သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

YSEALI အစီအစဉ် ၄ နှစ်ပြည့် YOUnified လှုပ်ရှားမှု


YSEALI 4th year logo
YSEALI 4th year logo

အမေရိကန်သမ္မတဟောင်း Barack Obama စတင်ခဲ့တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစီအစဉ် ၄ နှစ်ပြည့် အခမ်းအနားကို အမေရိကန်နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပပါတယ်။ ဒီအစီအစဉ်ဟာ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ အောင်မြင်မှု ရနေတဲ့ အစီအစဉ် တခုလည်း ဖြစ်ပါတယ်။

YSEALI ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဒီအစီအစဉ်မှာပါတဲ့ မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံက မြို့နယ်၊ တနိုင်ငံလုံး အတိုင်းအတာတို့ အပြင် အာဆီယံ ဒေသတွင်း တခုလုံးမှာပါ ဒီဇင်ဘာ ၁ ရက်ကနေ ၁၀ ရက်နေ့အထိ လူထုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်သွားကြမှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

YOUnified လှုပ်ရှားမှု ဒီအစီအစဉ်အရ လူငယ်ခေါင်းဆောင်တွေအပြင် အမေရိကန် သံရုံးအသီးသီးက သံတမန်တွေဟာ ၁၀ ရက်ကြာ လူထု အခြေပြု စီမံကိန်းတွေကို အပြင်းအထန် လုပ်ဆောင်သွားကြမယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန အနေနဲ့လည်း ဒီအစီအစဉ်မှာ ပါဝင်တဲ့အနေနဲ့ ဝါရှင်တန် ဒီစီမြို့ အနီးဝန်းကျင်မှာ ဒီဇင်ဘာ ၄ ရက်ကနေ ၈ ရက်နေ့အထိ လူထု အခြေပြု လုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ YOUnified အသင်းဟာ စစ်တွေမှာရှိတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူတွေရဲ့စခန်းက ကလေးတွေနဲ့ သွားရောက် တွေ့ဆုံပြီး အားပေးကူညီတဲ့ လူမှုရေးလုပ်ငန်းတွေလုပ်နေကြပါပြီ။ စခန်းမှာရှိတဲ့ မိသားစုဝင်မျိုးစုံက ကလေးငယ် ၃၀ ကလည်း ပုံပြင် ပြောတာတွေ၊ ဂီတအကြောင်းအရာတွေ၊ ပန်းချီဆွဲတာတွေနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြမှာဖြစ်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တွေ YOUnified အသင်းက လူငယ် စေတနာ့ဝန်ထမ်းတွေကို ဦးဆောင်ပြီး စစ်တွေဆိပ်ကမ်းမှာ ကမ်းခြေ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

YSEALI အစီအစဉ် စတင်ကတည်းက မြန်မာနိုင်ငံက လူငယ်တွေဟာလည်း ခေါင်းဆောင်မှုသင်တန်းတွေမှာ ပါဝင်ခွင့်ရခဲ့တာမှာ တခြား အာဆီယံ နိုင်ငံတွေက လူငယ် ခေါင်းဆောင်တွေ နည်းတူ သမ္မတ Obama နဲ့လည်း တွေ့ဆုံခွင့် ရခဲ့ကြပါတယ်။ ဒီနှစ် ၂၀၁၇ ခုနှစ်အတွက် YSEALI အစီအစဉ်မှာတော့ မြန်မာလူငယ် ၃ ဦး ပါဝင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ အပြောင်းအလဲ ဖြစ်သွားတဲ့ အခုနှစ်မှာတော့ လူငယ် ခေါင်းဆောင်တွေနဲ့ လက်ရှိသမ္မတ Donald Trump တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG