သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲကပစ်လို့ လူမည်းတဦးသေဆုံးရမှု Minneapolis မြို့မှာ ကာဖျူးထုတ်


Minneapolis မြို့က လုံခြုံရေးရဲများ
Minneapolis မြို့က လုံခြုံရေးရဲများ

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသမှာရှိတဲ့ Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသားလူငယ်တဦးကို ရဲက သေနတ်နဲ့ ပစ်ခတ်သေဆုံးမှု ဖြစ်ပွားခဲ့တဲ့နောက် အာဏာပိုင်တွေက တနင်္လာနေ့ ညအတွက် ကာဖျူး အမိန့် ထုတ်ပြန်လိုက်ပါတယ်။

မြို့တော်ဝန် Jacob Frey က Minneapolis မြို့အတွက် အရေးပေါ်အခြေနေ ကြေညာလိုက်သလို တနင်္လာနေ့ ည ၇ နာရီကနေ အင်္ဂါမနက် ၆ နာရီအထိ ညမထွက်ရအမိန့် သတ်မှတ်လိုက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာဖျူးအမိန့်ဟာ Minneapolis မြို့ အပြင်ညီနောင်မြို့ဖြစ်တဲ့ St. Paul နဲ့ Hennepin ကောင်တီအပါအဝင် ပတ်ဝန်းကျင် ဒေသတခုလုံးအတွက်ပါ အကြုံးဝင်တာပါ။

တနင်္ဂနွေနေ့က အသက် ၂၀ အရွယ် လူမည်းအမျိုးသား Daunte Wright ကို ဖမ်းဆီးရာမှာ ရဲအရာရှိအမျိုးသမီးက ဓါတ်လိုက်စေတဲ့ သေနတ်ကို သုံးရမယ့်အစား သေနတ်အစစ်ကို မှားသုံးမိရာကနေ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Minneapolis မြို့မှာပဲ မနှစ်က မေလ ၂၅ ရက်မှာ လူမည်းအမျိုးသား George Floyd ကို ရဲက ဖမ်းဆီးစဉ် သေဆုံးခဲ့တာဖြစ်ပြီး ဒီအမှုကို လူသတ်မှုအဖြစ် တရားရုံးတင်စစ်ဆေးနေချိန်မှာပဲ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ George Floyd သေဆုံးမှုကနေ အမေရိကန်နိုင်ငံတလွှား လူမျိုးရေးခွဲခြားမှု ဆိုင်ရာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်


...............


(Unicode)






XS
SM
MD
LG