သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပိုလန္နယ္စပ္အနီး ႐ုရွားတိုက္ခိုက္မႈ အေမရိကန္ ႀကိဳတင္တြက္ဆၿပီးသား


အေမရိကန္ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး Jake Sullivan. (ေဖေဖာ္ဝါရီ ၁၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းအေနာက္ပိုင္း ပိုလန္နယ္စပ္နားမွာ တနဂၤေႏြေန႔က ႐ုရွားရဲ႕ တိုက္ခိုက္မႈဟာ အေမရိကန္အတြက္ေတာ့ နဂိုကတည္းက ခန္႔မွန္းတြက္ဆထားတာမ်ိဳး ျဖစ္ေၾကာင္း အေမရိကန္ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး Jake Sullivan က ေျပာပါတယ္။

အေမရိကန္ ေထာက္လွမ္းေရးေတြနဲ႔ အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ အသိုင္းအဝိုင္းအတြက္ ဒါဟာ အဆန္းမဟုတ္ေၾကာင္း၊ ႐ုရွားတပ္ေတြ တိုးတက္မႈ တစံုတရာရေအာင္ မလုပ္ႏိုင္တဲ့အတြက္ သမၼတ Vladimir Putin က စိတ္ပ်က္ၿပီး အခုလိုတိုုက္မွ ရမယ္ထင္လို႔ လုပ္ခဲ့တာျဖစ္ေၾကာင္း Jake Sullivan က CNN သတင္းဌာနကို ေျပာပါတယ္။

ယူကရိ္န္းအေနာက္ဘက္ စစ္အေျခစိုက္စခန္းျဖစ္တဲ့ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးစင္တာ (ICPS) ကို ႐ုရွားက တနဂၤေႏြေန႔ ပဲ့ထိန္းဒံုးနဲ႔ ပစ္ခတ္မႈေၾကာင့္ ၃၅ ဦးေသဆံုးၿပီး ၁၃၄ ဦး ဒဏ္ရာရခဲ့တာပါ။ Lviv ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ဒီစခန္းဟာ ယူကရိန္းတပ္ေတြကို NATO မဟာမိတ္တပ္ေတြက ေလ့က်င့္သင္တန္းေပးတဲ့ ေနရာျဖစ္ၿပီး NATO တပ္ေတြရွိတဲ့ ပိုလန္နဲ႔လည္း ၁၅ မိုင္ေလာက္ပဲ ေဝးတာေၾကာင့္ ႐ုရွားတပ္ေတြရဲ႕ ပစ္ခတ္မႈ တစံုတရာ လြဲေခ်ာ္ခဲ့ရင္ ပိုက်ယ္ျပန္႔တဲ့ စစ္မက္ ျဖစ္ပြားလာႏိုင္တာကို စိုးရိမ္လာၾကတာ ျဖစ္ပါတယ္။

တကယ္လို႔ ႐ုရွားပစ္ခတ္မႈက NATO ပိုင္နက္ထဲ က်လာမယ္ဆိုရင္ NATO မဟာမိတ္ေတြက တုံ႔ျပန္ၾကမွာ ျဖစ္ေၾကာင္းလည္း Jake Sullivan က အေမရိကန္ CBS သတင္းဌာနကို ေျပာပါတယ္။

႐ုရွားက ယူကရိန္းကို ဓာတုလက္နက္ေတြနဲ႔ တိုက္ခိုက္မွာကို စိုးရိမ္ေနၾကတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာလည္း မစၥတာ Sullivan က ႐ုရွားဟာ ယူကရိန္းကို ဓာတု ဒါမွမဟုတ္ ဇီဝလက္နက္ ထုတ္ဖို႔ လုပ္ေနတယ္လို႔ မၾကာေသးခင္ကပဲ စြပ္စြဲထားတာကို ၾကည့္ရင္ ႐ုရွားဘက္က ဒီလိုလုပ္ဖို႔ အသင့္ျပင္ေနတာကို ျပေနတာ ျဖစ္ေၾကာင္းနဲ႔ သူတိုက္ခိုက္ႏိုင္တဲ့ ေနရာနဲ႔ အခ်ိန္ကိုေတာ့ ခန္႔မွန္းလို႔ မရေၾကာင္းလည္း ေျပာခဲ့တာပါ။

မစၥတာ Sullivan နဲ႔ အမ်ိဳးသားလံုၿခံဳေရးေကာင္စီ အရာရွိေတြနဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက တာဝန္ရွိသူေတြဟာ တနလၤာေန႔မွာ အီတလီႏိ္ုင္ငံ ေရာမၿမိဳ႕ကို သြားေရာက္ဖို႔ရွိၿပီး အဲဒီမွာ တ႐ုတ္ကြန္ျမဴနစ္ပါတီ ေပါလစ္ဗ်ဴ႐ိုအဖြဲ႔ဝင္ ႏိုင္ငံျခားေရးေကာ္မရွင္႐ုံး အႀကီးအကဲ Yang Jiechi နဲ႔ ေတြ႔ဆံုဖို႔ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပိုလန်နယ်စပ်အနီး ရုရှားတိုက်ခိုက်မှု အမေရိကန် ကြိုတင်တွက်ဆပြီးသား

ယူကရိန်းအနောက်ပိုင်း ပိုလန်နယ်စပ်နားမှာ တနင်္ဂနွေနေ့က ရုရှားရဲ့ တိုက်ခိုက်မှုဟာ အမေရိကန်အတွက်တော့ နဂိုကတည်းက ခန့်မှန်းတွက်ဆထားတာမျိုး ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောပါတယ်။

အမေရိကန် ထောက်လှမ်းရေးတွေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အသိုင်းအဝိုင်းအတွက် ဒါဟာ အဆန်းမဟုတ်ကြောင်း၊ ရုရှားတပ်တွေ တိုးတက်မှု တစုံတရာရအောင် မလုပ်နိုင်တဲ့အတွက် သမ္မတ Vladimir Putin က စိတ်ပျက်ပြီး အခုလိုတိုက်မှ ရမယ်ထင်လို့ လုပ်ခဲ့တာဖြစ်ကြောင်း Jake Sullivan က CNN သတင်းဌာနကို ပြောပါတယ်။

ယူကရိန်းအနောက်ဘက် စစ်အခြေစိုက်စခန်းဖြစ်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးစင်တာ (ICPS) ကို ရုရှားက တနင်္ဂနွေနေ့ ပဲ့ထိန်းဒုံးနဲ့ ပစ်ခတ်မှုကြောင့် ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦး ဒဏ်ရာရခဲ့တာပါ။ Lviv မြို့နဲ့ သိပ်မဝေးတဲ့ ဒီစခန်းဟာ ယူကရိန်းတပ်တွေကို NATO မဟာမိတ်တပ်တွေက လေ့ကျင့်သင်တန်းပေးတဲ့ နေရာဖြစ်ပြီး NATO တပ်တွေရှိတဲ့ ပိုလန်နဲ့လည်း ၁၅ မိုင်လောက်ပဲ ဝေးတာကြောင့် ရုရှားတပ်တွေရဲ့ ပစ်ခတ်မှု တစုံတရာ လွဲချော်ခဲ့ရင် ပိုကျယ်ပြန့်တဲ့ စစ်မက် ဖြစ်ပွားလာနိုင်တာကို စိုးရိမ်လာကြတာ ဖြစ်ပါတယ်။

တကယ်လို့ ရုရှားပစ်ခတ်မှုက NATO ပိုင်နက်ထဲ ကျလာမယ်ဆိုရင် NATO မဟာမိတ်တွေက တုံ့ပြန်ကြမှာ ဖြစ်ကြောင်းလည်း Jake Sullivan က အမေရိကန် CBS သတင်းဌာနကို ပြောပါတယ်။

ရုရှားက ယူကရိန်းကို ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်နေကြတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မစ္စတာ Sullivan က ရုရှားဟာ ယူကရိန်းကို ဓာတု ဒါမှမဟုတ် ဇီဝလက်နက် ထုတ်ဖို့ လုပ်နေတယ်လို့ မကြာသေးခင်ကပဲ စွပ်စွဲထားတာကို ကြည့်ရင် ရုရှားဘက်က ဒီလိုလုပ်ဖို့ အသင့်ပြင်နေတာကို ပြနေတာ ဖြစ်ကြောင်းနဲ့ သူတိုက်ခိုက်နိုင်တဲ့ နေရာနဲ့ အချိန်ကိုတော့ ခန့်မှန်းလို့ မရကြောင်းလည်း ပြောခဲ့တာပါ။

မစ္စတာ Sullivan နဲ့ အမျိုးသားလုံခြုံရေးကောင်စီ အရာရှိတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေဟာ တနင်္လာနေ့မှာ အီတလီနိုင်ငံ ရောမမြို့ကို သွားရောက်ဖို့ရှိပြီး အဲဒီမှာ တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးကော်မရှင်ရုံး အကြီးအကဲ Yang Jiechi နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

XS
SM
MD
LG