သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရှိ IS တာဝန်ရှိသူတဦး အမေရိကန်တပ်တွေ ဖမ်းဆီးရမိ


 အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့စစ်သည်များ။ (ဇန်နဝါရီ ၂၈၊ ၂၀၂၂)
အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့စစ်သည်များ။ (ဇန်နဝါရီ ၂၈၊ ၂၀၂၂)

ဆီးရီးယားမြောက်ပိုင်းမှာ စနေနေ့က ရဟတ်ယာဥ်နဲ့ စီးနင်းတိုက်ခိုက်ခဲ့ရာမှာ အစ္စလာမ် နိုင်ငံတော်အဖွဲ့လို့အဓိပ္ပါယ်ရတဲ့ အိုင်အက်စ် (IS) အဖွဲ့တာဝန်ရှိသူတဦး ကို အမေရိကန်တပ်တွေက ဖမ်းမိခဲ့တယ်လို့ အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ တောင်အာရှဆိုင်ရာ တာဝန်ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ဗဟိုတပ်မဌာနချုပ် USCC က တနင်္လာနေ့ က ပြောပါတယ်။

“စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ဆီးရီးယား အိုင်အက်စ် အိုင်အက်စ် (ISIS) အဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့ ပြင်ဆင်ချောမွေ့ရေး တာဝန်ခံတယောက်ဖြစ်တဲ့ အဘူ ဟာလီလ် အယ်ဖာဒါနီ (Abu Halil al-Fad'ani) ကို ဖမ်းမိခဲ့ပြီး သူဟာ ဒေသတွင်း ISIS ကွန်ယက်နဲ့ ချိတ်ဆက်နိုင်သူဖြစ်တယ်လို့ USCC က သတင်းထုတ်ပြန်ပါတယ်။

ဒီလို အယ်ဖာဒါနီ လို ISIS တာဝန်ရှိသူတွေကို ဖမ်းဆီးမိတာက ကျနော်တို့တပ်ဖွဲ့တွေရဲ့ စစ်မြေပြင်မှာ အကြမ်းဖက်သမားတွေကို ရှာဖွေ၊ ပစ်မှတ်ထား၊ ဖယ်ရှား နိုင်တဲ့စွမ်းရည်ကို တိုးတက်စေပါတယ်" လို့ ဗဟိုတပ်မဌာနချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထရွိုင် ဂါးလော့ခ် (Troy Garlock) က ပြောပါတယ်။

ဒီ စစ်ဆင်ရေးမှာ အရပ်သားတဦးတယောက်မှ သေဆုံး၊ ဒဏ်ရာရတာ မရှိ' ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG