သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိန္းသိမ္းထားတဲ႔ သတင္းသမားေတြ ျပန္လႊတ္ဖို႔ ဗီယက္နမ္ကို အေမရိကန္ေတာင္းဆို


ထိန္းသိမ္းထားခံတဲ႔ သတင္းသမားမ်ား

(Zawgyi/Unicode)

ဗီယက္နမ္ႏိုင္ငံမွာ မတရားသျဖင့္ ထိန္းသိမ္းခံထားရသူအားလံုးကို ျပန္လႊတ္ေပးဖို႔နဲ႔ ပုဂၢိဳတ္တဦးခ်င္းစီအေနနဲ႔လက္တုံ႔ျပန္ခံရမွာကို ေၾကာက္ရြံစရာမလိုပဲ သူတို႔ရဲ႕ အျမင္ေတြလြတ္လပ္စြာထုတ္ေဖၚခြင့္ျပဳဖို႔အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုေၾကာင္း ႏိုင္ငံျခားေရး၀န္ႀကီးဌာန လက္ေထာက္ေျပာခြင့္ရ Cale Brown က ေျပာၾကားခဲ့ပါတယ္။

ဗီယက္နမ္ လြတ္လပ္ေသာသတင္းေထာက္မ်ားအသင္း (IJAV) က အသင္း၀င္ သံုးဦးကို ျပင္းထန္တဲ့ ေထာင္ဒဏ္ေတြခ်မွတ္ၿပီးေနာက္ အေမရိကန္ႏိုင္ငံျခားေရးဌာနက ၾကာသပေတးေန႔က အခုလို ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။

Pham Chi Dungကို ေထာင္ဒဏ္ (၁၅)ႏွစ္နဲ႕ Nguyen Tuong Thuy နဲ႔ Le Huu Minh Tuan တို႔ကို ေထာင္ဒဏ္ (၁၁)ႏွစ္ စီ ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဗီယက္နမ္ ဖဲြ႕စည္းပံုအေျခခံဥပေဒမွာပါတဲ့ လူ႔အခြင့္အေရးျပဌာန္းခ်က္ေတြ၊ ႏိုင္ငံတကာလိုက္နာရမယ့္ တာ၀န္၀တၱရားေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေသခ်ာေစေရး ဗီယက္နမ္အစိုးရအေနနဲ႔ ေဆာင္ရြက္ဖို႔တိုက္တြန္းေၾကာင္း Brown က ေျပာပါတယ္။

တရားရံုးက ထုတ္ျပန္တဲ့ အမိန္႔စီရင္ခ်က္အရ Pham ဟာ အသက္ (၅၄)ႏွစ္ရွိၿပီျဖစ္ၿပီး ထင္ရွားတဲ့ စာေရးဆရာျဖစ္သလို၊ IJAV အသင္း တည္ေထာင္သူတဦးျဖစ္သလို၊ အသင္းရဲ ႔ ဥကၠဌလည္း ျဖစ္ပါတယ္။ စစ္မႈထမ္းေဟာင္း အသက္ ၆၉ ႏွစ္အ႐ြယ္ Nguyen နဲ႔ အသက္ငယ္ရြယ္တဲ့ Le တို႔ကေတာ့ ၂၀၁၉ နဲ႕ ၂၀၂၀မွာ အစိုးရဆန္႔က်င္သူေတြနဲ႔ ပံုမွန္အဆက္အသြယ္ရွိခဲ့သူေတြျဖစ္တယ္လို႔ တရားရံုးထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။ ဒါအျပင္ သူတို႔ သံုးဦးရဲ႕ အျပဳအမူေတြဟာ လူ႔အဖဲြ႔အစည္းအတြက္ အႏၱရာယ္ျဖစ္ေစၿပီး၊ လူမႈအသိုင္းအ၀ိုင္း စည္းလံုးညီညြတ္ေရး ခဲြျခားမႈေတြျဖစ္ေပၚေစတယ္လို႔လည္း တရားရံုးအမိန္႔စီရင္ခ်က္မွာ ပါရွိပါတယ္။

ဗီယက္နမ္အစိုးရဟာ မၾကာေသးခင္လေတြအတြင္း သေဘာထားကဲြလဲြသူေတြအေပၚ ဖိနွိပ္မႈေတြ တိုးျမွင့္ခဲ့ၿပီး သူတို႔ရဲ႕ေ၀ဖန္ေျပာဆိုမႈေတြအတြက္လည္း ဖမ္းဆီးေထာင္ခ်ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ထိန်းသိမ်းထားတဲ့ သတင်းသမားတွေ ပြန်လွှတ်ဖို့ ဗီယက်နမ်ကို အမေရိကန်တောင်းဆို
(Unicode)

ဗီယက်နမ်နိုင်ငံမှာ မတရားသဖြင့် ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ပုဂ္ဂိုတ်တဦးချင်းစီအနေနဲ့လက်တုံ့ပြန်ခံရမှာကို ကြောက်ရွံစရာမလိုပဲ သူတို့ရဲ့ အမြင်တွေလွတ်လပ်စွာထုတ်ဖေါ်ခွင့်ပြုဖို့အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ Cale Brown က ပြောကြားခဲ့ပါတယ်။

ဗီယက်နမ် လွတ်လပ်သောသတင်းထောက်များအသင်း (IJAV) က အသင်းဝင် သုံးဦးကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေချမှတ်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့က အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

Pham Chi Dungကို ထောင်ဒဏ် (၁၅)နှစ်နဲ့ Nguyen Tuong Thuy နဲ့ Le Huu Minh Tuan တို့ကို ထောင်ဒဏ် (၁၁)နှစ် စီ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ လူ့အခွင့်အရေးပြဌာန်းချက်တွေ၊ နိုင်ငံတကာလိုက်နာရမယ့် တာဝန်ဝတ္တရားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သေချာစေရေး ဗီယက်နမ်အစိုးရအနေနဲ့ ဆောင်ရွက်ဖို့တိုက်တွန်းကြောင်း Brown က ပြောပါတယ်။

တရားရုံးက ထုတ်ပြန်တဲ့ အမိန့်စီရင်ချက်အရ Pham ဟာ အသက် (၅၄)နှစ်ရှိပြီဖြစ်ပြီး ထင်ရှားတဲ့ စာရေးဆရာဖြစ်သလို၊ IJAV အသင်း တည်ထောင်သူတဦးဖြစ်သလို၊ အသင်းရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်း အသက် ၆၉ နှစ်အရွယ် Nguyen နဲ့ အသက်ငယ်ရွယ်တဲ့ Le တို့ကတော့ ၂၀၁၉ နဲ့ ၂၀၂၀မှာ အစိုးရဆန့်ကျင်သူတွေနဲ့ ပုံမှန်အဆက်အသွယ်ရှိခဲ့သူတွေဖြစ်တယ်လို့ တရားရုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် သူတို့ သုံးဦးရဲ့ အပြုအမူတွေဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေပြီး၊ လူမှုအသိုင်းအဝိုင်း စည်းလုံးညီညွတ်ရေး ခွဲခြားမှုတွေဖြစ်ပေါ်စေတယ်လို့လည်း တရားရုံးအမိန့်စီရင်ချက်မှာ ပါရှိပါတယ်။

ဗီယက်နမ်အစိုးရဟာ မကြာသေးခင်လတွေအတွင်း သဘောထားကွဲလွဲသူတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့်ခဲ့ပြီး သူတို့ရဲ့ဝေဖန်ပြောဆိုမှုတွေအတွက်လည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG