သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ကို ေရွ႕တန္းကတိုက္ေနၾကတဲ့ အမ်ိဳးသမီးမ်ား


(Zawgyi/Unicode)

ကမၻာတ၀ွမ္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေပါင္း ၃ သန္းေက်ာ္ ရွိလာေနတာမွာ ဒီအထဲက ၁၀ % ေလာက္ဟာ ဒီေရာဂါတိုက္ဖ်က္ေရးနဲ႔ ကာကြယ္ကုသေရး လုပ္ငန္းေတြမွာ ေရွ႕တန္းကေနပါ၀င္ေနၾကတဲ့ က်န္းမာေရး၀န္ထမ္းေတြ ျဖစ္ျပီး၊ ဒီအထဲမွာ အမ်ိဳးသမီးေတြ အမ်ားအျပား ပါပါတယ္။ ကာကြယ္ေဆးေရာ ကုထံုးပါမရွိေသးတဲ့ ဒီေရာဂါဆိုးၾကီး ကိုယ့္ဆီအခ်ိန္မေရြး ကူးစက္လာႏုိင္တဲ့ အႏၱရာယ္ၾကားကပဲ လူနာေတြနဲ႔ ေန႔စဥ္ထိေတြ႔ျပီး လူ႔အသက္ေတြကို ကယ္တင္ႏိုင္ဖို႔ အမ်ိဳးသမီး က်န္းမာေရး၀န္ထမ္းေတြ ေရွ႕တန္းေနရာကေန ပါ၀င္တာ၀န္ထမ္းေနၾကတာပါ။ ဒီလို က်န္းမာေရး၀န္ထမ္း အမ်ိဳးသမီးတေြ ေျပာျပတဲ့ သူတို႔ရဲ႕ အေတြ႔အၾကံဳေတ၊ အခက္အခဲေတြ၊ ဘယ္လိုခံယူခ်က္ေတြနဲ႔ ဒီေရာဂါဆိုးၾကီးကို ကာကြယ္ တိုက္ဖ်က္ဖို႔ ၾကိဳးစားေနၾကသလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ျပထားပါတယ္။


ကမၻာ့ႏိုင္ငံအသီးသီးမွာရွိတဲ့ က်န္းမာေရး၀န္ထမ္းေတြရဲ႕ ၇၀ % ေလာက္ဟာ အမ်ိဳးသမီးေတြ ျဖစ္တယ္လုိ႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ႕ ၂၀၁၉ ခုႏွစ္ က်န္းမာေရး လုပ္ငန္းခြင္ဆိုင္ရာ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာဆိုရင္ေတာ့ က်န္းမာေရး၀န္းထမ္းတြရဲ႕ ၉ ၀ % က အမ်ိဳးသမီးေတြျဖစ္ပါတယ္။ ဒီအခ်က္ေတြကိုၾကည့္ရင္ လက္ရွိ ကမၻာတ၀ွမ္း ရင္ဆိုင္ေနရတဲ့ COVID-19 ေရာဂါဆိုးၾကီးကို တိုက္ဖ်က္ရာမွာ အမ်ိဳးသမီးက်န္းမာေရး၀န္ထမ္းေတြ အမ်ားအျပား ေရွ႕တန္းကေန ပါ၀င္ေနတယ္ဆိုတာ ထင္ရွားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ လူနာေတြကို ေစာင့္ေရွာက္ ကုသ ေပးရတာဟာ တျခား ေရာဂါေ၀ဒနာသည္ေတြကို ကုသေပးရတာနဲ႔ မတူပါဘူး။ ကူးစက္ဖို႔ လြယ္ကူလြန္းတာမို႔ လူနာေတြထံကေန အခိ်န္မေရြး ကူးစက္ခံရႏုိင္တဲ့ အႏၱရာယ္ရွိသလို၊ ကိုယ္ကေနတဆင့္ မိသားစုေတြကိုလည္း ေရာဂါပိုးျပန္႔သြားႏုိင္တာပါ။ ဒါေၾကာင့္ က်န္းမာေရး၀န္ထမ္းေတြ အေနနဲ႔ ခုလိုအခ်ိန္မွာ စိတ္ေရာကိုယ္ပါ ပင္ပင္ပန္းပန္း အလုပ္ လုပ္ၾကရသလို၊ မိသားစုေတြနဲ႔ သီးျခား ခြဲေန ေနၾကရတဲ့ ေဆး၀န္ထမ္းေတြလည္း ရွိပါတယ္။ ဒီအထဲမွာ ေမရီလန္းျပည္နယ္ Frederick Memorial ေဆး႐ံုမွာ လူနာေတြကို ကုသေပးေနတဲ့ Infectious Disease Care Center က ကူးစက္ေရာဂါဆိုင္ရာ အထူးကုဆရာ၀န္ ေဒါက္တာ ခိုင္ဇင္ဆန္းလည္း ပါ ပါတယ္။

'' ဘယ္လူနာက positive ျဖစ္မယ္။ ဘယ္လူနာက negative ျဖစ္မယ္ မသိႏိုင္တဲ့အခါက်ေတာ့ အဓိက ကေတာ့ ကိုယ္က လူနာေတြကို ဂ႐ုစိုက္ရတာက ဒါ လုပ္ေနက်အလုပ္မိုလို႔၊ ကိုယ္က လုပ္ခ်င္ေပမဲ့လည္း ကိုယ္ကေနတဆင့္ အိမ္ကိုျပန္သယ္ျပီးေတာ့ ကိုယ့္ရဲ႕မိသားစုကို ကူးသြားမွာကို စစခ်င္းမွာေတာ့ စိတ္အရမ္းပူခဲ့ရပါတယ္။ အဲ့ဒီလိုျဖစ္လာတဲ့အခါမွာ အိမ္မွာပဲ ဆက္ေနမလား။ အိမ္မွာက်ေတာ့လည္း အေဖ အေမ လည္း ရွိတယ္။ အေဖကလည္း အဆုတ္မေကာင္းဘူးေပါ့ေနာ္။ ကေလးေတြကလည္း ငယ္ေသးတယ္။ အငယ္ေလးဆိုရင္ ၁ ႏွစ္ေပါ့။ အၾကီးေလးဆိုရင္ ၂ ႏွစ္ခြဲပဲ ရွိေသးတယ္။ ဆိုေတာ့ အဘက္ဘက္က စဥ္းစားျပီးေတာ့ ဒီအခ်ိန္မွာေတာ့ နည္းနည္း ခနခြဲေနလိုက္ရင္ ေကာင္းမယ္လို႔ ဆံုးျဖတ္လိုက္တာေပါ့ေနာ္။ ''


ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ လူနာအမ်ားအျပားကို ကုသမႈေပးေနတဲ့ ျဗိတိန္ႏိုင္ငံေတာင္ပိုင္း Bournemouth ျမိဳ႕ ၊ Royal Bournemouth ေဆး႐ံုက သူနာျပဳ၀န္ထမ္း Ami Curtis ဆိုရင္လည္း ကိုယ္တိုင္က အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ရွိတဲ့သူပါ။ ဒါေပမဲ့လည္း ခုလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္ျပီး လူနာေတြအတြက္ အေကာင္းဆံုး တာ၀န္ေက်ခ်င္တယ္လို႔ သူက ေျပာပါတယ္။


"က်မမွာ ပန္းနာရင္က်ပ္ ေရာဂါ ရွိေတာ့ ဒီအခ်ိန္မွာ ေၾကာက္ရပါတယ္။ ဒါေပမဲ့ လူနာေတြကို ျပဳစုေစာင့္ေရွာက္ဖို႔ က်မတို႔မွာ တာ၀န္ရွိပါတယ္။ ဒါေၾကာင့္ ကိုယ့္က်န္းမာေရးအတြက္လည္း ဂရုစိုက္ရင္း လူနာေတြကို ျပဳစု ေစာင့္ေရွာက္ႏုိင္ေအာင္ လုပ္ရပါတယ္။ ခုခ်ိန္မွာ မေၾကာက္ပါဘူးလို႔ေတာ့ က်မ လိမ္ညာ ေျပာပါဘူး။ က်မ ေၾကာက္ပါတယ္။''

Ami Curtis လိုပဲ လူနာေတြရဲ႕ က်န္းမာေရးကို အဓိကဦးစားေပး တာ၀န္ထမ္းေနၾကတဲ့ အမ်ိဳးသမီးေဆး၀န္ထမ္းေတြ အမ်ားအျပား ရွိပါတယ္။ က်န္းမာေရး ေဆး၀န္ထမ္းေတြ အေနနဲ႔ကေတာ့ ခုလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ကိုကူးစက္ႏုိင္တဲ့အႏၱရာယ္ကို သိေပမဲ့လို႔ လူနာေတြ သက္သာေပ်ာက္ကင္းေရးကိုသာ အဓိက အာ႐ံုထား လုပ္ၾကသူေတြျဖစ္တယ္လုိ႔ ေမရီလန္းျပည္နယ္ Montgomery Hospice ျပဳစုေစာင့္ေရွာက္ေရးေဂဟာမွာ အလုပ္လုပ္ေနတဲ့ အၾကီးတန္း သူနာျပဳ မ၀ါ၀ါေမာ္က ေျပာပါတယ္။

“ သူနာျပဳဆိုတဲ့အခါက်ေတာ့ နာက်င္ေနတဲ့လူနာေတြကို ျပဳစုေစာင့္ေရွာက္ဖို႔ ဆုိတဲ့ ခံယူခ်က္ကို အဓိက ထားလိုက္တဲ့အခါက်ေတာ့ - ကိုယ့္ကို ကူးႏုိင္မွာလည္း သိတယ္။ ကိုယ့္ကို အခ်ိန္မေရြး ျဖစ္လာႏုိင္တယ္။ ဒီေရာဂါ ပိုးေတြက ေလထဲမွာ ရွိေနတယ္။ ကူးစက္ႏုိင္တယ္ ဆိုတဲ့ဟာေတြကို အဓိက မထားေတာ့ဘဲနဲ႔ နာက်င္ေနတဲ့လူနာေတြကို ျပဳစုေစာင့္ေရွာက္ဖို႔ ဆိုတဲ့ဟာကိုသာလ်င္ အဓိက ထားျပီးေတာ့ လုပ္ျဖစ္တာေပါ့ေနာ္။ ”

ကူးစက္သူ လူနာေတြမ်ားလြန္းလွတဲ့ အခုခ်ိန္မွာ ေဆး၀န္ထမ္းေတြအတြက္ ကုသရာမွာသံုးတဲ့ ေဆး၀ါးေထာက္ကူပစၥည္း ကိရိယာေတြ အလံုအေလာက္ မရွိတာ၊ လူနာေတြ မ်ားလြန္းလာတဲ့အခါ ၀န္ထမ္းအင္နား မႏုိင္မနင္းျဖစ္လာရတာေတြအျပင္ က်န္းမာေရး၀န္ထမ္းေတြအတြက္ ေရာဂါကူးစက္မႈကေန ကာကြယ္ေပးႏုိင္တဲ့ PPE ၀တ္စံု မလံုေလာက္မႈေတြ ၾကားမွာ က်န္းမာေရး၀န္ထမ္းေတြ ပင္ပင္ပန္းပန္း တာ၀န္ထမ္းေနၾကတာပါ။ ဒါေၾကာင့္ က်န္းမာေရး၀န္ထမ္းေတြဟာ ဒီေရာဂါကူးစက္ခံရဖို႔ အလြယ္ကူဆံုးလူေတြ ျဖစ္တယ္ ဆိုတာကို ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ႕ ဥေရာပေဒသဆိုင္ရာ ညႊန္ၾကားေရးမွဴး ဒေါက္တာ Hans Kluge က မၾကာခင္က WHO ရဲ႕ သတင္းစာရွင္းလင္းပြဲတခုမွာ ေျပာၾကားခဲ့ပါတယ္။


''လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၀ ေယာက္မွာ ၁ ေယာက္က က်န္းမာေရး ၀န္ထမ္းေတြ ျဖစ္တယ္ဆိုတာ အစီရင္ခံစာေတြကေန က်ေနာ္တို႔ သိရပါတယ္။ ခုခ်ိန္မွာ သီးျခားခြဲျပီး ေရာဂါအေျခအေန ေစာင့္ၾကည့္ေနရတဲ့ က်န္းမာေရး၀န္ထမ္းေတြလည္း အေတာ္မ်ားမ်ား ရွိေနတာေၾကာင့္ ေရာဂါ ကာကြယ္ကုသေရးလုပ္ငန္းေတြမွာ ၀န္ထမ္းအင္အား ထိခိုက္မႈေတြ ျဖစ္လာရပါတယ္။ ဒီအေျခအေနက က်ေေနာ္တို႔ အားလံုးအတြက္ စိုးရိမ္စရာပါ။''

ဒါေၾကာင့္ ခုလိုအခ်ိန္မွာ က်န္းမာေရး၀န္ထမ္းေတြကို ကာကြယ္ေပးဖို႔ အေရးၾကီးတယ္ ဆိုတာကိုလည္း ေဒါက္တာ Hans Kluge က အေလးအနက္ထား ေျပာခဲ့ပါတယ္။ ေ သမိန္႔က်ထားျပီးသား လူေတြလိုျဖစ္ေနတဲ့ ေနာက္ဆံုးအဆင့္ သက္ၾကီးလူနာေတြကို ျပဳစုေစာင့္ေရွာက္ေပး ေနတဲ့ မ၀ါ၀ါေမာ္ကေတာ့ တကယ္လို႔ အလုပ္ လုပ္ရင္း သူ႔ကို ဒီေရာဂါကူးစက္လာခဲ့ရင္ေတာင္ ဒီေရာဂါကို ၾကံ့ၾကံ့ခံႏိုင္ဖို႔ ျပင္ဆင္ထားသလို၊ ေရာဂါ ကူးစက္ျပီး ေပ်ာက္ကင္းသြားသူ တေယာက္ရဲ႕ ေသြးရည္ၾကည္နဲ႔ တျခားလူနာေတြကို ကုသေပးေနတဲ့ အခုေနာက္ဆံုးကုထံုးနဲ႔ ကုသမႈမွာ သူလည္း ပါ၀င္ ကူညီနုိင္တဲ့သူ ျဖစ္ခ်င္ပါတယ္လုိ႔ ေျပာပါတယ္။

“ အကယ္၍ ကိုယ္က ျဖစ္မယ္ဆိုရင္ေတာင္မွ ျဖစ္လိုက္မယ္။ ဒါေပမဲ့ ျပန္ေကာင္းဖို႔ ဆုေတာင္းတာေပါ့ေနာ္။ ျဖစ္မယ္ဆိုရင္ေတာင္ျဖစ္။ ဒါေပမဲ့ အဲ့ဒီျဖစ္တာကို ျပန္ျပီးေတာ့ ေကာင္းလာခ်င္တယ္။ ျပန္ေကာင္းလာျပီ ဆိုလို႔ရွိရင္ အခုေနာက္ပိုင္းမွာ Treatment တခု (ကုသနည္းတခု) ရွိတာက Antibody ေပါ့ေနာ္။ ဒီဗိုင္းရပ္စ္က ခႏၶာကိုယ္ထဲေရာက္တယ္ဆိုလို႔ရွိရင္ သူက Foreign Object အေနနဲ႔၊ Antigens အေနနဲ႔ ရွိတယ္ ဆိုလို႔ရွိရင္ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံစစ္သားေတြ Antibody ေတြက ထြက္လာျပီးေတာ့ သူတို႔ကို တိုက္ေပးတယ္။ အဲ့ဒီလိုတိုက္ေပးတဲ့အခါက်ေတာ့ ဒီေရာဂါျဖစ္ထား ျပီးျပီဆိုလို႔ရွိရင္ ဒီေရာဂါျဖစ္ျပီးတဲ့သူေတြမွာ ဒီ Antibody ဆိုတဲ့ဟာ ရွိထားျပီးျပီ။ အဲ့ဒါရွိထားျပီးျပီ ဆိုရင္ ေသြးထဲမွာ အဲ့ဒီ Antibody ေတြ ရွိတဲ့အတြက္ အခုေနာက္ပိုင္းမွာ Convalescent Plasma ဆိုတာက နာလန္ထေတြရဲ႕ ေသြးရည္ၾကည္နဲ႔ ကုတာေပါ့ေနာ္။ အဲ့ဒါကို ကိုယ္က ျပန္ျပီးေတာ့ လွဴဒါန္းလို႔ ရတယ္။ အဲ့ဒီလိုလွဴဒါန္းျပီးေတာ့ အခု ေရာဂါျဖစ္ေနတဲ့လူေတြကို ကုသမႈအပိုင္းမွာ လုပ္ေပးရင္းနဲ႔ ကိုယ္ကေနျပီးေတာ့တဆင့္ ျပန္ျပီးေတာ့ ကူညီႏိုင္မွာျဖစ္ပါတယ္။ ”

ဒီလို ခံယူခ်က္ေတြနဲ႔ လူနာေတြကို ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ေဆး၀န္ထမ္းေတြေၾကာင့္ပဲ ေရာဂါကူးစက္ခံရျပီး ျပန္လည္ ေကာင္းမြန္လာသူေတြ အမ်ားအျပား ရွိပါတယ္။ ဒီ ေရာဂါ ကူးစက္ခံရသူ အေတာ္မ်ားမ်ားဟာ ဆိုးရြြားတဲ့ ေရာဂါလကၡဏာဆုိးေတြကို ခံစားရတဲ့တျပိဳင္တည္းမွာ မိသားစု ေဆြမ်ိဳး မိတ္ေဆြေေတြလည္း အနားမွာရွိခြင့္ မရၾကပါဘူး။ ဒီလိုအခ်ိန္မွာ သူနာျပဳ၊ ဆရာ၀န္ ေဆး၀န္ထမ္းေတြအားလံုးရဲ႕ အားေပးကူညီမႈေတြက လူနာေတြအတြက္ စိတ္ေရာကိုယ္ပါ သက္သာရ ရေစဖုိ႔ အဓိက က်လွပါတယ္။ ခုလိုအခ်ိန္မ်ိဳးမွာ အမ်ိဳးသမီးေတြ အမ်ားစုပါ၀င္တဲ့ က်န္းမာေရး ၀န္ထမ္းေတြရဲ႕ အခန္းက႑က သိပ္ကို အေရးပါလွတယ္လို႔ မ၀ါ၀ါေမာ္က ေျပာပါတယ္။

“ တကမၻာလံုးက လူသားအားလံုး ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ အမ်ိဳးသမီးေတြကလည္း ေနာက္တန္းကေန မရွိပါဘူး။ အမ်ိဳးသမီးေတြဟာ ေရွ႕တန္းကေနျပီးေတာ့ ရဲရဲ၀ံ့၀ံ့နဲ႔ ကိုယ္ေတြကိုပင္ ျဖစ္လင့္ကစား၊ ျဖစ္ရင္လည္း ျဖစ္ပါေစ ဆိုတဲ့ ခံယူခ်က္ေတြနဲ႔ ထားျပီးေတာ့ ေရွ႕တန္းကေန တိုက္ေနပါတယ္။ ”

ကမၻာ့က်န္းမာေရး ၀န္ထမ္းဦးေရရဲ႕ အမ်ားစုဟာ အမ်ိဳးသမီးေတြ ျဖစ္တယ္ဆိုေပမဲ့လို႔၊ ဒီအမ်ိဳးသမီး အမ်ားစုဟာ အမ်ိဳးသားေတြနဲ႔ ႏိႈင္းယွဥ္ရင္ေတာ့ ဦးေဆာင္မႈက႑မွာ ပါ၀င္မႈနည္းေနဆဲျဖစ္ျပီး အမ်ားစုက ၀င္ေငြရရွိမႈ နည္းတဲ့ လုပ္ငန္းေနရာေတြမွာ လုပ္ကိုင္ၾကရတာ မ်ားပါတယ္။ က်န္းမာေရးဆုိင္ရာ အေရးေပၚ ကိုင္တြယ္ေဆာင္ရြက္မႈေတြ၊ ဦးေဆာင္ မူ၀ါဒခ်မွတ္တဲ့ေနရာေတြမွာ အမ်ိဳးသားေတြသာ အဓိက ေနရာ ရၾကျပီး က်ား-မ ကြဲျပားမႈေၾကာင့္ လုပ္ငန္းရာထူးနဲ႔ လုပ္အားခလစာ ကြာျခားတာေတြကို ၾကံဳေနရဆဲပဲလို႔ ႏုိင္ငံေပါင္း ၁၀၄ ႏုိင္ငံက က်န္းမာေရးုလုပ္ငန္းခြင္ဆိုင္ရာ အေျခအေနေေတြကို ေလ့လာသံုးသပ္ထားတဲ့ WHO ရဲ႕ ၂၀၁၉ ခုႏွစ္ အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။

တကယ္ေတာ့ လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္မႈေတြ အပါအ၀င္ ကမၻာတ၀ွမ္းက က်န္းမာေရးလုပ္ငန္းေတြမွာ အမ်ိဳးသမီး က်န္းမာေရး၀န္ထမ္းေတြရဲ႕ လုပ္အားက သိပ္ကို အေရးပါျပီး ေလးစားဂုဏ္စရာ ေကာင္းပါတယ္လို႔ ေဒါက္တာခိုင္ဇင္ဆန္းကလည္း ေျပာပါတယ္။

“ အဓိက ကေတာ့ ဥပမာ သူနာျပဳေတြဆိုရင္ အမ်ိဳးသမီးေတြ မ်ားပါတယ္။ အရင္တုန္းကဆိုရင္ က်မ ထင္တာက ဒီလိုမ်ိဳးျဖစ္လာရင္ သူတို႔ေတြ ေၾကာက္ၾကမလားေပါ့ေနာ္။ ဒါေပမဲ့ သူနာျပဳေတြက အဓိကပါပဲ။ သူတို႔က လူနာေတြ ရွိလို႔ရွိရင္၊ လူနာေတြ positive ျပလို႔ရွိရင္ သူတို႔က အဓိက ၀င္ရတယ္။ သြားရတယ္။ အနီးကပ္ ျပဳစုရတယ္။ ဒါေတြကို သူတို႔က မညည္းမညဴ ေသခ်ာ လုပ္ေပးၾကတယ္။ အဲ့ဒါကိုေတာ့ ေတာ္ေတာ္ေလးကို respect ေလးစားမိပါတယ္။ အခုေနာက္ပိုင္းလည္း က်န္းမာေရး ေဆး၀န္ထမ္းေတြ ၾကားမွာ COVID-19 ကူးတာေတြက မ်ားတယ္။ အဲ့ထဲမွာမွ အထူးသျဖင့္ အမ်ိဳးသမီး က်န္းမာေရး၀န္ထမ္းေတြက ပိုမ်ားတဲ့အတြက္ကို ဒီေရာဂါ ခံစားရတာလည္း အမ်ိဳးသမီးေတြက ပိုမ်ားတယ္ေပါ့ေနာ္။ ဒါေပမဲ့ ဒါေတြကို လစ္လ်ဴ႐ႈျပီးေတာ့ တကယ့္ကို COVID-19 လူနာေတြ အတြက္ volunteer ေစတနာ့၀န္ထမ္း လုပ္ေနၾကတဲ့ အမ်ိဳးသမီးေတြလည္း အမ်ားၾကီး ရွိပါတယ္။ ”

ခုလို ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါေဘး ၾကံဳရခ်ိန္မွာ အမ်ိဳးသမီး က်န္းမာေရး၀န္းထမ္းေတြဟာ အမ်ိဳးသားေတြနဲ႔ တန္းတူ ေရွ႕တန္းကေန ပါ၀င္ေနတယ္ဆိုတာကေတာ့ ျငင္းႏုိင္မယ္မထင္ပါဘူး။ လူနာေတြအေပၚထားတဲ့ သူတို႔ရဲ႕ စိတ္ေစတနာနဲ႔ တာ၀န္ယူမႈ တာ၀န္သိမႈေတြက ေလးစားအသိအမွတ္ ျပဳစရာပါ။ ျမန္မာႏိုင္ငံက COVID-19 ေရာဂါ ကာကြယ္တားဆီးေရးနဲ႔ တိုက္ဖ်က္ေရးလုပ္ငန္းမွာလည္း အမ်ိဳးသမီး က်န္းမာေရး၀န္ထမ္းေတြ အမ်ားအျပား ပါ၀င္ေနၾကပါတယ္။ ဒီလို ျမန္မာအမ်ိဳးသမီး က်န္းမာေရး၀န္ထမ္းေတြရဲ႕ အေတြ႔အၾကံဳေတြကိုေတာ့ ေနာက္သီတင္းပတ္ အမ်ိဳးသမီးက႑မွာ စုစည္း တင္ျပေပးပါမယ္။ ေသာတရွင္ေတြ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါေဘးဆိုးၾကီးကေန ကင္းလြတ္ႏုိင္ၾကပါ ေစလို႔ ဆုေတာင္းရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါ။

တိုက္႐ိုက္ လင့္ခ္


==========================

[Unicode Version]

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၃ သန်းကျော် ရှိလာနေတာမှာ ဒီအထဲက ၁၀ % လောက်ဟာ ဒီရောဂါတိုက်ဖျက်ရေးနဲ့ ကာကွယ်ကုသရေး လုပ်ငန်းတွေမှာ ရှေ့တန်းကနေပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပြီး၊ ဒီအထဲမှာ အမျိုးသမီးတွေ အများအပြား ပါပါတယ်။ ကာကွယ်ဆေးရော ကုထုံးပါမရှိသေးတဲ့ ဒီရောဂါဆိုးကြီး ကိုယ့်ဆီအချိန်မရွေး ကူးစက်လာနိုင်တဲ့ အန္တရာယ်ကြားကပဲ လူနာတွေနဲ့ နေ့စဉ်ထိတွေ့ပြီး လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေ ရှေ့တန်းနေရာကနေ ပါဝင်တာဝန်ထမ်းနေကြတာပါ။ ဒီလို ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတွေ ပြောပြတဲ့ သူတို့ရဲ့ အတွေ့အကြုံတေ၊ အခက်အခဲတွေ၊ ဘယ်လိုခံယူချက်တွေနဲ့ ဒီရောဂါဆိုးကြီးကို ကာကွယ် တိုက်ဖျက်ဖို့ ကြိုးစားနေကြသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။


ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ၇၀ % လောက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ၂၀၁၉ ခုနှစ် ကျန်းမာရေး လုပ်ငန်းခွင်ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာဆိုရင်တော့ ကျန်းမာရေးဝန်းထမ်းတွရဲ့ ၉ ၀ % က အမျိုးသမီးတွေဖြစ်ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် လက်ရှိ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ COVID-19 ရောဂါဆိုးကြီးကို တိုက်ဖျက်ရာမှာ အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေ အများအပြား ရှေ့တန်းကနေ ပါဝင်နေတယ်ဆိုတာ ထင်ရှားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာတွေကို စောင့်ရှောက် ကုသ ပေးရတာဟာ တခြား ရောဂါဝေဒနာသည်တွေကို ကုသပေးရတာနဲ့ မတူပါဘူး။ ကူးစက်ဖို့ လွယ်ကူလွန်းတာမို့ လူနာတွေထံကနေ အချိန်မရွေး ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိသလို၊ ကိုယ်ကနေတဆင့် မိသားစုတွေကိုလည်း ရောဂါပိုးပြန့်သွားနိုင်တာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ခုလိုအချိန်မှာ စိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရသလို၊ မိသားစုတွေနဲ့ သီးခြား ခွဲနေ နေကြရတဲ့ ဆေးဝန်ထမ်းတွေလည်း ရှိပါတယ်။ ဒီအထဲမှာ မေရီလန်းပြည်နယ် Frederick Memorial ဆေးရုံမှာ လူနာတွေကို ကုသပေးနေတဲ့ Infectious Disease Care Center က ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ခိုင်ဇင်ဆန်းလည်း ပါ ပါတယ်။

'' ဘယ်လူနာက positive ဖြစ်မယ်။ ဘယ်လူနာက negative ဖြစ်မယ် မသိနိုင်တဲ့အခါကျတော့ အဓိက ကတော့ ကိုယ်က လူနာတွေကို ဂရုစိုက်ရတာက ဒါ လုပ်နေကျအလုပ်မိုလို့၊ ကိုယ်က လုပ်ချင်ပေမဲ့လည်း ကိုယ်ကနေတဆင့် အိမ်ကိုပြန်သယ်ပြီးတော့ ကိုယ့်ရဲ့မိသားစုကို ကူးသွားမှာကို စစချင်းမှာတော့ စိတ်အရမ်းပူခဲ့ရပါတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါမှာ အိမ်မှာပဲ ဆက်နေမလား။ အိမ်မှာကျတော့လည်း အဖေ အမေ လည်း ရှိတယ်။ အဖေကလည်း အဆုတ်မကောင်းဘူးပေါ့နော်။ ကလေးတွေကလည်း ငယ်သေးတယ်။ အငယ်လေးဆိုရင် ၁ နှစ်ပေါ့။ အကြီးလေးဆိုရင် ၂ နှစ်ခွဲပဲ ရှိသေးတယ်။ ဆိုတော့ အဘက်ဘက်က စဉ်းစားပြီးတော့ ဒီအချိန်မှာတော့ နည်းနည်း ခနခွဲနေလိုက်ရင် ကောင်းမယ်လို့ ဆုံးဖြတ်လိုက်တာပေါ့နော်။ ''


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာအများအပြားကို ကုသမှုပေးနေတဲ့ ဗြိတိန်နိုင်ငံတောင်ပိုင်း Bournemouth မြို့ ၊ Royal Bournemouth ဆေးရုံက သူနာပြုဝန်ထမ်း Ami Curtis ဆိုရင်လည်း ကိုယ်တိုင်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရှိတဲ့သူပါ။ ဒါပေမဲ့လည်း ခုလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပြီး လူနာတွေအတွက် အကောင်းဆုံး တာဝန်ကျေချင်တယ်လို့ သူက ပြောပါတယ်။


"ကျမမှာ ပန်းနာရင်ကျပ် ရောဂါ ရှိတော့ ဒီအချိန်မှာ ကြောက်ရပါတယ်။ ဒါပေမဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက်လည်း ဂရုစိုက်ရင်း လူနာတွေကို ပြုစု စောင့်ရှောက်နိုင်အောင် လုပ်ရပါတယ်။ ခုချိန်မှာ မကြောက်ပါဘူးလို့တော့ ကျမ လိမ်ညာ ပြောပါဘူး။ ကျမ ကြောက်ပါတယ်။''

Ami Curtis လိုပဲ လူနာတွေရဲ့ ကျန်းမာရေးကို အဓိကဦးစားပေး တာဝန်ထမ်းနေကြတဲ့ အမျိုးသမီးဆေးဝန်ထမ်းတွေ အများအပြား ရှိပါတယ်။ ကျန်းမာရေး ဆေးဝန်ထမ်းတွေ အနေနဲ့ကတော့ ခုလိုအချိန်မျိုးမှာ ကိုယ့်ကိုကူးစက်နိုင်တဲ့အန္တရာယ်ကို သိပေမဲ့လို့ လူနာတွေ သက်သာပျောက်ကင်းရေးကိုသာ အဓိက အာရုံထား လုပ်ကြသူတွေဖြစ်တယ်လို့ မေရီလန်းပြည်နယ် Montgomery Hospice ပြုစုစောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်နေတဲ့ အကြီးတန်း သူနာပြု မဝါဝါမော်က ပြောပါတယ်။

“ သူနာပြုဆိုတဲ့အခါကျတော့ နာကျင်နေတဲ့လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ ဆိုတဲ့ ခံယူချက်ကို အဓိက ထားလိုက်တဲ့အခါကျတော့ - ကိုယ့်ကို ကူးနိုင်မှာလည်း သိတယ်။ ကိုယ့်ကို အချိန်မရွေး ဖြစ်လာနိုင်တယ်။ ဒီရောဂါ ပိုးတွေက လေထဲမှာ ရှိနေတယ်။ ကူးစက်နိုင်တယ် ဆိုတဲ့ဟာတွေကို အဓိက မထားတော့ဘဲနဲ့ နာကျင်နေတဲ့လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ ဆိုတဲ့ဟာကိုသာလျင် အဓိက ထားပြီးတော့ လုပ်ဖြစ်တာပေါ့နော်။ ”

ကူးစက်သူ လူနာတွေများလွန်းလှတဲ့ အခုချိန်မှာ ဆေးဝန်ထမ်းတွေအတွက် ကုသရာမှာသုံးတဲ့ ဆေးဝါးထောက်ကူပစ္စည်း ကိရိယာတွေ အလုံအလောက် မရှိတာ၊ လူနာတွေ များလွန်းလာတဲ့အခါ ဝန်ထမ်းအင်နား မနိုင်မနင်းဖြစ်လာရတာတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါကူးစက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ PPE ဝတ်စုံ မလုံလောက်မှုတွေ ကြားမှာ ကျန်းမာရေးဝန်ထမ်းတွေ ပင်ပင်ပန်းပန်း တာဝန်ထမ်းနေကြတာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေဟာ ဒီရောဂါကူးစက်ခံရဖို့ အလွယ်ကူဆုံးလူတွေ ဖြစ်တယ် ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Hans Kluge က မကြာခင်က WHO ရဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့ပါတယ်။


''လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ယောက်မှာ ၁ ယောက်က ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်တယ်ဆိုတာ အစီရင်ခံစာတွေကနေ ကျနော်တို့ သိရပါတယ်။ ခုချိန်မှာ သီးခြားခွဲပြီး ရောဂါအခြေအနေ စောင့်ကြည့်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း အတော်များများ ရှိနေတာကြောင့် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ဝန်ထမ်းအင်အား ထိခိုက်မှုတွေ ဖြစ်လာရပါတယ်။ ဒီအခြေအနေက ကျေနော်တို့ အားလုံးအတွက် စိုးရိမ်စရာပါ။''

ဒါကြောင့် ခုလိုအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ အရေးကြီးတယ် ဆိုတာကိုလည်း ဒေါက်တာ Hans Kluge က အလေးအနက်ထား ပြောခဲ့ပါတယ်။ ေ သမိန့်ကျထားပြီးသား လူတွေလိုဖြစ်နေတဲ့ နောက်ဆုံးအဆင့် သက်ကြီးလူနာတွေကို ပြုစုစောင့်ရှောက်ပေး နေတဲ့ မဝါဝါမော်ကတော့ တကယ်လို့ အလုပ် လုပ်ရင်း သူ့ကို ဒီရောဂါကူးစက်လာခဲ့ရင်တောင် ဒီရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ ပြင်ဆင်ထားသလို၊ ရောဂါ ကူးစက်ပြီး ပျောက်ကင်းသွားသူ တယောက်ရဲ့ သွေးရည်ကြည်နဲ့ တခြားလူနာတွေကို ကုသပေးနေတဲ့ အခုနောက်ဆုံးကုထုံးနဲ့ ကုသမှုမှာ သူလည်း ပါဝင် ကူညီနိုင်တဲ့သူ ဖြစ်ချင်ပါတယ်လို့ ပြောပါတယ်။

“ အကယ်၍ ကိုယ်က ဖြစ်မယ်ဆိုရင်တောင်မှ ဖြစ်လိုက်မယ်။ ဒါပေမဲ့ ပြန်ကောင်းဖို့ ဆုတောင်းတာပေါ့နော်။ ဖြစ်မယ်ဆိုရင်တောင်ဖြစ်။ ဒါပေမဲ့ အဲ့ဒီဖြစ်တာကို ပြန်ပြီးတော့ ကောင်းလာချင်တယ်။ ပြန်ကောင်းလာပြီ ဆိုလို့ရှိရင် အခုနောက်ပိုင်းမှာ Treatment တခု (ကုသနည်းတခု) ရှိတာက Antibody ပေါ့နော်။ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲရောက်တယ်ဆိုလို့ရှိရင် သူက Foreign Object အနေနဲ့၊ Antigens အနေနဲ့ ရှိတယ် ဆိုလို့ရှိရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစစ်သားတွေ Antibody တွေက ထွက်လာပြီးတော့ သူတို့ကို တိုက်ပေးတယ်။ အဲ့ဒီလိုတိုက်ပေးတဲ့အခါကျတော့ ဒီရောဂါဖြစ်ထား ပြီးပြီဆိုလို့ရှိရင် ဒီရောဂါဖြစ်ပြီးတဲ့သူတွေမှာ ဒီ Antibody ဆိုတဲ့ဟာ ရှိထားပြီးပြီ။ အဲ့ဒါရှိထားပြီးပြီ ဆိုရင် သွေးထဲမှာ အဲ့ဒီ Antibody တွေ ရှိတဲ့အတွက် အခုနောက်ပိုင်းမှာ Convalescent Plasma ဆိုတာက နာလန်ထတွေရဲ့ သွေးရည်ကြည်နဲ့ ကုတာပေါ့နော်။ အဲ့ဒါကို ကိုယ်က ပြန်ပြီးတော့ လှူဒါန်းလို့ ရတယ်။ အဲ့ဒီလိုလှူဒါန်းပြီးတော့ အခု ရောဂါဖြစ်နေတဲ့လူတွေကို ကုသမှုအပိုင်းမှာ လုပ်ပေးရင်းနဲ့ ကိုယ်ကနေပြီးတော့တဆင့် ပြန်ပြီးတော့ ကူညီနိုင်မှာဖြစ်ပါတယ်။ ”

ဒီလို ခံယူချက်တွေနဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ဆေးဝန်ထမ်းတွေကြောင့်ပဲ ရောဂါကူးစက်ခံရပြီး ပြန်လည် ကောင်းမွန်လာသူတွေ အများအပြား ရှိပါတယ်။ ဒီ ရောဂါ ကူးစက်ခံရသူ အတော်များများဟာ ဆိုးရွားတဲ့ ရောဂါလက္ခဏာဆိုးတွေကို ခံစားရတဲ့တပြိုင်တည်းမှာ မိသားစု ဆွေမျိုး မိတ်ဆွေေတွေလည်း အနားမှာရှိခွင့် မရကြပါဘူး။ ဒီလိုအချိန်မှာ သူနာပြု၊ ဆရာဝန် ဆေးဝန်ထမ်းတွေအားလုံးရဲ့ အားပေးကူညီမှုတွေက လူနာတွေအတွက် စိတ်ရောကိုယ်ပါ သက်သာရ ရစေဖို့ အဓိက ကျလှပါတယ်။ ခုလိုအချိန်မျိုးမှာ အမျိုးသမီးတွေ အများစုပါဝင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါလှတယ်လို့ မဝါဝါမော်က ပြောပါတယ်။

“ တကမ္ဘာလုံးက လူသားအားလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အမျိုးသမီးတွေကလည်း နောက်တန်းကနေ မရှိပါဘူး။ အမျိုးသမီးတွေဟာ ရှေ့တန်းကနေပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ ကိုယ်တွေကိုပင် ဖြစ်လင့်ကစား၊ ဖြစ်ရင်လည်း ဖြစ်ပါစေ ဆိုတဲ့ ခံယူချက်တွေနဲ့ ထားပြီးတော့ ရှေ့တန်းကနေ တိုက်နေပါတယ်။ ”

ကမ္ဘာ့ကျန်းမာရေး ဝန်ထမ်းဦးရေရဲ့ အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်ဆိုပေမဲ့လို့၊ ဒီအမျိုးသမီး အများစုဟာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဦးဆောင်မှုကဏ္ဍမှာ ပါဝင်မှုနည်းနေဆဲဖြစ်ပြီး အများစုက ဝင်ငွေရရှိမှု နည်းတဲ့ လုပ်ငန်းနေရာတွေမှာ လုပ်ကိုင်ကြရတာ များပါတယ်။ ကျန်းမာရေးဆိုင်ရာ အရေးပေါ် ကိုင်တွယ်ဆောင်ရွက်မှုတွေ၊ ဦးဆောင် မူဝါဒချမှတ်တဲ့နေရာတွေမှာ အမျိုးသားတွေသာ အဓိက နေရာ ရကြပြီး ကျား-မ ကွဲပြားမှုကြောင့် လုပ်ငန်းရာထူးနဲ့ လုပ်အားခလစာ ကွာခြားတာတွေကို ကြုံနေရဆဲပဲလို့ နိုင်ငံပေါင်း ၁၀၄ နိုင်ငံက ကျန်းမာရေးုလုပ်ငန်းခွင်ဆိုင်ရာ အခြေအနေေတွေကို လေ့လာသုံးသပ်ထားတဲ့ WHO ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

တကယ်တော့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မှုတွေ အပါအဝင် ကမ္ဘာတဝှမ်းက ကျန်းမာရေးလုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်အားက သိပ်ကို အရေးပါပြီး လေးစားဂုဏ်စရာ ကောင်းပါတယ်လို့ ဒေါက်တာခိုင်ဇင်ဆန်းကလည်း ပြောပါတယ်။

“ အဓိက ကတော့ ဥပမာ သူနာပြုတွေဆိုရင် အမျိုးသမီးတွေ များပါတယ်။ အရင်တုန်းကဆိုရင် ကျမ ထင်တာက ဒီလိုမျိုးဖြစ်လာရင် သူတို့တွေ ကြောက်ကြမလားပေါ့နော်။ ဒါပေမဲ့ သူနာပြုတွေက အဓိကပါပဲ။ သူတို့က လူနာတွေ ရှိလို့ရှိရင်၊ လူနာတွေ positive ပြလို့ရှိရင် သူတို့က အဓိက ဝင်ရတယ်။ သွားရတယ်။ အနီးကပ် ပြုစုရတယ်။ ဒါတွေကို သူတို့က မညည်းမညူ သေချာ လုပ်ပေးကြတယ်။ အဲ့ဒါကိုတော့ တော်တော်လေးကို respect လေးစားမိပါတယ်။ အခုနောက်ပိုင်းလည်း ကျန်းမာရေး ဆေးဝန်ထမ်းတွေ ကြားမှာ COVID-19 ကူးတာတွေက များတယ်။ အဲ့ထဲမှာမှ အထူးသဖြင့် အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေက ပိုများတဲ့အတွက်ကို ဒီရောဂါ ခံစားရတာလည်း အမျိုးသမီးတွေက ပိုများတယ်ပေါ့နော်။ ဒါပေမဲ့ ဒါတွေကို လစ်လျူရှုပြီးတော့ တကယ့်ကို COVID-19 လူနာတွေ အတွက် volunteer စေတနာ့ဝန်ထမ်း လုပ်နေကြတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိပါတယ်။ ”

ခုလို ကိုရိုနာဗိုင်းရပ်စ် ရောဂါဘေး ကြုံရချိန်မှာ အမျိုးသမီး ကျန်းမာရေးဝန်းထမ်းတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ရှေ့တန်းကနေ ပါဝင်နေတယ်ဆိုတာကတော့ ငြင်းနိုင်မယ်မထင်ပါဘူး။ လူနာတွေအပေါ်ထားတဲ့ သူတို့ရဲ့ စိတ်စေတနာနဲ့ တာဝန်ယူမှု တာဝန်သိမှုတွေက လေးစားအသိအမှတ် ပြုစရာပါ။ မြန်မာနိုင်ငံက COVID-19 ရောဂါ ကာကွယ်တားဆီးရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းမှာလည်း အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေ အများအပြား ပါဝင်နေကြပါတယ်။ ဒီလို မြန်မာအမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေကိုတော့ နောက်သီတင်းပတ် အမျိုးသမီးကဏ္ဍမှာ စုစည်း တင်ပြပေးပါမယ်။ သောတရှင်တွေ ကိုရိုနာဗိုင်းရပ်စ် ရောဂါဘေးဆိုးကြီးကနေ ကင်းလွတ်နိုင်ကြပါ စေလို့ ဆုတောင်းရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါ။

XS
SM
MD
LG