ့ ျပစ္မႈေတြကို က်ဴးလြန္မယ္ဆို ဒီဥပေဒနဲ႔ စီရင္ပိုင္ခြင့္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

လာမယ့္ႏွစ္ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီလေတြမွာ သုံးသပ္မႈခံယူမယ့္ UPR အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ျမန္မာအရပ္ဘက္အဖြဲ႕အစည္း ၂၉ ဖြဲ႕နဲ႔ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ အဖြဲ႕အစည္း ၁၅ ဖြဲ႕တို႔ ပူးေပါင္းပါဝင္ထားတဲ့ ျမန္မာအစိုးရအေပၚ အႀကံျပဳခ်က္ေတြကို လူ႔အခြင့္အေရးေကာင္စီမွာ တင္ျပၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအရပ်ဘက်အဖွဲ့များ UPR အစီရင်ခံစာ ကုလလူ့အခွင့်အရေးကောင်စီကိုပေးပို့

ကမ္ဘာတဝန်း နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို သုံးသပ်ပြီးကုလသမဂ္ဂကို ပုံမှန်တင်သွင်းလေ့ရှိတဲ့ UPR အစီရင်ခံစာအတွက် ဒီနှစ်မှာ မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေကို ဦးစားပေး ထည့်သွင်းထားသလဲဆိုတာ ပြောပြပါမယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

လာမယ့် ၂၀၂၁ ခုနှစ် လဆန်းပိုင်းမှာ ကုလအဖွဲ့ဝင်နိုင်ငံတွေကြား မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက တင်သွင်းထားတဲ့ UPR အစီရင်ခံစာကို သုံးသပ်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ တတိယအကြိမ်အဖြစ် သုံးသပ်မယ့် အစီရင်ခံစာမှာတော့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာပေါင်း ၁၁ခုနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာ ၃ခုနဲ့အတူ အစိုးရအပေါ် အကြံပြုချက်တွေလည်း ပါဝင်ပါတယ်။

အစီရင်ခံစာပြုစုရာမှာ ပါဝင်ခဲ့တဲ့ Save the Children အဖွဲ့က ဒေါ်ဝင်းပပသန်းကတော့ ကလေးငယ်တွေ အခွင့်အရေး၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေက အခွင့်အရေးဆုံးရှုံးနေသူတွေအရေး ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

“ကျမတို့နိုင်ငံက Conflict တွေလည်း ရှိခဲ့တာဆိုတော့ တချို့ကလေးငယ်တွေလည်း စစ်ဘေးရှောင်ရင်းနဲ့ နယ်စပ်ကိုရောက်နေတဲ့ ကလေးတွေရှိတယ်။ နောက် အစိုးရရဲ့ပင်မပညာရေးနဲ့ ဝေးလံခေါင်းပါးတဲ့နေရာဒေသက တိုင်းရင်းသားတွေဆိုရင် ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ဒီကျောင်းတွေ တည်ထောင်တာ။ အဲကနေ ပညာသင်ကြားနေရတာလေးတွေ ရှိတယ်။ သူတို့တွေက ဒီအစိုးရရဲ့ပညာရေးစနစ်ကနေပြီးတော့မှ လက်လှမ်းမမှီတဲ့ ကလေးတွေရှိတယ်။ အဲတော့ အဲဒီကလေးတွေကိုလည်း ဒီအစိုးရပညာရေး လက်လှမ်းမှီခွင့်ရဖို့ဆိုရင် အစိုးရအနေနဲ့ တိုင်းရင်းသားကျောင်းလေးတွေက ကလေးတွေရဲ့ပညာရေးကို အသိအမှတ်ပြုပေးဖို့ပါ။”

အစီရင်ခံစာမှာတော့ မသန်စွမ်းကလေးငယ်တွေအတွက် အထောက်အကူပြုနိုင်မယ့် သင်တန်းကျောင်းတွေကို တိုးဖွင့်ပေးဖို့အပါအဝင်၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အမျိုးသားလုပ်ငန်းအစီအစဉ်ကိုလည်း အကောင်အထည်ဖော်ဖို့ အကြံပြုထားတာပါ။ ကလေးသူငယ်တွေအပေါ် ရိုက်နှက်ပြစ်ဒဏ်ပေးတာကို တားမြစ်တာနဲ့ ပတ်သက်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအပိုဒ် ၅၆ ပါ ပြဌာန်းချက်ကိုလည်း အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်မှာ ပြဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ အားနည်းချက်တွေရှိနေသလို၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ လိုအပ်ချက်တွေရှိနေကြောင်းလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ထောက်ပြပါတယ်။

“ဥပဒေပိုင်းမှာတော့ နည်းနည်းလေး မပြည့်စုံတဲ့ အခြေအနေတွေရှိနေပါသေးတယ်။ အခြားနည်းဖြင့်ဆောင်ရွက်ခြင်းဆိုတဲ့ အခန်းကဏ္ဍတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေဖွဲ့ပေးဖို့ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရတွေမှာ ဖော်ဆောင်ပေးဖို့လိုအပ်နေတာ ရှိနေပါသေးတယ်။ နောက်တခုက ကလေးသူငယ်တွေအတွက် အာဟာရဖွံ့ဖြိုးမှုအပိုင်းတွေမှာ သက်ဆိုင်ရာကျန်းမာရေးဌာနက ဆောင်ရွက်ပေမယ့် ဒီကလေးငယ်တွေအများစုရှိတဲ့ ပညာရေးကျောင်းကဏ္ဍတွေမှာ ကျောင်းကျန်းမာရေးကဏ္ဍကို ပြည့်ပြည့်ဝဝအကောင်အထည် မဖော်ပေးနိုင်တာတွေလည်း အားနည်းချက်တွေ့နေရပါသေးတယ်။

အခုမြန်မာနိုင်ငံမှာ လက်ရှိအကောင်အထည်ဖော်နေတဲ့ ကျောင်းပြင်ပ ပညာရေးကတော့ အကောင်အထည်ဖော်နေတဲ့သူတွေက သရုပ်ပြကာလပဲ အကောင်အထည်ဖော်နေကြတာ ရှိပါတယ်။ တကယ်တမ်း လက်တွေ့မြေပြင်မှာ စာသင်ခန်းကို မရောက်နိုင်သေးတဲ့ ကလေးသူငယ်တွေက အများကြီးရှိနေပါသေးတယ်။ အဲဒီအပိုင်းတွေကို ပြည့်ပြည့်ဝဝအကောင်အထည်ဖော်ပေးဖို့ လိုနေတာတွေ့နေရပါသေးတယ်။”

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ဇူလိုင် ၂၃ ရက်နေ့က ပြဌာန်းခဲ့ပြီး ကလေးငယ်တွေကို ရောင်းချတာ၊ ပြည့်တန်ဆာလုပ်ခိုင်းတာနဲ့ ကလေးငယ်တွေအပေါ်ညစ်ညမ်းပုံပြုလုပ်ဖြန့်ဝေတဲ့ ပြစ်မှုတွေကို ကျူးလွန်မယ်ဆို ဒီဥပဒေနဲ့ စီရင်ပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

လာမယ့်နှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ သုံးသပ်မှုခံယူမယ့် UPR အစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၉ ဖွဲ့နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း ၁၅ ဖွဲ့တို့ ပူးပေါင်းပါဝင်ထားတဲ့ မြန်မာအစိုးရအပေါ် အကြံပြုချက်တွေကို လူ့အခွင့်အရေးကောင်စီမှာ တင်ပြကြမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG