သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ယူကရိန်းသမ္မတနှစ်ဦး အိမ်ဖြူတော်မှာတွေ့ဆုံဖို့ရှိ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးတို့ နေတိုးအစည်းအဝေးတခုမှာ တွေ့ဆုံကြစဥ်။​
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးတို့ နေတိုးအစည်းအဝေးတခုမှာ တွေ့ဆုံကြစဥ်။​

ကန်နဲ့ယူကရိန်းသမ္မတနှစ်ဦး အိမ်ဖြူတော်မှာတွေ့ဆုံဖို့ရှိ

သမ္မတဂျိုးဘိုင်ဒန်ဟာ လာမယ့်သီတင်းပတ် စက်တင်ဘာ ၂၆ ရက်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ သမ္မတအိမ်ဖြူမှာတွေ့ဆုံပြီး ယူကရိန်း- ရုရှား စစ်ပွဲဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်းသမ္မတဟာ ဒုသမ္မတ ကင်မလာ ဟဲရစ်နဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ အိမ်ဖြူပြောခွင့်ရ Karine Jean-Pierre က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံ့ခေါင်းဆောင်တွေဆွေးနွေးရာမှာ ယူကရိန်းရဲ့ မဟာဗျူဟာအစီအစဉ်တွေနဲ့ ရုရှားကျူးကျော်မှုကို ယူကရိန်းကတွန်းလှန်ဖို့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုတွေကို ထည့်သွင်းဆွေးနွေးမှာဖြစ်တဲ့အပြင် သမ္မတနဲ့ဒုသမ္မတတို့က ယူကရိန်းကို သူ့ရဲ့ တိုက်ပွဲ အောင်မြင်တဲ့အထိ ခိုင်ခိုင်မာမာရပ်တည်သွားမှာဖြစ်ကြောင်းလည်း ပြောဖို့ရှိကြောင်း ဖေါ်ပြထားပါတယ်။

ယူကရိန်းသမ္မတက သူ့မှာ ရုရှားတွန်းလှန်စစ်အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့်အစီအစဉ်ရှိကြောင်းနဲ့ ဒါကို အမေရိကန်သမ္မတဘိုင်ဒန်ကို တင်ပြမှာဖြစ်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က Kyiv မှာ ပြုလုပ်တဲ့ အကြိမ် ၂၀ မြောက် ဥရောပ မဟာဗျူဟာဆိုင်ရာ Yalta နှစ်ပတ်လည် ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ သမ္မတ Zelenskyy က သူတို့ဟာ ဝင်ရောက်ကျူးကျော်သိမ်းပိုက်တဲ့တပ်တွေကို မောင်းထုတ်တာ ဒါမှမဟုတ် သံတမန်ရေးအရ ပြောဆိုမှုတွေကနေဖြစ်စေ အသိမ်းပိုက်ခံရတဲ့နယ်မြေတွေ ပြန်လွတ်မြောက်ပြီး ယူကရိန်းလွတ်လပ်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ၂ မျိုးစလုံးအတွက် ယူကရိန်းဘက်ကအခိုင်အမာရှိနေပြီး အမေရိကန်က အကူညီပေးနိုင်တယ်လို့ ပြောခဲ့တာပါ။

အမေရိကန်နဲ့ဗြိတိန်တို့က သူတို့ပေးတဲ့ တာဝေးပစ်လက်နက်တွေနဲ့ ယူကရိန်းကို ရုရှားပိုင်နက်အတွင်းပိုင်းအထိ ပစ်ခတ်ခွင့် မပေးသေးတာအတွက် စိတ်ပျက်ရကြောင်းလည်း ပြောပါတယ်။

ကန်နဲ့ယူကရိန်းသမ္မတနှစ်ဦး အိမ်ဖြူတော်မှာတွေ့ဆုံဖို့ရှိ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG