သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဆိုင္ရာ အေမရိကန္မူဝါဒ ျပန္ဆန္းစစ္ဖို႔ ကန္ပညာရွင္ တုိက္တြန္း


မႏၱေလးၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြကုိ ၿဖဳိခြဲ ႏွိမ္နင္းဖို႔ ေနရာယူေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံတကာက ျပႆနာေတြကို သံတမန္ေရး နည္းလမ္းေတြနဲ႔ အျပင္းအထန္ ႀကိဳးပမ္းမယ့္အေၾကာင္း အေမရိကန္သမၼတ Joe Biden က ဒီသီတင္းပတ္ အေစာပိုင္းမွာပဲ ကုလသမဂၢ အေထြေထြညီလာခံ မိန္႔ခြန္းမွာ ေျပာဆိုသြားပါတယ္။ ဒါေပမယ့္လည္း စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံေရး၊ လူ႔အခြင့္အေရး ျပႆနာေတြ ႀကီးထြားလာေနတဲ့ ျမန္မာႏိုင္ငံက အေျခအေနေတြကို ေျဖရွင္းရာမွာ ဒီထက္ပို ထိေရာက္တဲ့ နည္းလမ္းေတြ လိုအပ္ေနတယ္လို႔ အကဲခတ္တခ်ဳိ႕က ျမင္ၾကပါတယ္။ ဝါရွင္တန္အေျခစိုက္ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးစင္တာ (CSIS) က Michael Martin ကေတာ့ အေမရိကန္ အေနနဲ႔ အထူးကိုယ္စားလွယ္တေယာက္ ခန္႔အပ္ၿပီး ျမန္မာ့အေရး ေျဖရွင္းသင့္တယ္လို႔ ေျပာပါတယ္။ CSIS ရဲ႕ အေရွ႕ေတာင္အာရွ အစီအစဥ္က ျမန္မာဆိုင္ရာ ကၽြမ္းက်င္သူ Michael Martin ကို ဗြီအိုေအျမန္မာပိုင္းက ဆက္သြယ္ေမးျမန္းထားတဲ့ အထဲက တခ်ိဳ႕ကို မသိဂႌထုိက္ ေကာက္ႏုတ္ တင္ျပေပးထားပါတယ္။

မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ႔လာေရးစင္တာ (CSIS) ရဲ႕ အေရွ႕ေတာင္အာရွ အစီအစဥ္က ျမန္မာဆိုင္ရာ ကၽြမ္းက်င္သူ Michael Martin က အေမရိကန္ရဲ႕ ျမန္မာဆိုင္ရာ မူဝါဒ ျပန္သံုးသပ္ျခင္း - Revisiting U.S. Policy in Myanmar ဆိုတဲ့ သံုးသပ္ခ်က္ကို စက္တင္ဘာလ ၂၄ ရက္ေန႔က ထုတ္တာမွာ ျမန္မာ့မူဝါဒဆိုင္ရာ ေပါင္းစပ္ညႇိႏိႈင္းေရး အထူးကိုယ္စားလွယ္တဦး ခန႔္အပ္ဖို႔ လႊတ္ေတာ္ကို တိုက္တြန္းထားတာပါ။ ဒီလို ခန္႔အပ္ ေဆာင္ရြက္ႏိုင္ရင္ စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ စစ္တပ္အႀကီးအကဲေတြအေပၚ အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈက ပိုၿပီး ထိေရာက္ျပင္းထန္မႈ ရွိလာမယ္လို႔ ယူဆေၾကာင္း Michael Martin က ဗြီအိုေအကို ေျဖပါတယ္။

“ႏုိင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ျပည္ပအစိုးရေတြၾကား၊ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနၾကား ဆက္သြယ္ေဆာင္ရြက္ႏိုင္မယ့္ ပုဂၢိဳလ္တဦးကို အဆိုျပဳဖို႔ သမၼတ Biden ကို လႊတ္ေတာ္က တိုက္တြန္းရမယ့္အခ်ိန္လို႔ က်ေနာ္ထင္ပါတယ္။ ဒါမွလည္း စစ္အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ဒဏ္ခတ္ပိတ္ဆို႔မႈ တိုးျမႇင့္ႏိုင္မွာျဖစ္ၿပီး မင္းေအာင္လိႈင္နဲ႔ တပ္မေတာ္ အႀကီးတန္းအရာရွိေတြ စစ္အာဏာသိမ္းမႈ၊ စစ္အစိုးရကို ဆက္ထိန္းထားႏိုင္ေရး အခက္အခဲေတြ႔ေစမွာ ျဖစ္သလို လက္ရွိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြ၊ CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြကို လက္ရွိ တိ္ုက္ခိုက္ေနတဲ့ ျမန္မာ လံုၿခံဳေရးတပ္ဖြဲ႔ေတြအတြက္ လက္နက္၊ အသံုးအေဆာင္ေတြနဲ႔ ေထာက္ပံ့ေရးလုပ္ဖို႔ သူတို႔အတြက္ ပိုၿပီးလည္း အခက္ေတြ႔ေႏိုင္ပါတယ္။ ျမန္မာလူထုကို ဖိႏွိပ္ ႏွိပ္ကြပ္မႈ ဆက္လုပ္ႏိုင္ေရး အခက္ေတြ႔သြားေအာင္ လုပ္ဖို႔ပါ။ လက္ရွိ ဒဏ္ခတ္ပိတ္ဆို႔မႈတခ်ိဳ႕ ရွိေပမယ့္လည္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္ေခါင္းေဆာင္ပိုင္း စခဲ့တဲ့ လုပ္ရပ္မ်ိဳးေတြကို ခက္ခဲသြားေအာင္ လုပ္ႏိုင္ဖို႔အတြက္ မလံုေလာက္ပါဘူး။”

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ အဆံုးသတ္ၿပီး ဒီမိုကေရစီ ျပန္လည္က်င့္သံုးေရး အေမရိကန္ဘက္က အားေပးေဆာင္ရြက္မႈက တိုးတက္မႈ သိပ္မေတြ႔ရဘူးလို႔လည္း CSIS ရဲ႕ ျမန္မာ့အေရး ကၽြမ္းက်င္သူ Michael Martin က ေထာက္ျပၿပီး အေမရိကန္ အစိုးရနဲ႔ လႊတ္ေတာ္ဘက္က ျမန္မာဆိုင္ရာ မူဝါဒကို ျပန္သံုးသပ္ၿပီး ႏိုင္ငံတြင္း လက္ရွိျဖစ္ေနတဲ့ ႏိုင္ငံေရးနဲ႔ စစ္ေရးအေျခအေနေတြနဲ႔ လိုက္ဖက္တဲ့ မဟာဗ်ဴဟာတရပ္ ခ်မွတ္ဖို႔လည္း သူက တိုက္တြန္းထားပါတယ္။

“အခုအခ်ိန္မွာေတာ့ အေျခအေနကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းေရး လမ္းေၾကာင္းကို ဦးတည္ေနတဲ့ပံု မရွိပါဘူး။ အေသးစိတ္လည္း က်ေနာ္ ရွင္းျပႏိုင္ပါတယ္။ ေနာက္ထပ္ အေရးႀကီးတဲ့ အခ်က္တခုကေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မတိုင္ခင္က ရွိခဲ့တဲ့ အစိုးရက အျပည့္အဝ ဒီမိုကေရစီအစိုးရ မဟုတ္ပါဘူး။ စစ္တပ္က ေရးဆြဲခဲ့တဲ့ အေျခခံဥပေဒအရ ဖြဲ႔စည္းထားတဲ့ စစ္တပ္ - အရပ္ဘက္ ေပါင္းစပ္အစိုးရ ျဖစ္ပါတယ္။ ဒီအစိုးရထဲမွာ ေရြးေကာက္ခံေတြထက္ စစ္တပ္ကို ပိုၿပီး အာဏာေပးထားတာျဖစ္ၿပီး လႊတ္ေတာ္ကို ခ်ဳပ္ကိုင္ထားၿပီး အမွန္မွာကေတာ့ အစိုးရခ်ဳပ္ကိုင္မႈကို ကန္႔သတ္ထားခ်က္ ဒါမွမဟုတ္လည္း ဗဟိုအစိုးရအေပၚ ခ်ဳပ္ကိုင္ထားမႈ ျဖစ္ပါတယ္။ ဒါေၾကာင့္ အျပည့္အဝ ဒီမိုကေရစီ မဟုတ္ပါဘူး။ တဖက္မွာလည္း အထူးသျဖင့္ တိုင္းရင္းသားေဒသေတြမွာ ၂၀၁၀ မွာ မဲမေပးႏိုင္ခဲ့ၾကသလို ၂၀၁၅ မွာလည္း မဲမေပးခဲ့ႏိုင္၊ ၂၀၂၀ မွာလည္း မဲမထည့္ႏိုင္ခဲ့သူ အမ်ားအျပား ရွိပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ အစိုးရတရပ္ အျပည့္အဝ ဖြဲ႔စည္းႏုိင္မယ့္ အျပည့္အဝ လြတ္လပ္ၿပီး မွ်တတဲ့ ေရြးေကာက္ပြဲ မရွိခဲ့ေသးပါဘူး။ အရင္ စစ္အစိုးရနဲ႔ စာရင္ေတာ့ ပိုၿပီး ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္လည္း အျပည့္အဝ ဒီမိုကေရစီ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီမိုကေရစီ မရွိတာေၾကာင့္ အျပည့္အဝ ဒီမိုကေရစီ ျပန္လည္က်င့္သံုးဖို႔ မရွိပါဘူး။ ျမန္မာလူထုကေတာ့ ဒီမိုကေရစီ အျပည့္အဝရဖို႔ ႀကိဳးစားေနၾကပံု ရွိပါတယ္။”

အေမရိကန္ရဲ႕ ျမန္မာဆိုင္ရာမူဝါဒ ျပန္သံုးသပ္ျခင္းဆိုတဲ့ သံုးသပ္ခ်က္မွာေတာ့ လက္ရွိ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး အခ်က္ ၆ ခ်က္ တိုက္တြန္းထားပါတယ္။ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြေၾကာင့္ ထြက္ေျပး၊ တိမ္းေရွာင္ရသူေတြကို လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးႏိုင္ေရးအတြက္ အကူအညီေပးေရး အဖြဲ႔အစည္းအေတြနဲ႔ တိုက္႐ိုက္ ခ်ိတ္ဆက္ ေဆာင္ရြက္ဖို႔လည္း အႀကံျပဳထားပါတယ္။ ျမန္မာစစ္တပ္ ေခါင္းေဆာင္ေတြနဲ႔ စစ္ေကာင္စီ အႀကီးတန္း တာဝန္ရွိသူေတြကို အေမရိကန္ အစိုးရဘက္က ပိုၿပီး ျပင္းျပင္းထန္ထန္ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ဖို႔လည္း တိုက္တြန္းထားပါတယ္။

နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္က ႏိုင္ငံတကာေခါင္းေဆာင္ေတြ ပါဝင္တက္ေရာက္ေနတဲ့ ႏွစ္ပတ္လည္ အေထြေထြညီလာခံမွာ အေမရိကန္သမၼတ Joe Biden အဂၤါေန႔က မိန္႔ခြန္းေျပာရာမွာေတာ့ ျမန္မာႏိုင္ငံ အပါအဝင္ ကမာၻတဝန္းက ဖိႏွိပ္မႈေတြ၊ ပဋိပကၡေတြ၊ ရာသီဥတု ေဖာက္ျပန္မႈေတြနဲ႔ ကပ္ေရာဂါေတြလို စိန္ေခၚမႈေတြကို ေျဖရွင္းရာမွာ အေမရိကန္က သံတမန္ေရး နည္းလမ္းေတြနဲ႔ အျပင္းအထန္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာဆိုင်ရာ အမေရိကန်မူဝါဒ ပြန်ဆန်းစစ်ဖို့ ကန်ပညာရှင် တိုက်တွန်း

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာက ပြဿနာတွေကို သံတမန်ရေး နည်းလမ်းတွေနဲ့ အပြင်းအထန် ကြိုးပမ်းမယ့်အကြောင်း အမေရိကန်သမ္မတ Joe Biden က ဒီသီတင်းပတ် အစောပိုင်းမှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ လူ့အခွင့်အရေး ပြဿနာတွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို ဖြေရှင်းရာမှာ ဒီထက်ပို ထိရောက်တဲ့ နည်းလမ်းတွေ လိုအပ်နေတယ်လို့ အကဲခတ်တချို့က မြင်ကြပါတယ်။ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က Michael Martin ကတော့ အမေရိကန် အနေနဲ့ အထူးကိုယ်စားလှယ်တယောက် ခန့်အပ်ပြီး မြန်မာ့အရေး ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။ CSIS ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က မြန်မာဆိုင်ရာ ကျွမ်းကျင်သူ Michael Martin ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းထားတဲ့ အထဲက တချို့ကို မသိင်္ဂီထိုက် ကောက်နုတ် တင်ပြပေးထားပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က မြန်မာဆိုင်ရာ ကျွမ်းကျင်သူ Michael Martin က အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်ခြင်း - Revisiting U.S. Policy in Myanmar ဆိုတဲ့ သုံးသပ်ချက်ကို စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်တာမှာ မြန်မာ့မူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးကိုယ်စားလှယ်တဦး ခန့်အပ်ဖို့ လွှတ်တော်ကို တိုက်တွန်းထားတာပါ။ ဒီလို ခန့်အပ် ဆောင်ရွက်နိုင်ရင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ်အကြီးအကဲတွေအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက ပိုပြီး ထိရောက်ပြင်းထန်မှု ရှိလာမယ်လို့ ယူဆကြောင်း Michael Martin က ဗွီအိုအေကို ဖြေပါတယ်။

“နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပြည်ပအစိုးရတွေကြား၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကြား ဆက်သွယ်ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တဦးကို အဆိုပြုဖို့ သမ္မတ Biden ကို လွှတ်တော်က တိုက်တွန်းရမယ့်အချိန်လို့ ကျနော်ထင်ပါတယ်။ ဒါမှလည်း စစ်အုပ်ချုပ်ရေးအဖွဲ့ကို ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်နိုင်မှာဖြစ်ပြီး မင်းအောင်လှိုင်နဲ့ တပ်မတော် အကြီးတန်းအရာရှိတွေ စစ်အာဏာသိမ်းမှု၊ စစ်အစိုးရကို ဆက်ထိန်းထားနိုင်ရေး အခက်အခဲတွေ့စေမှာ ဖြစ်သလို လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို လက်ရှိ တိုက်ခိုက်နေတဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေအတွက် လက်နက်၊ အသုံးအဆောင်တွေနဲ့ ထောက်ပံ့ရေးလုပ်ဖို့ သူတို့အတွက် ပိုပြီးလည်း အခက်တွေ့နေိုင်ပါတယ်။ မြန်မာလူထုကို ဖိနှိပ် နှိပ်ကွပ်မှု ဆက်လုပ်နိုင်ရေး အခက်တွေ့သွားအောင် လုပ်ဖို့ပါ။ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ ရှိပေမယ့်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ခေါင်းဆောင်ပိုင်း စခဲ့တဲ့ လုပ်ရပ်မျိုးတွေကို ခက်ခဲသွားအောင် လုပ်နိုင်ဖို့အတွက် မလုံလောက်ပါဘူး။”

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေး အမေရိကန်ဘက်က အားပေးဆောင်ရွက်မှုက တိုးတက်မှု သိပ်မတွေ့ရဘူးလို့လည်း CSIS ရဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ Michael Martin က ထောက်ပြပြီး အမေရိကန် အစိုးရနဲ့ လွှတ်တော်ဘက်က မြန်မာဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်ပြီး နိုင်ငံတွင်း လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေနဲ့ လိုက်ဖက်တဲ့ မဟာဗျူဟာတရပ် ချမှတ်ဖို့လည်း သူက တိုက်တွန်းထားပါတယ်။

“အခုအချိန်မှာတော့ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး လမ်းကြောင်းကို ဦးတည်နေတဲ့ပုံ မရှိပါဘူး။ အသေးစိတ်လည်း ကျနော် ရှင်းပြနိုင်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တခုကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်က ရှိခဲ့တဲ့ အစိုးရက အပြည့်အဝ ဒီမိုကရေစီအစိုးရ မဟုတ်ပါဘူး။ စစ်တပ်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ စစ်တပ် - အရပ်ဘက် ပေါင်းစပ်အစိုးရ ဖြစ်ပါတယ်။ ဒီအစိုးရထဲမှာ ရွေးကောက်ခံတွေထက် စစ်တပ်ကို ပိုပြီး အာဏာပေးထားတာဖြစ်ပြီး လွှတ်တော်ကို ချုပ်ကိုင်ထားပြီး အမှန်မှာကတော့ အစိုးရချုပ်ကိုင်မှုကို ကန့်သတ်ထားချက် ဒါမှမဟုတ်လည်း ဗဟိုအစိုးရအပေါ် ချုပ်ကိုင်ထားမှု ဖြစ်ပါတယ်။ ဒါကြောင့် အပြည့်အဝ ဒီမိုကရေစီ မဟုတ်ပါဘူး။ တဖက်မှာလည်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ၂၀၁၀ မှာ မဲမပေးနိုင်ခဲ့ကြသလို ၂၀၁၅ မှာလည်း မဲမပေးခဲ့နိုင်၊ ၂၀၂၀ မှာလည်း မဲမထည့်နိုင်ခဲ့သူ အများအပြား ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အစိုးရတရပ် အပြည့်အဝ ဖွဲ့စည်းနိုင်မယ့် အပြည့်အဝ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ မရှိခဲ့သေးပါဘူး။ အရင် စစ်အစိုးရနဲ့ စာရင်တော့ ပိုပြီး ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြည့်အဝ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီ မရှိတာကြောင့် အပြည့်အဝ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးဖို့ မရှိပါဘူး။ မြန်မာလူထုကတော့ ဒီမိုကရေစီ အပြည့်အဝရဖို့ ကြိုးစားနေကြပုံ ရှိပါတယ်။”

အမေရိကန်ရဲ့ မြန်မာဆိုင်ရာမူဝါဒ ပြန်သုံးသပ်ခြင်းဆိုတဲ့ သုံးသပ်ချက်မှာတော့ လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အချက် ၆ ချက် တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေး၊ တိမ်းရှောင်ရသူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေးအတွက် အကူအညီပေးရေး အဖွဲ့အစည်းအတွေနဲ့ တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်ဖို့လည်း အကြံပြုထားပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီ အကြီးတန်း တာဝန်ရှိသူတွေကို အမေရိကန် အစိုးရဘက်က ပိုပြီး ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

နယူးယောက် ကုလသမဂ္ဂရုံးချုပ်က နိုင်ငံတကာခေါင်းဆောင်တွေ ပါဝင်တက်ရောက်နေတဲ့ နှစ်ပတ်လည် အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ Joe Biden အင်္ဂါနေ့က မိန့်ခွန်းပြောရာမှာတော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက ဖိနှိပ်မှုတွေ၊ ပဋိပက္ခတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ကပ်ရောဂါတွေလို စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အမေရိကန်က သံတမန်ရေး နည်းလမ်းတွေနဲ့ အပြင်းအထန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG