သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်မ္းသာသူေတြနဲ႔ ဆင္းရဲခ်ိဳ႕တဲ့သူေတြၾကား COVID စမ္းသပ္ကုသမႈခြင့္ မညီမွ်


Johannesburg ၿမိဳ႕မွာ ေဒသခံတဦးကို ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ စစ္ေဆးဖို႔ လုပ္ေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ေမ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္အာဖရိကႏုိင္ငံမွာ သီတင္းႏွစ္ပတ္အတြင္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂ ဆ ျဖစ္သြားၿပီး အခုဆို ၂ သိန္းခြဲေက်ာ္ေနၿပီ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာလည္း ေန႔စဥ္ကူးစက္မႈ သိပ္မ်ားေနၿပီး စေနေန႔မွာ စံခ်ိန္တင္သြားသလို အခု ကူးစက္ခံရသူ စုစုေပါင္း ၈ သိန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

အခုလို ကူးစက္မႈ တိုးလာေနတာေၾကာင့္ ဒီေရာဂါ ကာကြယ္ကုသေရးအပိုင္းမွာ မညီမွ်မႈေတြ ျဖစ္လာမွာ စိုးရိမ္ေနၾကပါတယ္။

ခ်မ္းသာႂကြယ္ဝသူေတြက ေဆးပစၥည္းကိရိယာေတြကို သိမ္းလာၾကသလို သီးသန္႔ေဆး႐ုံေတြမွာ ကုသမႈေတြ လုပ္လာေနခ်ိန္မွာပဲ ဆင္းရဲသူေတြကေတာ့ လူေတြနဲ႔ ျပည့္သိပ္ေနတဲ့ ေဆး႐ုံေဆးခန္းေတြမွာ တိုးေနၾကရတာပါ။

ကမာၻတဝန္း လူေပါင္း ၁၂ သန္းခြဲေက်ာ္ ကူးစက္ခံရၿပီး ေသဆံုးသူက သန္းတဝက္ ေက်ာ္ ရွိေနတယ္လို႔ Johns Hopkins တကၠသိုလ္ စစ္တမ္းေတြမွာ ေဖာ္ျပေနေပမယ့္ ဒီေရာဂါရွိမရွိ စမ္းသပ္စစ္ေဆးမႈ မလုပ္ႏုိင္တဲ့ အခက္အခဲေတြ ရွိေနသလို တခ်ိဳ႕ႏိုင္ငံေတြမွာ အခ်က္အလက္ေကာက္ယူမႈ မျပည့္စံုတာလို ျပႆနာေတြေၾကာင့္ အခုထုတ္ျပန္တဲ့ အေရအတြက္ထက္ ပိုမ်ားႏုိင္တယ္လုိ႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းၾကပါတယ္။

ေရာဂါဒဏ္ကို အဆိုးဝါးဆံုး ခံၾကရတဲ့ ႏုိင္ငံတခ်ိဳ႕ဟာ မညီမွ်မႈေတြ အမ်ားဆံုးေတြ႔ရတဲ့ႏိုင္ငံ ျဖစ္ေနၿပီး ဒီအထဲမွာ ေတာင္အာဖရိကႏိုင္ငံက အဆိုးဆံုး ျဖစ္ေနတာပါ။

ေတာင္အာဖရိကႏိုင္ငံမွာ ဒီေရာဂါကူးစက္မႈ အမ်ားဆံုးက Johannesburg ၿမိဳ႕မွာ ျဖစ္ပါတယ္။ အဲဒီက ေဆး႐ုံေတြမွာ COVID-19 လူနာေတြ အသက္႐ွဴစက္ရဖို႔ မလြယ္ဘဲျဖစ္ေနၿပီး ဒါဟာ ခ်မ္းသာႂကြယ္ဝသူေတြက ဒီစက္ေတြကို ဝယ္ယူစုေဆာင္းေနၾကတာေၾကာင့္ ျဖစ္ေၾကာင္း လူထုက်န္းမာေရးဆုိင္ရာ ကၽြမ္းက်င္သူက AP သတင္းဌာနကို ေျပာပါတယ္။

ေတာင္အာဖရိက ေဆး႐ုံႀကီးေတြမွာ လူနာေတြအတြက္ ေပးရမယ့္ ေအာက္ဆီဂ်င္ လံုလံုေလာက္ေလာက္မရွိဘဲ ဒီေဆး႐ုံႀကီးေတြမွာ ပုဂၢလိကေဆး႐ုံေတြထက္ လူနာေသဆံုးမႈ မ်ားေနတာလည္း ေတြ႔ရပါတယ္။

အလားတူအျဖစ္မ်ိဳးကို အိႏၵိယႏုိင္ငံမွာလည္း ေတြ႔ေနရတာပါ။ ေငြေၾကးတတ္ႏုိင္သူေတြ ပုဂၢလိကေဆး႐ုံမွာ တက္ႏုိင္ၾကေပမယ့္ ဆင္းရဲသူေတြကေတာ့ ကုသမႈ အျပည့္အဝ မေပးႏုိင္တဲ့ လူေတြျပည့္ၾကပ္ေနတဲ့ ေဆး႐ုံေတြမွာပဲ ကုသေနၾကရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ချမ်းသာသူတွေနဲ့ ဆင်းရဲချို့တဲ့သူတွေကြား COVID စမ်းသပ်ကုသမှုခွင့် မညီမျှ

တောင်အာဖရိကနိုင်ငံမှာ သီတင်းနှစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဆ ဖြစ်သွားပြီး အခုဆို ၂ သိန်းခွဲကျော်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှု သိပ်များနေပြီး စနေနေ့မှာ စံချိန်တင်သွားသလို အခု ကူးစက်ခံရသူ စုစုပေါင်း ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

အခုလို ကူးစက်မှု တိုးလာနေတာကြောင့် ဒီရောဂါ ကာကွယ်ကုသရေးအပိုင်းမှာ မညီမျှမှုတွေ ဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။

ချမ်းသာကြွယ်ဝသူတွေက ဆေးပစ္စည်းကိရိယာတွေကို သိမ်းလာကြသလို သီးသန့်ဆေးရုံတွေမှာ ကုသမှုတွေ လုပ်လာနေချိန်မှာပဲ ဆင်းရဲသူတွေကတော့ လူတွေနဲ့ ပြည့်သိပ်နေတဲ့ ဆေးရုံဆေးခန်းတွေမှာ တိုးနေကြရတာပါ။

ကမ္ဘာတဝန်း လူပေါင်း ၁၂ သန်းခွဲကျော် ကူးစက်ခံရပြီး သေဆုံးသူက သန်းတဝက် ကျော် ရှိနေတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းတွေမှာ ဖော်ပြနေပေမယ့် ဒီရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှု မလုပ်နိုင်တဲ့ အခက်အခဲတွေ ရှိနေသလို တချို့နိုင်ငံတွေမှာ အချက်အလက်ကောက်ယူမှု မပြည့်စုံတာလို ပြဿနာတွေကြောင့် အခုထုတ်ပြန်တဲ့ အရေအတွက်ထက် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ရောဂါဒဏ်ကို အဆိုးဝါးဆုံး ခံကြရတဲ့ နိုင်ငံတချို့ဟာ မညီမျှမှုတွေ အများဆုံးတွေ့ရတဲ့နိုင်ငံ ဖြစ်နေပြီး ဒီအထဲမှာ တောင်အာဖရိကနိုင်ငံက အဆိုးဆုံး ဖြစ်နေတာပါ။

တောင်အာဖရိကနိုင်ငံမှာ ဒီရောဂါကူးစက်မှု အများဆုံးက Johannesburg မြို့မှာ ဖြစ်ပါတယ်။ အဲဒီက ဆေးရုံတွေမှာ COVID-19 လူနာတွေ အသက်ရှူစက်ရဖို့ မလွယ်ဘဲဖြစ်နေပြီး ဒါဟာ ချမ်းသာကြွယ်ဝသူတွေက ဒီစက်တွေကို ဝယ်ယူစုဆောင်းနေကြတာကြောင့် ဖြစ်ကြောင်း လူထုကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူက AP သတင်းဌာနကို ပြောပါတယ်။

တောင်အာဖရိက ဆေးရုံကြီးတွေမှာ လူနာတွေအတွက် ပေးရမယ့် အောက်ဆီဂျင် လုံလုံလောက်လောက်မရှိဘဲ ဒီဆေးရုံကြီးတွေမှာ ပုဂ္ဂလိကဆေးရုံတွေထက် လူနာသေဆုံးမှု များနေတာလည်း တွေ့ရပါတယ်။

အလားတူအဖြစ်မျိုးကို အိန္ဒိယနိုင်ငံမှာလည်း တွေ့နေရတာပါ။ ငွေကြေးတတ်နိုင်သူတွေ ပုဂ္ဂလိကဆေးရုံမှာ တက်နိုင်ကြပေမယ့် ဆင်းရဲသူတွေကတော့ ကုသမှု အပြည့်အဝ မပေးနိုင်တဲ့ လူတွေပြည့်ကြပ်နေတဲ့ ဆေးရုံတွေမှာပဲ ကုသနေကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG