သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာအရပ်သားတွေအကာအကွယ်ပေးဖို့ ကန်ကာကွယ်ရေးဝန်ကြီးထပ်မံတိုက်တွန်း


အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ယာ) နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin(ဝဲ) တို့ ဂါဇာမ်းမြောင်ဒေသ၊ တဲလ်အဗစ်မြို့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ယာ) နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin(ဝဲ) တို့ ဂါဇာမ်းမြောင်ဒေသ၊ တဲလ်အဗစ်မြို့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)

အစ္စရေးအနေနဲ့ လူဦးရေထူထပ်တဲ့ဂါဇာဒေသမှာ အရပ်သားထိခိုက်မှုတွေကို လျှော့ချဖို့အရေးကြီးသလို အမေရိကန်အနေနဲ့က အစ္စရေးရဲ့ ဟာမတ်စ်ကိုနှိမ်နင်းစစ်ဆင်မှုတွေအပေါ် ထောက်ခံတယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ကလည်း မတိမ်းမစောင်းရှိနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဂါဇာမှာ ဟာမတ်စ်တို့ဖမ်းထားတဲ့ ကျန်ဓါးစာခံတွေ ပြန်လွတ်လာရေးတောင်းဆိုသွားသလို အစ္စရေးအနေနဲ့ ကိုယ့်ကိုကိုယ်ခုခံပိုင်ခွင့်ဟာ အခြေခံအကျဆုံးအခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။ ပဋိပက္ခအတွင်း အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ ဂါဇာမှာ လူသားချင်းစာနာမှုအထောက်အပံ့တွေ တိုးပေးနိုင်ဖို့ အမေရိကန်အနေနဲ့ ဆက်ပြီးဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အလွန်တရာပြင်းထန်လှတဲ့ စစ်ဆင်ရေးကို အတတ်နိုင်ဆုံးလျှော့ချပြီး ပိုပြီး တိကျအသေးစိတ်တဲ့ စစ်ဆင်ရေးတွေဖြစ်လာဖို့ နှစ်ဖက် သဘောထားအမြင်ရှိကြပြီး ဒီကိစ္စရပ်တွေအပေါ်မှာ အတော်လေးဆွေးနွေးပြောဆိုဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး Austin က ပြောပါတယ်။ အစ္စရေးနဲ့ အိမ်နီးချင်းပါလက်စတိုင်းတို့ကြား စစ်ပွဲအလွန်မှာ နှစ်ပြည်ထောင်ယှဉ်တွဲရပ်တည်ရေးအဖြေထုတ်ဖို့နဲ့ မတည်ငြိမ်မှုတွေနဲ့ မလုံခြုံမှုတွေဟာ ဟာမတ်စ်တို့အတွက်ပဲ ဖြစ်လာစေမယ်လို့လည်း ကာကွယ်ရေးဝန်ကြီး Austin က ထောက်ပြပြောဆိုပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးကတော့ ဂါဇာစစ်ဆင်ရေးတွေမှာ နောက်ထပ်အဆင့်တရပ်ကို တဖြေးဖြေးချင်းကူးပြောင်းသွားမှာဖြစ်ပြီး ဂါဇာမြောက်ပိုင်းကဒေသခံတွေ နေရပ်ပြန်သွားနိုင်ဖို့ ပထမဆုံး ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG