သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္အကူအညီ ဦးစားေပးႏုိင္ငံစာရင္းထဲ ျမန္မာႏုိင္ငံလည္း ပါဝင္


ရန္ကုန္တကၠသိုလ္ခန္းမအတြင္း အေမရိကန္ နဲ႔ ျမန္မာႏိုင္ငံအလံမ်ား အလွဆင္ထားစဥ္ (ႏို၀င္ဘာ၊ ၁၉၊ ၂၀၁၂)

(Zawgyi/Unicode)

ျပည္ပႏိုင္ငံေတြကို ေပးမယ့္ အေမရိကန္ရဲ ႔ အကူအညီေတြကို ေလွ်ာ့ခ်ဖို႔ သမၼတ Donald Trump က အဆိုျပဳထားတဲ့ၾကားကပဲ မဟာဗ်ဴဟာအရ အေရးပါတဲ့ ဦးစားေပးႏုိင္ငံေတြ စာရင္းမွာ ျမန္မာႏုိင္ငံကို ထည့္သြင္းထားပါတယ္။

ျမန္မာႏုိင္ငံ၊ Papua New Guinea လို တခ်ိဳ႕ႏုိင္ငံေတြကေတာ့ အေမရိကန္အတြက္ မဟာဗ်ဴဟာအရ သိပ္ကို အေရးပါပါတယ္။ ဒီလို ႏုိင္ငံေတြနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား မဟာဗ်ဴဟာအရ မဟာမိတ္ဖြဲ႔ဖို႔ဆိုတဲ့ကိစၥမွာ ျငင္းခုံစရာေတြ ျဖစ္ေနေပမဲ့ အေျခအေနေတြခိုင္မာ အားေကာင္းလာေအာင္ လုပ္ကိုင္သြားမွာျဖစ္တဲ့အတြက္ ခုလိုရင္းႏွီးျမွဳပ္ႏွံရတာပါလို႔ အေမရိကန္ႏုိင္ငံျခားေရးဌာန၊ ျပည္ပ အကူအညီေပးအပ္ေရးဆုိင္ရာ ညႊန္ၾကားေရးမွဴး Jim Richardson က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

ကမၻာတ၀ွမ္း ကို႐ိုနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးအတြက္ အေမရိကန္ကေပးအပ္မယ့္ အကူအညီ ေဒၚလာ သန္း ၁၀၀ ရဲ ႔ပထမသုတ္အျဖစ္ လာအိုႏုိင္ငံကို က်န္းမာေရးပစၥည္းေတြ ေပးပို႔ခဲ့ေၾကာင္း အေမရိကန္ တာ၀န္ရွိသူေတြက တနလၤာေန႔က ေၾကျငာပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ တရုတ္နဲ႔ နယ္စပ္ခ်င္း ထိစပ္ေနတဲ့ လာအိုႏုိင္ငံကို မ်က္လုံးအကာ မ်က္မွန္အလက္ ၄၄၀၊ ခြဲစိတ္ခန္းသုံးလက္အိတ္ ၁,၅၀၀ ေပးပို႔ခဲ့ေၾကာင္း အေမရိကန္ အျပည္ျပည္ဆုိင္ရာ ဖြံံၿဖိဴးေရးဌာနက ေျပာပါတယ္။

အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး မိုက္ပြန္ပီယိုက ကိုရိုနာ ဗုိင္းရပ္စ္ကူးစက္ခံေနရတဲ့ တရုတ္နဲ႔ အျခားႏုိင္ငံေတြကို ေရာဂါ တုိက္ဖ်က္ေရးအတြက္ အေမရိကန္ေဒၚလာ သန္း ၁၀၀ ေပးအပ္ဖို႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကတိျပဳထားတာပါ။

၂၀၂၁ ဘ႑ာႏွစ္အတြက္ ျပည္ပကိုေပးအပ္မယ့္ က်န္းမာေရးဆုိင္ရာ အကူအညီကို ထက္၀က္နီးပါးေလွ်ာ့ခ်ၿပီး ေဒၚလာ ၆ ဘီလ်ံယံသာ အသုံးျပဳဖို႔ သမၼတ Trump ရဲ႕ အဆုိျပဳခ်က္ကို တနလၤာေန႔က ထုတ္ျပန္လိုက္တာပါ။ သမၼတရဲ ႔အဆိုျပဳခ်က္ကို အေမရိကန္လႊတ္ေတာ္က အျပင္းအထန္ကန္႔ကြက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်အကူအညီ ဦးစားပေးနိုင်ငံစာရင်းထဲ မြန်မာနိုင်ငံလည်း ပါဝင်

ပြည်ပနိုင်ငံတွေကို ပေးမယ့် အမေရိကန်ရဲ့ အကူအညီတွေကို လျှော့ချဖို့ သမ္မတ Donald Trump က အဆိုပြုထားတဲ့ကြားကပဲ မဟာဗျူဟာအရ အရေးပါတဲ့ ဦးစားပေးနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံ၊ Papua New Guinea လို တချို့နိုင်ငံတွေကတော့ အမေရိကန်အတွက် မဟာဗျူဟာအရ သိပ်ကို အရေးပါပါတယ်။ ဒီလို နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုကြား မဟာဗျူဟာအရ မဟာမိတ်ဖွဲ့ဖို့ဆိုတဲ့ကိစ္စမှာ ငြင်းခုံစရာတွေ ဖြစ်နေပေမဲ့ အခြေအနေတွေခိုင်မာ အားကောင်းလာအောင် လုပ်ကိုင်သွားမှာဖြစ်တဲ့အတွက် ခုလိုရင်းနှီးမြှုပ်နှံရတာပါလို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ ပြည်ပ အကူအညီပေးအပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Jim Richardson က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်ကပေးအပ်မယ့် အကူအညီ ဒေါ်လာ သန်း ၁၀၀ ရဲ့ပထမသုတ်အဖြစ် လာအိုနိုင်ငံကို ကျန်းမာရေးပစ္စည်းတွေ ပေးပို့ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတွေက တနင်္လာနေ့က ကြေငြာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ လာအိုနိုင်ငံကို မျက်လုံးအကာ မျက်မှန်အလက် ၄၄၀၊ ခွဲစိတ်ခန်းသုံးလက်အိတ် ၁,၅၀၀ ပေးပို့ခဲ့ကြောင်း အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံံဖြိူးရေးဌာနက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ တရုတ်နဲ့ အခြားနိုင်ငံတွေကို ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ကတိပြုထားတာပါ။

၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပကိုပေးအပ်မယ့် ကျန်းမာရေးဆိုင်ရာ အကူအညီကို ထက်ဝက်နီးပါးလျှော့ချပြီး ဒေါ်လာ ၆ ဘီလျံယံသာ အသုံးပြုဖို့ သမ္မတ Trump ရဲ့ အဆိုပြုချက်ကို တနင်္လာနေ့က ထုတ်ပြန်လိုက်တာပါ။ သမ္မတရဲ့အဆိုပြုချက်ကို အမေရိကန်လွှတ်တော်က အပြင်းအထန်ကန့်ကွက်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG