သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရေးယူမှု မြန်မာသံအမတ်ကြီးနဲ့မေးမြန်းချက်


 အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း
အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံသား တချို့ကို ဌာနေပြန်ပို့ရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့ အချက်နဲ့ မြန်မာ အစိုးရရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ညွှန်ကြားရေးမှူးချုပ်ကနေ ဝန်ကြီး အဆင့်ထိ အရာရှိကြီးတွေ၊ နောက် သူတို့ မိသားစုဝင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင် ဒဏ်ခတ်လိုက်ပါတယ်။ ရန်ကုန်မြို့က အမေရိကန် သံရုံးကနေ ဒီပုဂ္ဂိုလ်တွေ အတွက် အမေရိကန် ပြည်ထောင်စု အတွင်း ယာယီ နေထိုင်ခွင့် B1 နဲ့ B2 အမျိုးအစား ပြည်ဝင်ခွင့်တွေကို ပြီးခဲ့တဲ့ တနလာၤနေ့က စလို့ ထုတ်မပေးတော့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ဌာနေပြန်ပို့မယ့် မြန်မာနိုင်ငံသားတွေ အရေးနဲ့ ပတ်သက်ပြီး မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုတွေကို အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

"ဦးအောင်လင်း။ ။ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကနေ ပြစ်ဒဏ်ကျခံတဲ့လူတွေကို ပြန်ပို့ဖို့ အစီအစဉ်ထဲမှာ ကျနော်တို့ကနေပြီးတော့ သူတို့အဆိုအရပေါ့နော် ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ပြောတာကို သူတို့ကနေပြီးတော့ အရေးယူတာဖြစ်ပါတယ်။ ဒီမြန်မာနိုင်ငံသားတွေကဆိုရင် မြန်မာပြည်ကနေပြီးတော့ သူတို့ကနေပြီးတော့ ပြောထားတဲ့လူတွေက ထွက်ခွာသွားတာဖြစ်ပါတယ်။ ထွက်ခွာတဲ့လူတွေက အမှန်ဆိုရင် သူတို့ကနေပြီးတော့ နိုင်ငံသားအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်သွားပါတယ်။ ဒါပေမယ့် အခုနိုင်ငံတော်အစိုးရကဆိုရင် တချိန်တုန်းက မြန်မာနိုင်ငံသားတွေဖြစ်ပြီးတော့ ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားသည်ဖြစ်စေ သဘောထားကြီးစွာနဲ့ သူတို့ကို မြန်မာပြည်မှာမွေးတာ မြန်မာပြည်မှာ နေလာတဲ့လူဖြစ်မယ်ဆိုရင် လက်ခံပါမယ်ဆိုတာပြောပြီးတော့ လုပ်နေတဲ့အစီအစဉ်ဖြစ်ပါတယ်။ အမေရိကန်အစိုးရကနေပြီးတော့ အခုမြန်မာပြည်ကို သူတို့ကနေပြီးတော့ သတ်မှတ်ပြီးတော့ အရေးယူတယ်ဆိုပေမယ့်လည်း သူတို့ပြောတဲ့ မြန်မာနိုင်ငံသားဟောင်းတွေဆိုတဲ့လူတွေအားလုံးနီးပါးကို ကျနော်တို့အနေနဲ့ လက်ခံထားပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလည်း ပြန်ပြီးတော့ ပို့နေပြီးသားဖြစ်ပါတယ်။ အားလုံးနီးပါးလို့ ပြောတဲ့နေရာမှာလည်း တချို့ဟာတွေကတော့ သူတို့ကနေပြီးတော့ အမေရိကန်အစိုးရကနေ ပေးတဲ့ စာရင်းမို့လို့ အချက်အလက်မပြည့်စုံဘူးဆိုပြီးတော့မလုပ်နိုင်တာပဲ ရှိပါသေးတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ သူတို့ထဲမှာက နှောင့်နှေးတာက နိုင်ငံကူး Document ထုတ်မပေးတာဆိုပြီးတော့ အဲဒီ ၂ ချက်ထောက်ပြထားတာရှိပါတယ်။ အဲဒီတော့ အရေအတွက် ဘယ်လောက်လောက်ကျန်လို့ပါလဲ။

ဦးအောင်လင်း။ ။သူတို့ကနေ ပေးထားတဲ့ အခုလောလောဆည်မှာဆိုရင် သူတို့ကပေးထားတာ ၃၁ ယောက်ရှိပါတယ်။ အဲဒီ ၃၁ ယောက်မှာဆိုရင် အယောက် ၃၀ ပဲ ကျနော်တို့ကနေပြီးတော့ ခရီးသွားလက်မှတ်ထုတ်ပေးပြီးသားဖြစ်ပါတယ်။ အဲဒီကျန်တဲ့ ၁ ယောက်ဆိုတာကလည်း သူတို့က နာမည်ပေးထားတာပဲ ရှိပါသေးတယ်။ ကျနော်တို့ကို အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံ ပေးတာမရှိပါဘူး။

မသိင်္ဂ ီထိုက်။ ။တယောက်တည်းနဲ့ သူတို့က ဒီလိုလုပ်တယ်ဆိုတဲ့သဘောပေါ့နော်။

ဦးအောင်လင်း။ ။အဲဒါကတော့ သူတို့ အဲဒီဝန်ကြီးဌာနကို မေးကြည့်မယ်ဆိုရင် ပိုပြီးတော့ ကောင်းပါလိမ့်မယ် ။ ကျနော်တို့ ဒီမှာရှိတဲ့အချက်အလက်ကတော့ သူတို့ပေးတဲ့ စာရင်းတွေထဲမှာကို အခုလောလောဆည်အကုန်လုံးနီးပါးကို သူတို့ ခရီးသွားလက်မှတ်ထုတ်ပေးပြီးသားဖြစ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ ဒီလူတွေထဲက မြန်မာပြည်ကို ပြန်ရောက်သွားတဲ့လူ ရှိပါပြီလား။

ဦးအောင်လင်း။ ။ခရီးသွားလက်မှတ်ထုတ်ပေးပြီးပြီ ဆိုကတည်းက အဲဒီလူတွေအများစုက ပြန်ရောက်ပြီးသားဖြစ်ပါတယ်။ကျန်တဲ့လူကတော့ သူတို့အနေနဲ့ ပို့ဖို့ ကျန်တဲ့လူတွေသာဖြစ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။သံအမတ်ကြီးတို့အနေနဲ့ရော ဘယ်လိုတုံ့ပြန်သွားမလဲ ဒီကိစ္စကို

ဦးအောင်လင်း။ ။အမေရိကန်အစိုးရနဲ့ ကျနော်တို့က သူတို့နဲ့ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပူးပေါင်းဆောင်ရွက်နေတဲ့နေရာမှာ ဒီလူတွေက သူတို့ မြန်မာပြည်ကို မပြန်ချင်တဲ့လူတွေပဲ အများစုဖြစ်ပါတယ်။ မပြန်ချင်တဲ့လူတွေကိုတောင် ကျနော်တို့ကနေပြီးတော့ မြန်မာနိုင်ငံသားဖြစ်ခဲ့တယ် မြန်မာပြည်မှာ တချိန်က နေခဲ့တယ် ၊ မြန်မာပြည်မှာ မွေးဖွားခဲ့တဲ့လူတွေဖြစ်မယ်ဆိုရင် ကျနော်တို့ကနေပြီးတော့ ရှိရင်းစွဲဥပဒေကိုတောင် ကျနော်တို့ကနေပြီးတော့ ပြုပြင်ပြီးတော့ ကျနော်တို့ပြန်ပြီးတော့ လက်ခံဖို့လုပ်နေတဲ့အစီအစဉ်ဖြစ်ပါတယ်။"

မသိင်္ဂ ီထိုက်။ ။သံအမတ်ကြီးအထူးကျေးဇူးတင်ပါတယ်။

အမေရိကန်ရဲ့ ပြည်နှင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက ပထမ အသုတ်ကို မြန်မာနိုင်ငံဘက်က ပြန်လည် လက်ခံထားပြီး ဖြစ်ပြီး ဒုတိယ အသုတ်ကို စိစစ်နေဆဲ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG