သုံးရလွယ်ကူစေသည့် Link များ

မြန်မာအပါအဝင် အာရှ-ပစိဖိတ်ဒေသစီးပွားရေး မှန်းတာထက် လျော့မယ့်ပုံ ရှိ


ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်မှာ အောက်စီဂျင် ဖြည့်ဖို့ တန်းစီစောင့်နေကြသူများ။ (ဇူလိုင် ၁၁၊ ၂၀၂၁)
ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်မှာ အောက်စီဂျင် ဖြည့်ဖို့ တန်းစီစောင့်နေကြသူများ။ (ဇူလိုင် ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရဲ့ ဒီနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ အရင်ကမှန်းဆခဲ့တဲ့နှုန်းအောက် လျော့ကျမယ့်ပုံ ရှိနေတယ်လို့ ကမ္ဘ္ဘာ့ဘဏ်က ပြောဆိုလိုက်ပါတယ်။ မြန်မာအပါအဝင် ဒီဒေသတွင်းက နိုင်ငံအများအပြားမှာ COVID-19 ကူးစက်မှုတွေ ပြန်တိုးလာနေတာနဲ့ ကာကွယ်ဆေး အလုံအလောက် မရတာတွေက စီးပွားရေးဖွံ့ဖြိုးမှုကို သိသိသာသာ ထိခိုက်လာနိုင်တာကြောင့် အရင်မှန်းဆသလောက် မဖြစ်နိုင်တော့ဘူးလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်တာပါ။

တရုတ်နိုင်ငံအပါအဝင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ဒီနှစ်ထဲ စီးပွားရေးဖွံ့ဖြိုးမှု ၄.၄% ရှိနိုင်တယ်လို့ ပြီးခဲ့တဲ့ မတ်လက ခန့်မှန်းခဲ့ပေမဲ့လည်း အခုအခါမှာတော့ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာလို နိုင်ငံတွေမှာ အကျပ်အတည်းတွေ ပိုပြီး ကြုံနေရတာ ရှိသလို ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၄% လောက်ပဲ ရှိနိုင်တော့လိမ့်မယ်လို့ ခန့်မှန်းရတဲ့အကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass က ဒီနေ့ အွန်လိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ကာကွယ်ဆေးရရှိမှု နှောင့်နှေးတဲ့နိုင်ငံတွေမှာ စီးပွားရေးပြန်နာလန်ထူဖို့ ပိုခက်ခဲသလို ဒီဒေသတွင်းက နိုင်ငံ အများအပြားမှာ လာမယ့် ၂၀၂၄ ခုနှစ်အထိ ကာကွယ်ဆေး အပြည့်အ၀ ထိုးနိုင်မယ့်အခြေအနေလည်း မရှိသေးဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတွင်း အကျပ်အတည်းတွေနဲ့ မတည်ငြိမ်မှုတွေ ရှိနေတဲ့တချိန်တည်းမှာ ကိုဗစ်ကပ်ဘေးအခြေအနေ ပိုပြီး ဆိုးလာနေတာကြာင့်လည်း မြန်မာ့စီးပွားရေးဟာ ဒီနှစ်ထဲ ဆုတ်ယုတ်မှု အကြီးအကျယ် ကြုံရနိုင်တယ်လို့ Malpass က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မတ်လထဲမှာ ၁၀% အထိ ကျဆင်းခဲ့တယ်လို့လည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass က ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး နိုင်ငံကြီးတွေအနေနဲ့ အခုလိုအချိန်မှာ ဖွံ့ဖြိုးစနိုင်ငံတွေအတွက် ကာကွယ်ဆေး အမြန်ဆုံးရရှိအောင် ကူညီပံ့ပိုးကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG