သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏွစ္ကူးကာလ ကိုဗစ္ကူးစက္မႈတိုးမွာ ကြၽမ္းက်င္သူေတြစိုးရိမ္


ေတာင္ကိုရီးယားႏုိင္ငံ၊အင္ခၽြန္းေလဆိပ္ကိုေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံကဝင္ေရာက္လာသူေတြကို ေလဆိပ္ထဲမွာ ကုိဗစ္ရွိမရွိ စစ္ေဆးေရးစင္တာတခု။ (ဇန္နဝါရီ ၃၊ ၂၀၂၃)

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံကၿမိဳ႕ႀကီးေတြမွာ COVID-19 ကူးစက္မႈ တေန႔တျခားပိုမ်ားေနခ်ိန္ မၾကာခင္ က်ေရာက္မယ့္ တ႐ုတ္ႏွစ္သစ္ကူး အားလပ္ရက္အတြင္း လူေတြသန္းနဲ႔ခ်ီၿပီး ခရီးထြက္ၾကတဲ့အခါ ေရာဂါ ပိုၿပီး ကူးစက္ပ်ံ႕ႏွံ႔မွာကို စိုးရိမ္ေနၾကပါတယ္။

ေဘဂ်င္းနဲ႔ရွန္ဟိုင္းအပါအဝင္ တ႐ုတ္ႏိုင္ငံၿမိဳ႕ႀကီးေတြက ေဆး႐ုံအေရးေပၚေဆာင္ေတြမွာ ကိုဗစ္လူနာေတြနဲ႔ကုတင္ေတြ မေလာက္ျဖစ္ေနတာပါ။ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ အားနည္းတဲ့ေက်းလက္ေဒသေတြမွာ ကူးစက္မႈေတြ ပိုဆိုးလာႏိုင္ၿပီး ဒီေဆာင္းရာသီကာလ တ႐ုတ္မွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ၁ သန္းနဲ႔ခ်ီလာႏိုင္တယ္လို႔ ကြၽမ္းက်င္ပညာရွင္တခ်ိဳ႕က သတိေပးေနပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကိုဗစ္ေၾကာင့္ေသဆုံးသူ ၁ ဦးရွိၿပီး ကပ္ေဘးစတင္ခ်ိန္ကစလို႔ တ႐ုတ္မွာေသဆုံးသူ ၅၂၉၅ ေယာက္ရွိတဲ့အေၾကာင္း တ႐ုတ္အစိုးရက ထုတ္ျပန္ထားေပမဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO တာဝန္ရွိသူတခ်ိဳ႕ကေတာ့ ေသဆုံးသူ၊ အေရးေပၚ ကုသေဆာင္မွာ ေရာက္ေနသူေတြရဲ႕အေရအတြက္ဟာ အစိုးရထုတ္ျပန္စာရင္းထက္ အမ်ားႀကီး ပိုႏိုင္တဲ့အေၾကာင္း ေျပာပါတယ္။

COVID 19 ကာကြယ္ ထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ေတြ အျပင္းထန္ဆုံး ခ်မွတ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ ၂၀၂၂ ဒီဇင္ဘာကစၿပီး ကန႔္သတ္ခ်က္ေတြ ျပန္လည္ေျဖေလွ်ာ့ေပးၿပီးတဲ့ေနာက္ တေၾကာ့ျပန္ ကူးစက္မႈေတြ တိုးလာေနတာပါ။ အေမရိကန္နဲ႔ဥေရာပႏိုင္ငံတခ်ိဳ႕အပါအဝင္ ကမာၻႏိုင္ငံအေတာ္မ်ားမ်ားကေတာ့ တ႐ုတ္ကလာမယ့္ ခရီးသြားေတြကို ကိုဗစ္ကင္းစင္ေၾကာင္း အေထာက္အထား ပါမွ ႏိုင္ငံထဲေပးဝင္ဖို႔ ကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ တ႐ုတ္အစိုးရကေတာ့ ဒါကို ကန႔္ကြက္ပါတယ္။

တ႐ုတ္ႏိုင္ငံတြင္း ကူးစက္မႈေတြဟာ ခန႔္မွန္းတြက္ခ်က္လို႔မရတဲ့၊ အထိန္းအခ်ဳပ္မဲ့ အေျခအေနမဟုတ္တာေၾကာင့္ ခုလို ကန႔္သတ္ခ်က္ေတြက မွ်တမႈ မရွိဘူးလို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရက ဒီကေန႔ ထပ္မံ တုံ႔ျပန္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

တရုတ်နှစ်ကူးကာလ ကိုဗစ်ကူးစက်မှုတိုးမှာ ကျွမ်းကျင်သူတွေစိုးရိမ်

တရုတ်နိုင်ငံကမြို့ကြီးတွေမှာ COVID-19 ကူးစက်မှု တနေ့တခြားပိုများနေချိန် မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း လူတွေသန်းနဲ့ချီပြီး ခရီးထွက်ကြတဲ့အခါ ရောဂါ ပိုပြီး ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်။

ဘေဂျင်းနဲ့ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံမြို့ကြီးတွေက ဆေးရုံအရေးပေါ်ဆောင်တွေမှာ ကိုဗစ်လူနာတွေနဲ့ကုတင်တွေ မလောက်ဖြစ်နေတာပါ။ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတဲ့ကျေးလက်ဒေသတွေမှာ ကူးစက်မှုတွေ ပိုဆိုးလာနိုင်ပြီး ဒီဆောင်းရာသီကာလ တရုတ်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၁ သန်းနဲ့ချီလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တချို့က သတိပေးနေပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုဗစ်ကြောင့်သေဆုံးသူ ၁ ဦးရှိပြီး ကပ်ဘေးစတင်ချိန်ကစလို့ တရုတ်မှာသေဆုံးသူ ၅၂၉၅ ယောက်ရှိတဲ့အကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တာဝန်ရှိသူတချို့ကတော့ သေဆုံးသူ၊ အရေးပေါ် ကုသဆောင်မှာ ရောက်နေသူတွေရဲ့အရေအတွက်ဟာ အစိုးရထုတ်ပြန်စာရင်းထက် အများကြီး ပိုနိုင်တဲ့အကြောင်း ပြောပါတယ်။

COVID 19 ကာကွယ် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ အပြင်းထန်ဆုံး ချမှတ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ၂၀၂၂ ဒီဇင်ဘာကစပြီး ကန့်သတ်ချက်တွေ ပြန်လည်ဖြေလျှော့ပေးပြီးတဲ့နောက် တကြော့ပြန် ကူးစက်မှုတွေ တိုးလာနေတာပါ။ အမေရိကန်နဲ့ဥရောပနိုင်ငံတချို့အပါအဝင် ကမ္ဘာနိုင်ငံအတော်များများကတော့ တရုတ်ကလာမယ့် ခရီးသွားတွေကို ကိုဗစ်ကင်းစင်ကြောင်း အထောက်အထား ပါမှ နိုင်ငံထဲပေးဝင်ဖို့ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရကတော့ ဒါကို ကန့်ကွက်ပါတယ်။

တရုတ်နိုင်ငံတွင်း ကူးစက်မှုတွေဟာ ခန့်မှန်းတွက်ချက်လို့မရတဲ့၊ အထိန်းအချုပ်မဲ့ အခြေအနေမဟုတ်တာကြောင့် ခုလို ကန့်သတ်ချက်တွေက မျှတမှု မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီကနေ့ ထပ်မံ တုံ့ပြန်ပြောဆိုထားပါတယ်။

XS
SM
MD
LG