သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှု ICC တင်ရေးဆန္ဒပြ


Kashmiris run for cover as Indian security forces (not pictured) fire tear gas shells during clashes, after scrapping of the special constitutional status for Kashmir by the Indian government, in Srinagar.
Kashmiris run for cover as Indian security forces (not pictured) fire tear gas shells during clashes, after scrapping of the special constitutional status for Kashmir by the Indian government, in Srinagar.

ကချင်ပြည်နယ်မှာ လက်ရှိ ပြင်းထန်လာတဲ့ ပဋိပက္ခရပ်တန့်ရေးနဲ့ ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကိစ္စတွေကြောင့် မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်ရေး လုံခြုံရေးကောင်စီအနေနဲ့ ထောက်ခံချက်ပေးဖို့ နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

မနေ့ တနင်္လာနေ့က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ တောင်းဆိုဆန္ဒပြတဲ့ အချက်တွေနဲ့ ပတ်သက်လို့ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ကချင်ခေါင်းဆောင်တွေကို သံရုံးတွင်း ဖိတ်ခေါ်ဆွေးနွေးရာမှာ ဗွီအိုအေ မြန်မာပိုင်းက သက်သေ အဖြစ် သတင်းယူခွင့်ရခဲ့ပါတယ်။ဆန္ဒပြပွဲကို သတင်းသွားယူခဲ့တဲ့ မအင်ကြင်းနိုင် တင်ပြမှာပါ။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံလုံးရဲ့ သံတမန်တွေ မြန်မာနိုင်ငံကိုရောက်ရှိနေချိန်မှာပဲ အခုလို နိုင်ငံတကာရောက်ကချင်တွေက ပြည်တွင်းက ကချင်ပြည်သူတွေနဲ့အတူ သူတို့်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ICC ခုံရုံးတင်ရေး လုံခြုံရေးကောင်စီကို ဖိအားပေးတောင်းဆိုနေကြတာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San က ဗွီအိုအေကို ပြောတာကတော့

“ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ ကချင်တိုင်းရင်းသား CSO ၃၂ ဖွဲ့ ပူးပေါင်းပြီးတော့ ဒီမြန်မာပြည်မှာရှိနေတဲ့ အဓိကတော့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့မှ ဘယ်သူမှ တကယ်ကြီး ကယ်တင်နိုင်တဲ့ အစွမ်းအစမရှိဘူး၊နောက်ပြီးတော့ အစိုးရကနေပြီး ဒီ သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ တရားဥပဒေအနေဖြင့် အရေးယူဖို့ မပြုလုပ်နိုင်လို့ ကျနေ်ာတို့က ကမ္ဘာ့မိသားစုကို တောင်းဆိုတာပါ။ UN Security Council ကို ICC တင်ဖို့အတွက် တောင်းဆိုပါတယ်။”

အခုလို နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ဖို့တောင်းဆိုတဲ့လာတဲ့အထိ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေကိုလည်း Gum Sang ကအခုလို ပြောပါတယ်။

“ကုလ သမဂ္ဂအစီရင်ခံစာပေါ့နော် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ ပြောပြချက်အရဆိုရင် similarities of pattern ဆိုတဲ့ဟာ တူညီမှုရှိတဲ့ ရာဇဝတ်မှုတွေ တွေ့မြင်ရတယ်ဆိုတဲ့အကြောင်းပေါ့နော်။ ဥပမာပြောမယ်ဆိုရင် ဒီရွာရှို့တဲ့ကိစ္စတွေပေါ့နော်။ ရွာမီးရှို့တာတို့ ပြည်သူလူထုတွေကို လူသားဒိုင်း သဖွယ်သုံးတာတို့ ၊ နောက်ပြီးတော့ အဓမ္မပြုကျင့်တာတို့ နောက်လူတွေကို တရားဥပဒေမဲ့ ပစ်သတ်တာတို့ အဲဒါတွေက ဒီရခိုင်မှာ တွေ့မြင်ခဲ့ရတယ်ဆိုတာတွေက ကချင်တွေရဲ့ Report ကြည့်လိုက်ရတော့ တူညီနေတယ်လို့ပြောတာပါ။ ဒီမြန်မာပြည်ကို အနှစ် ၇၀ ဆိုတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ကတော့ ဒီဟာက ပထမဦးဆုံး လမ်းစပြုရမယ့်အရပါ။”

မနေ့က ဆန္ဒပြပွဲမှာ ထူးခြားချက်ကတော့ အမေရိကန်ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးအောင်လင်းက တောင်းဆိုဆန္ဒပြတဲ့အချက်တွေနဲ့ ပတ်သက်လို့ ကချင်ခေါင်းဆောင်တွေကို မြန်မာသံရုံးထဲ ဖိတ်ခေါ်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးရာမျာ ဆန္ဒပြပွဲကို သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းကိုပါ ဆွေးနွေးမှုမှာ သက်သေအဖြစ်ရှိစေခဲ့ပါတယ်။

“ဦးအောင်လင်း။ ။ ခင်ဗျားတို့ကို ကျနော်တွေ့ဆုံတယ်ဆိုတာက ကျနော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေ ကျနော်တို့ ညီအကိုတွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။ ပြောပြချင်တဲ့အချက်တွေကို နားထောင်ဖို့ ကျနော်တို့အဆင်သင့်ရှိပါတယ်။ ခုနကလည်း သံရုံးရှေ့မှာ ခင်ဗျားတို့ မိတ်ဆွေတွေနဲ့ ပြောခဲ့ဖူးပါတယ်။ ထပ်ပြီးတော့ ဘာများကျနော်တို့ကို ပြောပြဖို့ ရှိပါသေးသလဲ။

Gum San။ ။ ဟုတ်ကဲ့ ဒီလိုလက်ခံတွေ့ဆုံတာ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ခါတိုင်း ဒီလိုတွေ့ဖြစ်တာ ၁ ခါပဲကြုံဖူးပါတယ်။ ဒါပေမယ့် အခုကတော့ သံအမတ်ကြီးသိတဲ့အတိုင်းပဲ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခက ပိုဆိုးလာပြီးတော့ ကျနေ်ာတို့ရဲ့ Civilian Population ပေါ့နော် သူတို့ ဖြစ်ပျက်နေမှုတွေက ကျနော်တို့ အရမ်းကို စိတ်ထိခိုက်ရတာပေါ့။ ဒီ နိုင်ငံ ဒီလောက်ဝေးတယ်ဆိုပေမယ့် ကျနေ်ာတို့ မခံမရပ်ဖြစ်လို့ ၊ ဥပမာ ဒီအကိုကတော့ ကနေဒါက နိုင်ငံဖြတ်ပြီးတော့ လာခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဓိကဖြစ်တာကတော့ ပဋိပက္ခကတခုပေါ့။ ဒါပေမယ့် ကျနော်တို့က လက်မခံနိုင်တာက ပဋိပက္ခဖြစ်တဲ့အချိန်မှာ ပြည်သူလူထုကို လူသားဒိုင်းသဖွယ်သုံးတာတို့ ပြည်သူလူထုကိုခြိမ်းခြောက်မှု လုပ်တာတွေက ဒီ Military operation တခုရဲ့ component အနေအဖြစ်လုပ်တာတွေ ကျနော်တို့လက်မခံနိုင်ပါဘူး။ ပြီးတော့ နောက်တခုက မြစ်ကြီးနားမှာ အခုဒီနေ့ ဆန္ဒပြကြတယ်။ နောက်ဆိုရင် သံရုံးတိုင်းမှာ ဆန္ဒပြလာမှာပါပဲ ဒီလိုပုံစံ”

သံအမတ်ကြီး ဦးအောင်လင်းနဲ့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San တို့ အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုံခြုံရေးကောင်စီအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့အချက်ကို ဦးအောင်လင်းက အခုလိုတုံ့ပြန်ခဲ့ပါတယ်။

“ဒီလက်ရှိအစိုးရက ဘယ်လောက်ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာလည်း ပြောပါရစေ။ ဒါကြောင့်မို့လည်း ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားနေပါ့မယ်။ ငြိမ်းချမ်းရေး မရခဲ့တဲ့အတွက်ကြောင့်လည်း ငြိမ်းချမ်းရေး ဘယ်လောက်ပိုပြီးတော့တန်ဖိုးရှိတာကိုလည်း ကျနော်တို့ ပိုပြီးတော့ နားလည်ပါတယ်။ အခုမြန်မာနိုင်ငံမှာ ခင်ဗျားတို့ပြောတဲ့အထဲမှာ တချို့ကိုကျနော်ကြားလိုက်ပါတယ်။ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ ကလည်း မြန်မာနိုင်ငံကိုကြည့်ပေးပါဆိုတဲ့ဟာကို။ ကျနော်တို့ မြန်မာနိုင်ငံကလည်း ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနေ်ာတို့ အမြဲတမ်းကြိုးပမ်းဆောင်ရွက်နေပါတယ်။ တခုပြောချင်တာက ဒီအချိန်မှာ ကျနေ်ာတို့ကို မလိုလားတဲ့ နိုင်ငံတွေ ရှိပါတယ်။ အဖွဲ့အစည်းတွေရှိတယ် ခင်ဗျားတို့ကနေပြီးတော့ စေတနာနဲ့ ကိုယ့်တိုင်းရင်းသားညီအကိုတွေကို ငြိမ်းချမ်းရေးရဖို့ တိုင်းပြည်မှာ အပစ်အခက်ရပ်စဲဖို့ ပြောနေတာတွေကို အသုံးချပြီးတော့ ကျနော်တို့ကို ထပ်ပြီးတော့ ဝေဖန်မယ့်သူတွေအများကြီး ရှိပါတယ်၊ ရှိနေဦးမှာဆိုတာကို ကျနေ်ာအများကြီးအသိပေးချင်ပါတယ်။ ခင်ဗျားတို့ပြောနေတဲ့ဟာကိုတွေကို ဒါကြောင့်မို့ကျနော် အခုခင်ဗျားတို့ကို လက်ခံတွေ့ပြီးတော့ ကျနေ်ာတို့ခေါင်းဆောင်တွေကို ကျနေ်ာတို့ သတင်းပေးပို့ဖို့ ကျနော်လုပ်နေပါတယ်။”

ဆန္ဒပြပွဲမှာလည်း တိုက်ပွဲတွေကြားပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုဖို့၊ စစ်ဘေးဒုက္ခသည်တွေ ဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းခွင့်ပြုဖို့၊ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ စစ်ရေးနည်းနဲ့မဟုတ်ပဲ နိုင်ငံရေးအရ ဖြေရှင်းဖို့ ကချင်တိုင်းရင်းသားတွေက တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဝါရှင်တန်ဒီစီက ကချင်တိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲ
please wait

No media source currently available

0:00 0:06:54 0:00
တိုက်ရိုက် လင့်ခ်


တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG