သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီရှိ ကန်သံရုံးဝန်ထမ်းတွေကယ်ထုတ်ပြီး သံရုံးလုံခြုံရေးတိုးမြှင့်


ဟေတီမှာရှိတဲ့အမေရိကန်သံရုံးအဆောက်အဦးနေရာမှာ သံရုံးဝန်ထမ်းတွေကို အမေရိကန်စစ်တပ်လေယာဥ်နဲ့ ခေါ်ဆောင်စဥ် အပြင်ဘက်မှာ လုံခြုံရေးယူနေကြတဲ့ တပ်ဖွဲ့ဝင်များ။​(မတ်လ ၁၀။ ၂၀၂၄)
ဟေတီမှာရှိတဲ့အမေရိကန်သံရုံးအဆောက်အဦးနေရာမှာ သံရုံးဝန်ထမ်းတွေကို အမေရိကန်စစ်တပ်လေယာဥ်နဲ့ ခေါ်ဆောင်စဥ် အပြင်ဘက်မှာ လုံခြုံရေးယူနေကြတဲ့ တပ်ဖွဲ့ဝင်များ။​(မတ်လ ၁၀။ ၂၀၂၄)

အရေးပေါ်အခြေအနေကြေညာထားတဲ့ ဟေတီနိုင်ငံတွင်း အမေရိကန်သံရုံးဝန်ထမ်းတချို့ကို လေယာဉ်နဲ့ထုတ်ပြီး သံရုံးလုံခြုံရေးအတွက် အမေရိကန်တပ်ဖွဲ့တွေချထားမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဟေတီနိုင်ငံတွင်း ဂိုဏ်းဖွဲ့အကြမ်းဖက်မှုတွေဟာ အစိုးရတည်မြဲမှုကိုပါ ခြိမ်းခြောက်လာနေပြီး ထောင်နဲ့ချီတဲ့မြို့ခံတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ နိုင်ငံတွင်း အကျပ်အတည်းဆိုး ဆိုက်နေတာပါ။ လေယာဉ်နဲ့ အပို့အကြိုဆောင်ရွက်မှုတွေကို ကမ္ဘာ့အဝှမ်း သံရုံးလုံခြုံရေးဆိုင်ရာ စံထားဆောင်ရွက်ချက်အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီစစ်လေယာဥ်မှာ ဟေတီနိုင်ငံသား ဘယ်သူ့ကိုမှ တင်ဆောင်တာမျိုး မရှိခဲ့ပါဘူးလို့ ကမ္ဘာ့တောင်ခြမ်း အမေရိကန်စစ်ကွပ်ကဲရေးဌာန ကြေညာချက်မှာဖော်ပြပါရှိပါတယ်။

ဟေတီဝန်ကြီးချုပ် Ariel Henry ဟာ နိုင်ရိုဘိုမြို့မှာရောက်ရှိပြီး ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးမယ့် တပ်ဖွဲ့စေလွှတ်ရေးအတွက် ညှိနှိုင်းနေချိန်မှာပဲ တိုင်းပြည်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် တနင်္ဂနွေနေ့ နှောင်းပိုင်းက တိုင်းပြည်အရေးပေါ်အခြေအနေ ကြေညာလိုက်ရတာပါ။ နိုင်ငံတွင်း ဂိုဏ်ဖွဲ့အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာလေဆိပ်တွေပါ ပိတ်ထားရပြီး အမေရိကန်၊ ကနေဒါ စတဲ့ နိုင်ငံခြားသားအများအပြားလည်း ပိတ်မိနေပါတယ်။

ဂိုဏ်းအဖွဲ့တွေဟာ ရဲဌာနတွေ၊ အကျဉ်းထောင်တွေနဲ့ အဓိကကျတဲ့ အစိုးရအဆောက်အဦးတွေကိုပါတိုက်ခိုက်ပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။

စနေနေ့တုန်းကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ကင်ညာသမ္မတ William Ruto နဲ့ ဟေတီအကြပ်အတည်းအရေး ဆွေးနွေးပြောဆိုခဲ့ပြီး ပုံမှန်အခြေအနေပြန်ရောက်ဖို့ နိုင်ငံပေါင်းစုံလုံခြုံရေးတပ်တွေ စေလွှတ်ရေး ကတိကဝတ်တွေပြုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG