သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား Spratly ကျွန်းအနီး ကန် စစ်ေရေးလေ့ကျင့်


အငြင်းပွား Spratly ကျွန်း
အငြင်းပွား Spratly ကျွန်း

အမေရိကန် ကမ်းရိုးတန်းစောင့်သင်္ဘောကြီး USCGC Stratton ဟာ ဖိလစ်ပိုင်နဲ့ ဂျပန်ရေတပ်သင်္ဘောတွေနဲ့ အတူ Spratly ကျွန်းစုတွေရှိရာ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပြင်နားမှာ ပူးတွဲရေကြောင်းလေ့ကျင့်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

USCGC Stratton ဟာ အမေရိကန်ရေတပ်သင်္ဘော ၄ စင်းနဲ့အတူ Palawan မှာရှိတဲ့ Puerto Princesa ဆိပ်ကမ်းကနေ ကြာသပတေးနေ့မှာ စတင်ထွက်ခွာလာတာ ဖြစ်ပါတယ်။ အမေရိကန်ကမ်းရိုးတန်းစောင့်တပ်ဟာ ဒေသတွင်းလုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် အဓိကကဏ္ဍကနေ ပါဝင်နေတာဖြစ်ကြောင်း ကက်ပတိန် Antoinette McCann က VOA ကို ပြောပါတယ်။

အမေရိကန်ရေတပ်နဲ့ ကမ်းရိုးတန်စောင့်တပ်တို့ကြား အပြန်အလှန်နားလည်မှုရှိပြီး ရေကြောင်းဒေသတွင်း ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ပင်လေ့ရှိသလို ခိုင်မာတဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်ရေတပ်တွေနဲ့ ကမ်းရိုးတန်းစောင့် တပ်တွေကြား အလားတူ လုပ်ဆောင်ဖို့ အားပေးနေကြောင်းလည်း ပြောပါတယ်။

အမေရိကန်ကမ်းရိုးတန်းစောင့်တပ်တွေဟာ ၂၀၁၈ ခုနှစ်ကစပြီး ပစိဖိတ် အနောက်ပိုင်းမှာ ပုံမှန် အလှည့်ကျ ကင်းလှည့်နေတာ ဖြစ်ပြီး အခု USCGC Stratton ကို ဇွန်လက တာဝန်ပြီးသွားတဲ့ USCGC Bertholf နေရာမှာ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

အခုလို လေ့ကျင့်မှုကို ဖိလစ်ပိုင်ထိန်းချုပ်ထားတဲ့ Spratly ကျွန်းတွေထဲက Kalayaan မြို့ရဲ့ ကောင်စီဝင် ဖြစ်တဲ့ အရင် မြို့တော်ဝန်ဟောင်း Eugenio Bito-Onon, Jr. က ကြိုဆိုလိုက်ပါတယ်။

.................







တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG