သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတဘိုင်ဒန် ဗီယက်နမ် ခရီးစဉ်စတင်


ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden (စက်တင်ဘာ ၁၀၊ ၂၀၂၃)
ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden (စက်တင်ဘာ ၁၀၊ ၂၀၂၃)

အမေရိကန်သမ္မတ ဂျိုဘိုင်ဒန်ဟာ သူ့ရဲ့ ဗီယက်နမ်ချစ်ကြည်ရေးခရီးစဉ်အတွက် ဒီကနေ့မှာ မြို့တော်ဟနွိုင်းကို ဆိုက်ရောက်လာပါတယ်။ ဒေသတွင်း သြဇာကြီးမားလာရေး တရုတ်နိုင်ငံကဆောင်ရွက်နေတာနဲ့အပြိုင် အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ သမ္မတ ဘိုင်ဒန်ခရီးစဉ်က ရည်မှန်းထားတာပါ။

ဒါ့ပြင် ဗီယက်နမ်နဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေးအတွက် နှစ်နိုင်ငံ အမြင့်ဆုံးသံတမန်ဆက်ဆံရေး သဘောတူညီချက်ကိုလည်း အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် Nguyen Phu Trong နဲ့ သမ္မတဘိုင်ဒန်တို့ လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။

ဗီယက်နမ်ခရီးစဉ်မတိုင်ခင် အိန္ဒိယနိုင်ငံမှာပြုလုပ်တဲ့ G-20 စက်မှုနိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးကို သမ္မတဘိုင်ဒန်တက်ရောက်ခဲ့တာပါ။ ခရီးစဉ် တိုတောင်းပေမယ့် အဓိကရည်မှန်းချက်ဟာ တရုတ်ရဲ့ လွှမ်းမိုးမှုတိုးလာတာကို ဆန့်ကျင်ကြောင်း သမ္မတဘိုင်ဒန် G-20 အစည်းအဝေးမှာ ရပ်တည်ခဲ့တာကို ထပ်မံ အတည်ပြုပြသဖို့ဖြစ်ပါတယ်။

တရုတ်၊ ရုရှား၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့နဲ့သာ အဓိက ဆက်ဆံရေးရှိခဲ့တဲ့ ဗီယက်နမ်အတွက် အခုလို အမေရိကန်နဲ့ ထိပ်တန်းသံတမန်ဆက်ဆံရေးမြှင့်တင်ဟာ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်ပါတယ်။

အမေရိကန်သမ္မတဘိုင်ဒန် ဗီယက်နမ် ခရီးစဉ်စတင်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG