ကျောက်မီးသွေးသုံးရင် လျှပ်စစ်ဓါတ်အားကို ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တဲ့အတွက် စီးပွားရေးတွက်ချေကိုက်ပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးကထွက်လာတဲ့ အဆိပ်အတောက် အမှုန်အမွှားဟာ လေထုကို ညစ်ညမ်းစေတာကြောင့် ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒါကြောင့်မို့ ကျောက်မီးသွေးသုံးရင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တဲ့အတတ်ပညာကိုလည်း တတ်ကျွမ်းဖို့လိုတယ်လို့ ဂျာကာတာအခြေစိုက် အာဆီယံစီးပွားရေးသုတေသီဌာနရဲ့ (၁၃၃) မျက်နှာ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဂျပန်ပညာရှင် Kei Shimogoru နဲ႔ Iciro Kutani တို့က တည်ဖြတ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာလက ထုတ်ဝေတဲ့ Social Benefit of Clean Coal Technology စာတမ်း ဖြစ်ပါတယ်။
ကျောက်မီးသွေးသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူပြည်သားတွေ အန္တရာယ်မဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျောက်မီးသွေးအန္တရာယ်ကို ကာကွယ်တဲ့ “လေထုသန့်စင်ရေးစနစ်” Air Quality Control System ဆိုတာကို တည်ထွင်ထားတာ ရှိပါတယ်။ ဒီစနစ်ကိုသုံးရင် အရင်းအနှီး ပိုမိုစိုက်ထုတ်ရမှာ ဖြစ်ပေမယ့် ရေရှည်မှာ အကျိုးခံစားရမှာ ဖြစ်ပါတယ်။ စင်္ကာပူနဲ့ ဘရူနိုင်းကလွဲပြီး ကျန်အာဆီယံ (၈) နိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားကို သုံးကြပါတယ်။ ဒါပေမဲ့ လေထုသန့်စင်ရေးစနစ်ကိုတော့ သုံးသူရှိသလို မသုံးသူလည်း ရှိနေတာတွေ့ရပါတယ်။
လျှပ်စစ်ဓါတ်အားကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်ဖို့ ကျောက်မီးသွေးကို သုံးကြပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗိယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုးနေရှားတို့မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ ရှိပါတယ်။ ၁၉၉၀ ကနေ ၂၀၂၀ အထိ အနှစ် (၃၀) အတွင်းမှာ အာဆီယံ (၇) နိုင်ငံရဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပမာဏာဟာ သုံးဆလောက် တိုးပွားလာပါတယ်။ အာဆီယံအုပ်စုမှာ ကျောက်မီးသွေးဓါတ်အား အသုံးအနည်းဆုံးဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ အာဆီယံ (၇) နိုင်ငံမှာ ၁၉၉၀ မတိုင်မီက တည်ဆောက်ခဲ့တဲ့ ကျောက်မီးသွေးဓါတ်အား မဂ္ဂါဝပ် (၄၁၉၈) ရှိပြီး၊ ၁၉၉၀ နောက်ပိုင်းမှာ တည်ဆောက်တဲ့ဓါတ်အားက မဂ္ဂါဝပ် (၅၉၆၁၆) ရှိပါတယ်။ ဒီအထဲမှာ ကမ္ဘောဒီးယားနဲ့ လာအိုမှာ လေထုသန့်စင်ရေးစနစ် အနည်းအကျဉ်းရှိပြီး မြန်မာပြည်မှာ လုံးဝကင်းမဲ့နေတာ တွေ့ရပါတယ်။
မလေးရှား၊ အင်ဒိုးနေရှား၊ ဗိယက်နမ်နဲ့ လာအိုနိုင်ငံတို့က မဂ္ဂါဝပ် (၆၀၀) ကျော်တဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီးတွေထဲမှာ လေထုသန့်စင်ရေးစနစ်ကို မသုံးတဲ့ စက်ရုံတွေ ရှိပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှာတော့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီးအားလုံးမှာ လေထုသန့်စင်ရေးစနစ်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံက ကျောက်မီးသွေးဓါတ်အား (၉၀) ရာခိုင်နှုန်းဟာ လေထုသန့်စင်ရေးစနစ်ကို အသုံးပြုပါတယ်။ ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အား မဂ္ဂါဝပ်ပေါင်း (၄၆၉၃) ရှိတဲ့အနက် မဂ္ဂါဝပ် (၄၅၅) မှာသာ အမှုန်အမွှားနဲ့ Nitrogen Oxide ကင်းရှင်းရေးစနစ် မသုံးတာ တွေ့ရပါတယ်။ အင်ဒိုးနေရှားနဲ့ ဗိယက်နမ်မှာလည်း အမှုန်အမွှားနဲ့ ကန့်ဓါတ် နည်းပါးရေးကိုသာ အဓိကထားပြီး Nitrogen Oxide ကင်းစင်ရေးဘက်မှာ အားနည်းနေတာ တွေ့ရပါတယ်။
လေထုသန့်စင်ရေးစနစ်ကို ထိထိရောက်ရောက် စီမံကွပ်ကဲပြီး အကောင်အထည် ဖော်နိုင်မှသာ လေကောင်းလေသန့် ရနိုင်ပါလိမ့်မယ်။ ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို ဖောက်ဖျက်ရင် အရေးယူဖို့ ဗဟိုအစိုးရ တာဝန်ယူရမယ်လို့ မြန်မာ၊ ထိုင်းနဲ့ မလေးရှားတို့က ဆိုပါတယ်။ အင်ဒိုနေရှား၊ ကမ္ဘောဒီယား နဲ့ လာအိုမှာတော့ ဗဟိုအစိုးရမှာရော ဒေသန္တရအစိုးရမှာရော အရေးယူပိုင်ခွင့် ရှိပါတယ်။ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာမှာ ကျောက်မီးသွေးလျှပ်စစ်စက်ရုံကို ဒေသန္တရအစိုးရက စောင့်ကြည့်ရပါတယ်။ မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လေထုညစ်ညမ်းမှု အခြေအနေကို တောင်းယူကြည့်ရှုခွင့် ရှိပါတယ်။ လေထုဆိုင်ရာ သတင်းအချက်အလက်တွေကို ကုမ္ပဏီကွန်ပြူတာမှာ သိုလှောင်ထားရပါတယ်။
လေထုသန့်စင်ရေးစနစ် တပ်ဆင်ထားတဲ့အတွက် အရင်းအနှီးပိုများလာသလို လျှပ်စစ်ဓါတ်အားခကို (၁၀) ရာခိုင်နှုန်းက (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်မယ်ဆိုရင် တွက်ချေကိုက်မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကျောက်မီးသွေးဓါတ်အားသုံး အာဆီယံနိုင်ငံတွေမှာ လေထုသန့်စင်ရေးစနစ် သုံးစွဲမှုကြောင့် မီတာခ တက်သွားပါတယ်။ စတင်သုံးစွဲတဲ့ ပထမ (၁၀) နှစ်ကာလမှာ မီတာခ ထိုးတက်သွားပြီး ဒုတိယ (၁၀) နှစ်ကာလမှာ ကျဆင်းသွားတာ တွေ့ပါတယ်။ လေထုသန့်စင်ရေးစနစ် တပ်ဆင်ထားတဲ့ စရိတ်စခက မတူကြပါတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ နှစ်စဉ်ဒေါ်လာသန်း (၂၀၀) လောက် ကုန်ကျပေမယ့် ဗိယက်နမ်နိုင်ငံမှာတော့ ဒေါ်လာသန်း (၆၀၀) ကျော် နှစ်စဉ် ကုန်ကျနေပါတယ်။
ဒါပေမဲ့ အာဆီယံသုတေသနဌာနရဲ့ လေ့လာချက်အရ လေထုသန့်စင်ရေးစနစ်ကိုသုံးတဲ့အတွက် ရရှိလာတဲ့ အကျိုးအမြတ်ဟာ ကုန်ကျစရိတ်ထက် အများကြီးသာတယ်လို့ ဆိုပါတယ်။ တကယ်တော့ ပတ်ဝန်းကျင် သန့်ရှင်းမှုရဲ့ တန်းဖိုးကို ဒေါ်လာနဲ့ တိုင်းတာလို့ရတာ မဟုတ်ပါဘူး။ ကျောက်မီးသွေးအမာစားကိုသုံးပြီး လေထုသန့်စင်ရေးစနစ် အများဆုံးတပ်ဆင်ထားတဲ့ ထိုင်းနိုင်ငံဟာ မြန်မာအတွက် စံနမူနာတခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
==ZawGyi==
ေက်ာက္မီးေသြးသံုးရင္ လွ်ပ္စစ္ဓါတ္အားကို ေစ်းသက္သက္သာသာနဲ႔ ေရာင္းႏိုင္တဲ့အတြက္ စီးပြားေရးတြက္ေခ်ကိုက္ပါတယ္။ ဒါေပမဲ့ ေက်ာက္မီးေသြးကထြက္လာတဲ့ အဆိပ္အေတာက္ အမႈန္အမႊားဟာ ေလထုကို ညစ္ညမ္းေစတာေၾကာင့္ ျပည္သူလူထုက ကန္႔ကြက္ဆႏၵျပၾကပါတယ္။ ဒါေၾကာင့္မို႔ ေက်ာက္မီးေသြးသံုးရင္ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္တဲ့အတတ္ပညာကိုလည္း တတ္ကၽြမ္းဖို႔လိုတယ္လို႔ ဂ်ာကာတာအေျခစိုက္ အာဆီယံစီးပြားေရးသုေတသီဌာနရဲ ႔ (၁၃၃) မ်က္ႏွာ စာတမ္းမွာ ေဖာ္ျပထားပါတယ္။ ဂ်ပန္ပညာရွင္ Kei Shimogoru နဲ႔ Iciro Kutani တို႔က တည္ျဖတ္ၿပီး လြန္ခဲ့တဲ့ ေအာက္တုိဘာလက ထုတ္ေဝတဲ့ Social Benefit of Clean Coal Technology စာတမ္း ျဖစ္ပါတယ္။
ေက်ာက္မီးေသြးသံုးစြဲမႈေၾကာင့္ သဘာဝပတ္ဝန္းက်င္နဲ႔ ျပည္သူျပည္သားေတြ အႏၱရာယ္မျဖစ္ဖို႔ အလြန္အေရးႀကီးပါတယ္။ ေက်ာက္မီးေသြးအႏၱရာယ္ကို ကာကြယ္တဲ့ “ေလထုသန္႔စင္ေရးစနစ္” Air Quality Control System ဆိုတာကို တည္ထြင္ထားတာ ရိွပါတယ္။ ဒီစနစ္ကိုသံုးရင္ အရင္းအႏီွး ပိုမိုစိုက္ထုတ္ရမွာ ျဖစ္ေပမယ့္ ေရရွည္မွာ အက်ဳိးခံစားရမွာ ျဖစ္ပါတယ္။ စကၤာပူနဲ႔ ဘရူႏိုင္းကလြဲၿပီး က်န္အာဆီယံ (၈) ႏုိင္ငံမွာ ေက်ာက္မီးေသြးသံုး ဓါတ္အားကို သံုးၾကပါတယ္။ ဒါေပမဲ့ ေလထုသန္႔စင္ေရးစနစ္ကိုေတာ့ သံုးသူရိွသလို မသံုးသူလည္း ရိွေနတာေတြ႔ရပါတယ္။
လွ်ပ္စစ္ဓါတ္အားကို ေစ်းသက္သက္သာသာနဲ႔ သံုးစြဲႏုိင္ဖို႔ ေက်ာက္မီးေသြးကို သံုးၾကပါတယ္။ ကေမာၻဒီးယား၊ လာအို၊ ထိုင္း၊ ဗိယက္နမ္၊ ဖိလစ္ပိုင္၊ မေလးရွားနဲ႔ အင္ဒိုးေနရွားတို႔မွာ ေက်ာက္မီးေသြးသံုး ဓါတ္အားေပးစက္ရံုေတြ ရိွပါတယ္။ ၁၉၉၀ ကေန ၂၀၂၀ အထိ အႏွစ္ (၃၀) အတြင္းမွာ အာဆီယံ (၇) ႏုိင္ငံရဲ ႔ ေက်ာက္မီးေသြးသံုး ဓါတ္အားပမာဏာဟာ သံုးဆေလာက္ တိုးပြားလာပါတယ္။ အာဆီယံအုပ္စုမွာ ေက်ာက္မီးေသြးဓါတ္အား အသံုးအနည္းဆံုးဟာ ျမန္မာႏိုင္ငံ ျဖစ္ပါတယ္။ အာဆီယံ (၇) ႏုိင္ငံမွာ ၁၉၉၀ မတိုင္မီက တည္ေဆာက္ခဲ့တဲ့ ေက်ာက္မီးေသြးဓါတ္အား မဂၢါဝပ္ (၄၁၉၈) ရိွၿပီး၊ ၁၉၉၀ ေနာက္ပိုင္းမွာ တည္ေဆာက္တဲ့ဓါတ္အားက မဂၢါဝပ္ (၅၉၆၁၆) ရိွပါတယ္။ ဒီအထဲမွာ ကေမာၻဒီးယားနဲ႔ လာအိုမွာ ေလထုသန္႔စင္ေရးစနစ္ အနည္းအက်ဥ္းရိွၿပီး ျမန္မာျပည္မွာ လံုးဝကင္းမဲ့ေနတာ ေတြ႔ရပါတယ္။
မေလးရွား၊ အင္ဒိုးေနရွား၊ ဗိယက္နမ္နဲ႔ လာအုိႏုိင္ငံတုိ႔က မဂၢါဝပ္ (၆၀၀) ေက်ာ္တဲ့ ေက်ာက္မီးေသြးသံုး ဓါတ္အားေပးစက္ရံုႀကီးေတြထဲမွာ ေလထုသန္႔စင္ေရးစနစ္ကို မသံုးတဲ့ စက္ရံုေတြ ရိွပါတယ္။ ဒါေပမဲ့ ဖိလစ္ပိုင္နဲ႔ ထုိင္းႏိုင္ငံမွာေတာ့ ေက်ာက္မီးေသြးသံုး ဓါတ္အားေပးစက္ရံုႀကီးအားလံုးမွာ ေလထုသန္႔စင္ေရးစနစ္ကို တပ္ဆင္ထားတာ ေတြ႔ရပါတယ္။ ထိုင္းႏုိင္ငံက ေက်ာက္မီးေသြးဓါတ္အား (၉၀) ရာခိုင္ႏႈန္းဟာ ေလထုသန္႔စင္ေရးစနစ္ကို အသံုးျပဳပါတယ္။ ထိုင္းႏုိင္ငံမွာ ေက်ာက္မီးေသြးသံုး ဓါတ္အား မဂၢါဝပ္ေပါင္း (၄၆၉၃) ရိွတဲ့အနက္ မဂၢါဝပ္ (၄၅၅) မွာသာ အမႈန္အမႊားနဲ႔ Nitrogen Oxide ကင္းရွင္းေရးစနစ္ မသံုးတာ ေတြ႔ရပါတယ္။ အင္ဒိုးေနရွားနဲ႔ ဗိယက္နမ္မွာလည္း အမႈန္အမႊားနဲ႔ ကန္႔ဓါတ္ နည္းပါးေရးကိုိသာ အဓိကထားၿပီး Nitrogen Oxide ကင္းစင္ေရးဘက္မွာ အားနည္းေနတာ ေတြ႔ရပါတယ္။
ေလထုသန္႔စင္္ေရးစနစ္ကို ထိထိေရာက္ေရာက္ စီမံကြပ္ကဲၿပီး အေကာင္အထည္ ေဖာ္ႏုိင္မွသာ ေလေကာင္းေလသန္႔ ရႏုိင္ပါလိမ့္မယ္။ ျပဌာန္းထားတဲ့ ဥပေဒစည္းမ်ဥ္းေတြကို ေဖာက္ဖ်က္ရင္ အေရးယူဖို႔ ဗဟိုအစိုးရ တာဝန္ယူရမယ္လို႔ ျမန္မာ၊ ထိုင္းနဲ႔ မေလးရွားတို႔က ဆိုပါတယ္။ အင္ဒိုေနရွား၊ ကေမာၻဒီယား နဲ႔ လာအိုမွာေတာ့ ဗဟိုအစိုးရမွာေရာ ေဒသႏၱရအစိုးရမွာေရာ အေရးယူပိုင္ခြင့္ ရိွပါတယ္။ ကေမာၻဒီးယား၊ လာအိုနဲ႔ ျမန္မာမွာ ေက်ာက္မီးေသြးလွ်ပ္စစ္စက္ရံုကို ေဒသႏၱရအစိုးရက ေစာင့္ၾကည့္ရပါတယ္။ ျမန္မာ့လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ေလထုညစ္ညမ္းမႈ အေျခအေနကို ေတာင္းယူၾကည့္ရႈခြင့္ ရိွပါတယ္။ ေလထုဆိုင္ရာ သတင္းအခ်က္အလက္ေတြကို ကုမၸဏီကြန္ျပဴတာမွာ သိုေလွာင္ထားရပါတယ္။
ေလထုသန္႔စင္ေရးစနစ္ တပ္ဆင္ထားတဲ့အတြက္ အရင္းအႏီွးပိုမ်ားလာသလို လွ်ပ္စစ္ဓါတ္အားခကို (၁၀) ရာခိုင္ႏႈန္္းက (၂၀) ရာခိုင္ႏႈန္းအထိ တုိးျမွင့္ႏိုင္မယ္ဆိုရင္ တြက္ေခ်ကိုက္မယ္လို႔ ယူဆၾကပါတယ္။ ဒါေၾကာင့္ ေက်ာက္မီးေသြးဓါတ္အားသံုး အာဆီယံႏုိင္ငံေတြမွာ ေလထုသန္႔စင္ေရးစနစ္ သံုးစြဲမႈေၾကာင့္ မီတာခ တက္သြားပါတယ္။ စတင္သံုးစြဲတဲ့ ပထမ (၁၀) ႏွစ္ကာလမွာ မီတာခ ထိုးတက္သြားၿပီး ဒုတိယ (၁၀) ႏွစ္ကာလမွာ က်ဆင္းသြားတာ ေတြ႔ပါတယ္။ ေလထုသန္႔စင္ေရးစနစ္ တပ္ဆင္ထားတဲ့ စရိတ္စခက မတူၾကပါတယ္။ ဥပမာ ထိုင္းႏုိင္ငံမွာ ႏွစ္စဥ္ေဒၚလာသန္း (၂၀၀) ေလာက္ ကုန္က်ေပမယ့္ ဗိယက္နမ္ႏုိင္ငံမွာေတာ့ ေဒၚလာသန္း (၆၀၀) ေက်ာ္ ႏွစ္စဥ္ ကုန္က်ေနပါတယ္။
ဒါေပမဲ့ အာဆီယံသုေတသနဌာနရဲ ႔ ေလ့လာခ်က္အရ ေလထုသန္႔စင္ေရးစနစ္ကိုသံုးတဲ့အတြက္ ရရိွလာတဲ့ အက်ဳိးအျမတ္ဟာ ကုန္က်စရိတ္ထက္ အမ်ားႀကီးသာတယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ ပတ္ဝန္းက်င္ သန္႔ရွင္းမႈရဲ ႔ တန္းဖိုးကို ေဒၚလာနဲ႔ တိုင္းတာလို႔ရတာ မဟုတ္ပါဘူး။ ေက်ာက္မီးေသြးအမာစားကိုသံုးၿပီး ေလထုသန္႔စင္ေရးစနစ္ အမ်ားဆံုးတပ္ဆင္ထားတဲ့ ထိုင္းႏိုင္ငံဟာ ျမန္မာအတြက္ စံနမူနာတခု ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။