သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် ဒုက္ခသည်များနေရပ်ပြန်ရေးအလားအလာ


ထိုင်းနယ်စပ် ဒုက္ခသည်များ
ထိုင်းနယ်စပ် ဒုက္ခသည်များ

ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့ World Refugee Day ကို ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၇ခုလုံးမှာကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိမှာတော မြန်မာနိုင်ငံကတိုင်းရင်းသားဒုက္ခသည်တွေအနေနဲ့နေရပ်ပြန်ဖို့ မလွယ်ကူသေးဘူးလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာသတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က ကရင်နဲ့ကရင်နီဒုက္ခစခန်း ၇ခုမှာခိုလှုံနေကြတဲ့ ဒုက္ခသည်တသိန်းနီးပါးဟာ နေရပ်ရင်းကိုပြန်ဖို့အတွက် အခက်အခဲတွေရှိနေတာပါ လက်ရှိမြန်မာအစိုးရဘက်ကလည်း သူတို့နေရပ်ပြန်တဲ့အခါမှာနေထိုင်ရေးနဲ့အလုပ်အကိုင်ကိစ္စတွေကို စီစဉ်ပေးနိုင်တာတွေ မရှိဘူးဆိုပြိးဒီအပတ်အတွင်းမှာလာရောက်ပြောကြားမူတွေရှိတဲ့အတွက် နေရပ်ပြန်ဖို့ ကအခက်အခဲတွေရှိနေတယ်ဆိုပြီး ကရင်ဒုက္ခသည်ကော်မတီရဲ့ဥက္ကဌ ဦးရောဘတ်ထွေးကပြောပါတယ်။

"ပြောရမယ်ဆိုရင်ကျနော်တိုကဘာမှမရှိဘူးပြန်ဖို့ဟာက အခက်အခဲရှိတယ် UNHCR ထိုင်းအစိုးရ နဲ့ မြန်မာအစိုးရ စီစဉ်တာ အဲဒါနဲ့ ဆို ကျနော်တို့လူတွေက ပြန်ဖို့ ကအတော်အခက်အခဲရှိတယ် ဒီအပတ်ထဲမှာ မြန်မာသံရုံးက အဲဒီယိုးဒယားမှာနေတဲ့ သံရုံးကနေလာကြတယ်။ စခန်းကိုဝင်ကြတော့ ပြန်မဲ့သူတွေကိုသူတို့မေးတာက ခင်ဗျားတို့ပြန်လို့ ရှိရင်အိမ်ရှိလား ၊ အလုပ်အကိုင်တွေရှိလားတဲ့ ခင်ဗျားတို့အိမ်မရှိရင်တော့ကျနော်တို့က အိမ်နဲ့ပတ်သက်ရင်လည်း ကျနော်တ မဆောက်ပေးနိုင်ဘူးတဲ့။ အလုပ်မရှိရင် တော့လည်း ပြန်ရင်တော့ အလုပ်အကိုင်ကိုလည်းကျနော်တို့ က အလုပ်အကိုင်မပေးနိုင်ဘူးတဲ့တာက သူတို့ပြော သွားလေ့လာကြည့်မယ်တဲ့ ကြားတဲ့သူတွေကတော့ဘာပြောလဲဆိုတော့ထွက်ပြေးလာတဲ့သူတွေက ပြန်လို့ရှိရင် ဘယ်အိမ်တွေဘာတွေဘယ်ရှိတော့မလဲပေါ့"

ဆယ်စုနှစ် ၃ခုလောက်နေထိုင်ခဲ့ရပြီး တတိယနိုင်ငံတွေဆီလည်း မသွားနိုင်နေရပ်ကိုလည်းပြန်ဖို့ အတွက် နေထိုင်စရာအလုပ်အကိုင်တွေမရှိရုံသာမက လုံခြုံရေးအတွက်ပါ စိုးရိမ်ရတဲ့အတွက် ဒုက္ခသည်အများစုကတော့ နေရပ်မပြန်လိုကြပါဘူး။ ဒီအတွက် လက်ရှိထိုင်းနယ်စပ်မှာပဲ သူတို့ အနေနဲ့တရားဝင် နေထိုင်ခွင့်နဲ့အလုပ်လုပ်ခွင့်တွေရမယ်ဆိုရင်တော့အဆင်ပြေနိုင်မယ်လို့ဒုက္ခသည်တဦးကလည်းပြောပြပါတယ်။

"တကယ်လို့ထိုင်းကခွင့်ပြုမယ်ဆိုရင် ထိုင်းထဲမှာ တရားဝင်စားသောက်ဖို့ လုပ်ကိုင်စားသောက်ခွင့်ပေးပြီး နေထိုင်ခွင့်ပေးရင်တော့ပို ကောင်းမယ် နိုင်ငံခြားပို့ဖို့ ကျပြန်တော့လည်း နိုင်ငံခြားမှာကလည်း သူတို့ရဲ့ဥပဒေအသစ်တွေနဲ့ အစိုးရသစ်တွေပြောင်းပြီး ဒုက္ခသည်တွေကို လျောက်ထားခွင့် သိပ်မပေးတော့ဘူးလေ။ နိုင်ငံခြားမှာ သွားနေရင်တော့လည်း အစကနေ သက်ကြီးပိုင်းဆို ပညာသင်ဖို့တွေ ဘာတွေလည်း မလုပ်ချင်တော့ဘူး။ ဒီမှာပဲနေသားကျနေပြီး ဆိုတော့ ဒီမှာပဲနေ ထိုင်ချင်တယ် ဒီမှာပဲလုပ်ကိုင်စားသောက်မယ်ပေါ့။ အဲဒီလိုလူမျိုးတွေလည်းရှိတယ် ဒီမှာပဲလက်ရှိနေရာမှာပဲ သူတို့ကို လုပ်ကိုင်ခွင့်တွေပေးပြီး ဆိုရင်တော့ပိုပြီး အဆင်ပြေတာပေါ့"

မေး ။ ။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေကကော လုံလောက်မူရှိလား

ဖြေ။ ။ မလုံလောက်ပါဘူး"

ဒုက္ခသည်စခန်းတွေကို အဓိက စားနပ်ရိက္ခာ ပံ့ပိုးပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ TBBC က ၂၀၁၉ခုနှစ်ကစပြိး ဒုက္ခသည်တွေကို ထောက်ပံ့မူတွေ ဆက်မပေးတော့ကြောင်းနဲ့ မသန်းစွမ်းသူတွေ ကိုပဲထောက်ပံ့ပေး သွားတော့မှာဖြစ်တယ်လို့အသိပေးထားကြောင်း ကရင်ဒုက္ခသည်ကော်မတီကဆိုပါတယ်။

ဇွန်လ ၂၀ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ကိုတော့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း ၇ခုလုံးမှာ အခမ်းအနားတွေကျင်းပခဲ့ကြတယ်လိုလည်း ကရင်ဒုက္ခသည်ကော်မတီက ဆိုပါတယ်။

"စခန်း ရခုမှာပွဲတွေလုပ်ကြတယ် UNHCR စခန်း တာဝန်ရှိသူတွေကော ကရင်ဒုက္ခသည်ကော်မတီကတော့စကားတွေပြောကြတယ် ပွဲတွေတော့ရှိတယ် ဘောလီဘောပွဲ၊ ဘောလုံးပွဲတွေတော့လုပ်ကြတယ်"

ကမ္ဘာတဝှမ်းမှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၁၇ ခုနှစ်အတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည် ပေါင်းက ၆၈ သန်းခွဲရှိလာတာမို့ ဒါဟာ အများဆုံး စံချိန်တင်သွားခဲ့တယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့ World Refugee Day အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်းကနေ ထွက်ခွါပြီး တခြားနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်က စုစုပေါင်း ၂၅.၄ သန်းရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံတဲ့ ရိုဟင်ဂျာဒုက္ခသည်က ၇ သိန်း လောက်ရှိနေပြီး ကချင်၊ရှမ်း၊ ကရင် ပြည်နယ်တွေထဲက ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူတွေ ကတော့ တသိန်းလောက်ရှိနေတာပါ ။

မြန်မာနိုင်ငံကနေ ထွက်ခွါလာတဲ့ ဒုက္ခသည်တွေဟာ ၂၀၁၇ နှစ် ဒုတိယနှစ် ဝက်လောက်မှာ တဟုန်တိုးများလာတာဖြစ်ပြီး ဒုက္ခသည် အုပ်စုတွေထဲမှာ စတုတ္ထမြောက် အများဆုံးအုပ်စုဖြစ်တယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒီဒုက္ခသည်တွေထဲက အများစုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာ ဒုက္ခသည် တသိန်းလောက် ရှိနေသလို မလေးရှားမှာ ၉၈၀၀၀ နဲ့ အိန္ဒိယမှာ ၁၈၁၀၀ ရှိနေတယ်လို့ လည်းရေးသားထားပါတယ်။

ကမ္ဘာတဝှမ်းလုံးက ဒုက္ခသည်တွေဟာ သူတိုရပိုင်ခွင့်နဲ့ ကာကွယ်စောင့်ရှောက်ခွင့်တွေ လက်ခံမရှိတာက တဆထက်တဆ ပိုတိုးလာနေတာကိုမြင်ရတဲ့အတွက် အလေးအနက် စိုရိမ်ပူပန်မူဖြစ်ရတယ်လို့လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ ဒုက္ခသည်နေ့သဝဏ်လွှာမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG