သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း Vita စက်ရုံ ဆန္ဒပြအလုပ်သမား ၁၅၀ ကျော် အများစုမြန်မာတွေပါဝင်


ထိုင်း Vita စက်ရုံ ဆန္ဒပြအလုပ်သမားများ
ထိုင်း Vita စက်ရုံ ဆန္ဒပြအလုပ်သမားများ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်က Vita Food Factory မှာ မြန်မာနဲ့ ထိုင်းအလုပ်သမား ၃၀ ဝကျော်ကို လုပ်အားခ ၃ လစာ မပေးတာကြောင့် ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် ၅ ရက်ရှိပါပြီ။ ထိုင်းလူအခွင့်ရေးရှေနေ ဦးဆောင်ပြီး ကမ်ချနဘူရီခရိုင် Pak Phraek အမှတ် (၇) ဒေသ မြို့နယ်တရားရုံးရှေမှာ ဆန္ဒပြမူတွေဆက်လုပ်နေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ လူ့အခွင့်ရေး ရှေ့နေကြီး Achariya Rueangratanaphong ဦးဆောင်တဲ့ မြန်မာနဲ့ ထိုင်းလူမျိုး ၁၅၆ ဦးဟာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး လုပ်အားခ လစာပေးဖို့ ဆန္ဒပြ တောင်းဆိုနေကြတာပါ။

သုံးလစာ လုပ်အားခရှင်းမပေးတာကြောင့် အလုပ်သမားနစ်နာကြေးပေးဖို့ အင်အား ၃၀၀ ကျော်ဟာ မြို့နယ် ရဲတပ်ဖွဲ့ ဝင်းထဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ဆန္ဒပြခဲ့ကြရာမှာ Vita Food စက်ရုံ တာဝန်ရှိသူက အလုပ်သမားတွေ တောင်းဆိုချက်အတိုင်း နစ်နာကြေးပေးဖို့ လိုက်လျျှောမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ၃လစာ ငွေကို ၅ကြိမ်ခွဲပေးမယ်ဆိုတဲ့ လုပ်ငန်းရှင်ရဲ့ တုံ့ပြန်ချက်ကို လက်မခံနိုင်ဘူးလို့ အလုပ်သမား အကျိုးဆောင်ရှေ့နေကြီး ကပြောပါတယ်။

“အလုပ်သမားတွေရဲ့ နစ်နာကြေးပေးဖို့အတွက် အလုပ်သမားတွေအနေနဲ့ တောင်းဆိုပိုင်ခွင့် အခွင့်အရေးအရ တောင်းဆိုတာဖြစ်တယ်။ တောင်းဆိုတာကို တားဆီးပိတ်ပင်လို့ မရဘူး။ အခုလိုမျိုး အလုပ်ရှင်ဘက်က အချိန်ဆွဲပြီး ငွေရှင်းပေးမယ်ဆိုတာ အလုပ်သမားတွေ စိတ်ကျေနပ်အောင် ဖြေသိမ့်တာမျိုးဖြစ်ပြီး တကယ်တမ်း အလုပ်ရှင်ဘက်ကပေးမယ်ဆိုတဲ့ မှတ်တမ်းသာရှိပြီး နောင်ပိုင်းမှာ သတင်းအစဖျောက်ပြီး အလုပ်သမားတွေ နေရပ်ပြန်ပို့တာမျိုးတွေ ဖြစ်ခဲ့ဖူးတယ်” လို့လည်းပြောသွားပါတယ်။

စက်တင်ဘာလ ၁၆ ရက်မှာ အလုပ်သမားရုံးချုပ်ကို ဆန္ဒပြဖို့လာကြတဲ့ အလုပ်သမားတွေ ကိုတော့ အလုပ်သမားရုံးချုပ် နေရာကို မသွားနိုင်အောင် ရဲတွေက ပိတ်ဆို့ထားတာကြောင့် တရားရေးဌာနကို နေရာ ပြောင်းခဲ့ရတယ်လို့ဆန္ဒပြပွဲကို ဦးဆောင်နေတဲ့ ထိုင်းရှေ့နေကြီးက ပြောပါတယ်။

နာမည်ကြီး Vita စားသောက်ကုန် (Vita Food Factory) ကုမ္ပဏီဟာ ကမ်ချနဘူရီ ခရိုင်အတွင်းမှာ ဘတ်သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီစက်ရုံမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ ဟာလည်း မြန်မာအများစုဖြစ်ပါတယ်။ ထိုင်း နဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ၃လကြာတဲ့အထိ လုပ်အားခ လစာရှင်းမပေးလို့ အလုပ်သမားတွေက သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားခဲ့ပေမယ့် လာရောက် အရေးယူဖြေရှင်းပေးခဲ့ခြင်း မရှိဘူးလို့လည်း ရှေ့နေဖြစ်သူက ဆိုပါတယ်။

မြန်မာနိုင်ငံသားအများစုပါဝင်တဲ့ အလုပ်သမား ၃၀၀ ရဲ့လုပ်အားခ နစ်နာကြေးအဖြစ် ဘတ်ငွေ သန်း ၂၀ ပေးချေဖို့ အလုပ်သမားတွေဘက်က တောင်းဆိုထားပါတယ်။

..............

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG